HOT NEWS
Main menu

နိုင်ငံရေး ဆွေးနွေးပွဲ(ကရင်) ဒုတိယနေ့တွင် ကဏ္ဍကြီးလေးခုကို အုပ်စုဖွဲ့ ဆွေးနွေး အဆိုပြု

ရန်ကုန်၊ ဇန်နဝါရီ ၂၀

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်) ဒုတိယနေ့တွင် ကဏ္ဍကြီးလေးခုကို အုပ်စုဖွဲ့ဆွေးနွေးအဆို ပြုခြင်းဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် အဆိုပြုချက်များကို စုစည်းအတည်ပြုမည်ဖြစ်ကြောင်း သိရသည်။ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်) ဒုတိယနေ့ကို ဇန်နဝါရီ ၁၉ ရက်တွင်ကျင်းပခဲ့ရာ တက်ရောက်လာသည့် ကိုယ်စားလှယ်များက နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတကဏ္ဍများစသည့် ကဏ္ဍလေးခုကို အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြကြောင်း ကရင်ပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင် ဘားအံမဲဆန္ဒနယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်က ပြောသည်။

Read more...

မြန်မာ့အရေးကို OIC ၅၇ နိုင်ငံ ပူးပေါင်းပြီး မလေးရှားတွင် အစည်းအဝေး ပြုလုပ်ခြင်းကို တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံအရေးကို OIC ၅၇ နိုင်ငံပူးပေါင်းပြီး မလေးရှားနိုင်ငံတွင် အစည်းအဝေးပြုလုပ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တက္ကသိုလ်ရှေ့မှ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးအထိ မမြတ်ဆုမွန်က တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်ရခြင်းနှင့်ပတ်သက်ပြီး မမြတ်ဆုမွန်က ''ဒီနေ့ဆန္ဒပြရတဲ့ရည်ရွယ်ချက်က ကျွန်မတို့နိုင်ငံရဲ့အရေးကို OIC ၅၇ နိုင်ငံက ပူးပေါင်းပြီးတော့ မလေးရှားနိုင်ငံမှာ အစည်းအဝေးလုပ်ပါတယ်။ ဒါဟာ ကျွန်မ တို့ရဲ့အချုပ် အခြာအာဏာကို တိုက်ရိုက်ထိ ပါးစော်ကားခြင်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မကျေနပ်လို့ဆန္ဒ ဖော်ထုတ်တာပါ''ဟု မီဒီယာများကို ပြောသည်။

Read more...

ငြိမ်းချမ်းရေးကို အပြောထက် အလုပ်နဲ့ သက်သေပြဖို့ အစိုးရကို ပြည်ခိုင်ဖြိုး ဝေဖန်

ရန်ကုန်

အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးကို အပြောထက် အလုပ်နှင့်သက်သေပြရန် လိုအပ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးပိုက်ထွေးက ဝေဖန်ပြောဆိုလိုက်သည်။ ယခုလ ၁၇ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် ဦး ပိုက်ထွေး၊ ဦးလှသိန်းနဲ့ ဒေါက် တာဝင်းအောင်တို့သုံးဦးက သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ပြောဆိုလိုက် ခြင်းဖြစ်သည်။  

Read more...

လူငယ်မူဝါဒ ရေးဆွဲခြင်းသည် ပါတီအား ပြုပြင် ပြောင်းလဲမှု လုပ်ခြင်းမဟုတ်ဟု တစညပါတီ ဆို

ရန်ကုန်

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည)၏ လူငယ်မူဝါဒ ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းသည် ပါတီအား ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခြင်းမဟုတ်ဟု ယင်းပါတီမှ တွဲဖက်အထွေထွေအတွင်း ရေးမှူးဦးထွန်းရီက ပြောသည်။ 'ပါတီကိုသက်သက် Reform လုပ်တဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ ပါတီရဲ့သက်တမ်းက ငါးနှစ်တစ်ကြိမ်ဖြစ်တဲ့အတွက် အခုလိုဗဟိုကော်မတီ အဆုံးသတ်ရခြင်းက အသစ်သဘောမျိုး ဖြစ်တဲ့အတွက် အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရေးကိုတော့ ဆင့်ကဲဆင့်ကဲ ပါတီစည်းမျဉ်းနဲ့အညီလုပ်နေတဲ့ သဘောပါဘဲ။ အခုဆိုရင် ဒါကပါတီကို အသစ်ပြန်လည် Reform လုပ်တဲ့ သဘောမျိုး မဟုတ်ပါဘူး''ဟု ၎င်းက ဆက်ပြောသည်။

Read more...

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို စစ်ဆေးပေးရန် မစ္စ ယန်ဟီးလီအား ရှမ်း လူ့အခွင့်အရေး လှုပ်ရှားမှု မဏ္ဍိုင် တောင်းဆိုမည်

ရန်ကုန်၊ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မစ္စယန်ဟီးလီအား ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ရာဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲဖြစ်သည့် ဒေသခံ လူထုဘဝနှင့်အခြေအနေကို သိရှိနိုင်စေရန် ကွင်းဆင်းစစ်ဆေးကြည့်ရှုပေးရန် ရှမ်းလူ့အခွင့်အရေး လှုပ်ရှားမှုမဏ္ဍိုင်က စာရေး သားပေးပို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS