Main menu
HOT NEWS
adv

အိန္ဒိယ အရှေ့ပိုင်းတွင် မော်ဝါဒီသူပုန်များက ချုံခိုတိုက်ခိုက်၊ ရဲ ၁ဝ ဦးကျဆုံး

နယူးဒေလီ၊ ဇူလိုင် ၁၉


အိန္ဒိယအရှေ့ပိုင်းတွင် ပြည်သူ့ စစ်ကွန်မန်ဒိုများစီးနင်းလာသော ယာဉ်တန်းအား မော်ဝါဒီသူပုန်များ ၏ချုံခိုတိုက်ခိုက်မှုကြောင့် ၁ဝ ဦး ကျဆုံးခဲ့ရသည်ဟု ရဲအဖွဲ့က ဇူလိုင် ၁၉ ရက်က ပြောဆိုလိုက်သည်။ ယင်းသည် ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအ သေအပျောက်အများဆုံးတိုက်ခိုက် မှုဖြစ်သည်။

Read more...

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ပေါ်ထွန်းရေးကို ကြိုးပမ်း အကောင်အထည် ဖော်ခြင်းဖြင့် အာဇာနည်ကြီးများ၏ ကျေးဇူးကိုဆပ်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၁၉

အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရည်မှန်းချက်ဖြစ်သည့် ညီညွတ်ငြိမ်းချမ်းသည့် ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စု နိုင်ငံတော်သစ်ပေါ်ထွန်း ရေးအတွက် အောင်မြင်စေရန် ကြိုးပမ်း အကောင် အထည်ဖော်ခြင်းဖြင့် အာဇာနည်ကြီးများ၏ကျေးဇူးကို ဆပ်ကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဇာနည်နေ့တွင် တိုက်တွန်းလိုက်သည်။

Read more...

အာဇာနည်နေ့တွင် ဥသြဆွဲရန် ညွှန်ကြားခဲ့ခြင်းမှာ အစိုးရသစ်အနေဖြင့် သမိုင်းတာဝန်ကျေပွန်သည့် ခြေလှမ်းတစ်ခုဟု NNDP ဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ ဇူလိုင် ၁၉

(၆၉)နှစ် မြောက် အာဇာနည်နေ့တွင် ဥသြဆွဲရန်ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည့် အစိုးသစ်၏ ခြေလှမ်းမှာ ကောင်းမွန်သည့် သမိုင်းတာဝန်ကျေ ပွန်သည့်ခြေလှမ်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။ သင်္ဃန်းကျွန်းမြို့နယ် အသင်းတိုက်ကားမှတ်တိုင်အနီးရှိ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးခန်း၌ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းကပြုလုပ် သည့် (၆၉)နှစ်မြောက်အာဇာနည် နေ့အခမ်းအနားတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။

Read more...

ဒီစကား ၆၈

အာဇာနည်နေ့ ကဗျာများအနက် ကျွန်မအနှစ် သက်ဆုံးကဗျာတစ်ပုဒ်ကတော့ ဆရာဇော်ဂျီ ၁၉၆၄ခုနှစ်က ရေးခဲ့တဲ့ 'ပြောလိုက်ပါဘိ၊ ဟောပါဘိ'ဖြစ်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို စပ်ထားတဲ့ကဗျာဖြစ်ပါ တယ်။ ၁၉၄၇ခုနှစ် အာဇာနည်နေ့က ကျွန်မတို့ ပြည်သူ၊ ပြည်သားများရဲ့ခံစားမှုကို စပ်ဆိုထားပုံမှာ ကဗျာဖတ်သူပါ ဝိုင်းဝန်းခံစားနိုင်လောက်အောင် ထိမိပါတယ်။

Read more...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံပွဲသည် ငြိမ်းချမ်းရေးအတွက် နောက်တစ်လှမ်း တက်ရန် လမ်းစဖြစ်ခဲ့ ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၈

ဒ်ါအောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင် ဘန်လဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့၏ ဇူလိုင် ၁၇ ရက်က တွေ့ဆုံ ခဲ့သည့် တွေ့ဆုံပွဲ သည် ငြိမ်းချမ်းရေး အတွက် နောက်တစ်လှမ်းတက်ရန် လမ်းစပွင့်သွားသည်ဟု UNFC  အ ထွေထွေအတွင်းရေးမှူး ဦးခူဦးရယ် ကပြောသည်။ ယင်းနှင့်ပတ်သက်၍ UNFC  အထွေထွေအတွင်းရေးမှူး ဦးခူဦး ရယ်က ဇူလိုင် ၁၈ ရက်တွင် ချက်ထရီ ယမ်ဟိုတယ်၌ သတင်းစာရှင်းလင်း ခဲ့ရာတွင် ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191