Main menu
HOT NEWS
adv

မလေးရှားတွင် မြန်မာသုံးဦး အသတ်ခံရမှုကြောင့် ရဲများ၏ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ မြန်မာအလုပ်သမား ၁၅ ဦးကို အမိနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်

ရန်ကုန်၊ ဇူလိုင် ၂၂

မလေးရှားတွင် မြန်မာသုံးဦးအသတ်ခံရ၍ တစ်ဦးအရေးပေါ်ဆေးကုသမှု ခံယူနေရသည့်အမှုနှင့်ပတ်သက်ပြီး မလေးရှားရဲများမှ ဖမ်းဆီးထိန်းသိမ်းထားသူ မြန်မာအလုပ်သမား ၁၅ ဦးကို အမိ နိုင်ငံသို့ ပြန် လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဇူလိုင်၂၂ ရက်ကသိရသည်။ အဆိုပါထိန်းသိမ်းခံထားရသည့် မြန်မာ ၁၅ဦးကို ဇူလိုင် ၂၁ ရက်တွင် မြန်မာသံရုံးမှတာဝန်ရှိသူများ သွားရောက်တွေ့ ဆုံခဲ့ပြီးနောက် ထိုသို့ပြန်လည်ပို့ဆောင်ရန် စီစဉ် ခြင်းဖြစ်ကြောင်း မြန်မာသံရုံးကောင် စစ်ရေးရာဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။

Read more...

ကာတာနိုင်ငံ သံအမတ်ကြီးနှင့် ဂျပန်နိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီးတို့အား ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၂၂

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် ကာတာနိုင်ငံ သံအမတ်ကြီး H.E. Mr. Hassar Bin Mohamed Rafel Al- Emadi  အား ဇူလိုင် ၂၂ ရက်နံနက် ၉ နာရီခွဲတွင် လည်းကောင်း၊ ဂျပန် နိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Mr. Ro Manabe  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နံနက် ၁ဝ နာရီခွဲတွင်လည်းကောင်း ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံးဧည့် ခန်းမ၌ သီးခြားစီတွေ့ဆုံခဲ့သည်။

Read more...

လာအိုတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ

ရန်ကုန်၊ ဇူလိုင် ၂၂

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ (၄၉) ကြိမ်မြောက်အစည်းအဝေး ( 49th ASEAN Foreign Ministers Meeting-AMM)  နှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်မြန်မာကိုယ်စားလှယ် အဖွဲ့သည် လာအိုနိုင်ငံသို့ ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ် ဆင့်ထွက် ခွာ သွားကြောင်းသိရသည်။ မြန်မာနိုင်ငံအစိုးရသစ်လက် ထက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးအကြိမ်တက်ရောက်သည့် အာဆီယံ အစည်း အဝေးဖြစ်ကြောင်းနှင့် ယခုလာအိုနိုင်ငံခရီးစဉ်သည် ဒုတိ ယအကြိမ်သွားရောက်ခဲ့သည့်ခရီး စဉ်တစ်ခုဖြစ်ကြောင်း ဆင်ဟွာသ တင်းဌာနကဖော်ပြခဲ့သည်။

Read more...

မလေးရှား ထိန်းသိမ်းရေးစခန်း ၁၁ ခုမှ မြန်မာနိုင်ငံသား ၇ဝဝ ကို စင်းလုံးငှား လေယာဉ်ငါးစင်းဖြင့် မြန်မာအစိုးရ ပြန်ခေါ်မည်

ရန်ကုန်၊ ဇူလိုင် ၂၂

မလေးရှားထိန်းသိမ်းရေးစခန်း ၁၁ ခုမှ မြန်မာနိုင်ငံသားဟုအတည်ပြုပြီး နေရပ်ပြန်ရန်အခက်အခဲဖြစ်နေသူ ၇ဝဝ ကို စင်းလုံးငှားလေယာဉ်ငါးစင်းဖြင့် မြန်မာအစိုးရက ပြန်ခေါ်ယူရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးနောက် နိုင်ငံခြားသားများ ထိန်းသိမ်းရာ Pekan Nenas, Bukit Jalil, Melaka  နှင့် Belantik အမည်ရှိ စခန်းများအပါအဝင် ထိန်းသိမ်းရေးစခန်း ၁၁ခုတွင် ထိန်းသိမ်းခံ ထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၇ဝဝ ကို စင်းလုံးငှားလေယာဉ်ငါးစင်းဖြင့် ယင်းကဲ့သို့ခေါ်ဆောင်ရန်စီစဉ် လျက်ရှိကြောင်းသိရသည်။

Read more...

ဘီဘီစီ သတင်းထောက် အယူခံဝင်မှုအောင်မြင်၊ လျှော့ပေါ့ပြစ်ဒဏ်ဖြင့် လွတ်မြောက်

မန္တလေး၊ ဇူလိုင် ၂၁

-ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၃၂ ဖြင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ဘီဘီစီသတင်း ထောက် ကိုနေလင်းအား ဇွန် ၆ ရက်က အလုပ်နှင့်ထောင်ဒဏ်သုံးလ အမိန့်ချမှတ်ခဲ့မှုအပေါ် အယူခံဝင်ခဲ့ရာ မန္တလေးခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးဖြိုးဖြိုးက ဇူလိုင် ၂၁ ရက်တွင် ကိုနေလင်း၏ ထောင် ဒဏ် သုံးလအစား တစ်လခွဲသို့ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သောကြောင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191