Main menu
HOT NEWS
adv

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း တင်ပြမည့်သက်သေများကို လာမည့်ရုံးချိန်းတွင် စစ်ဆေးမည်ဟု ကော်မရှင်ဆို

ရန်ကုန်၊ မတ် ၁၈

ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းဘက်မှ တင်ပြမည့်သက်သေများကို လာမည့်ရုံးချိန်းတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် အမျိုးသားလွှတ် တော်မဲဆန္ဒနယ်အမှတ် (၅) မှ အနိုင်ရ ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစံဝေခေါင်လွမ်းက ကန့်ကွက်လွှာတင်သွင်းထားသည့်အမှုကို မတ် ၂၄ ရက်တွင်စစ်ဆေးသွားမည်ဖြစ် ကြောင်းသိရသည်။

Read more...

သမဝါယမဝန်ကြီးဌာနကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်တွင် ထားသင့်ဟု NLD ကိုယ်စားလှယ်ပြော ဝန်ကြီးဌာန လျှော့ချပေါင်းစည်းခြင်းဖြင့် ဝန်ကြီးဌာနတစ်ခုနှင့် တစ်ခု ဘော်လီဘော အပုတ်ခံရတော့မည် မဟုတ်ဟု တစညကိုယ်စားလှယ်ဆို

ရန်ကုန်၊ မတ် ၁၈

သမဝါယမဝန်ကြီးဌာနကို စိုက်ပျိုးရေးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်တွင် ထားသင့်ကြောင်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်မောင်က လွှတ်တော်သို့အကြံပြု တင်ပြခဲ့သည်။ မတ်လ ၁၈ ရက်နေ့ကကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံ တော်သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခြင်းခံထားရသူထံမှအစိုးရ သစ်လက်ထက်တွင်ထားရှိမည့် ဝန် ကြီးဌာနအရေ  အတွက်၊အမည်နှင့်ခန့်အပ်မည့်ဝန်ကြီးဦးရေတင်ပြချက် နှင့်စပ်လျဉ်းပြီးဆွေးနွေးရာတွင်ယင်းကဲ့သို့အကြံပြုဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Read more...

အစိုးရသစ်လက်ထက်ထားရှိမည့် ဝန်ကြီးဌာနနှင့်ဝန်ကြီးဦးရေ သတ်မှတ်ချက်ကို သမ္မတ အဖြစ် တင်မြှောက်ခံထားရသူ ဦးထင်ကျော် မတ် ၂၁ ရက် လွှတ်တော်တွင်ရှင်းလင်းမည်

အစိုးရသစ်လက်ထက်ထားရှိမည့် ဝန်ကြီးဌာနနှင့်ဝန်ကြီးဦးရေ  သတ်မှတ်ချက်ကို သမ္မတ အဖြစ် တင်မြှောက်ခံထားရသူ ဦးထင်ကျော် မတ် ၂၁ ရက် လွှတ်တော် တွင်ရှင်းလင်းမည်

ရန်ကုန်၊ မတ် ၁၈- အစိုးရသစ်လက် ထက်တွင်ထားရှိမည့် ပြည်ထောင်စု ဝန်ကြီးဌာန၊ အမည်နှင့် ပြည်ထောင် စုဝန်ကြီးဦးရေ သတ်မှတ်ချက်များ နှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထား ရသူ ဦးထင်ကျော်က မတ် ၂၁ ရက် တွင် လွှတ်တော်၌ရှင်းလင်းမည်ဖြစ် ကြောင်း သိရသည်။ နိုင်ငံတော် သမ္မတ အဖြစ် ရွေး ချယ်တင်မြှောက်ခြင်းခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ် တော်သို့တင်ပြထားသည့် ပြည်ထောင် စုအစိုးရဝန်ကြီး ဌာနအရေ အတွက် အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦး ရေသတ်မှတ်ချက်တို့နှင့် စပ်လျဉ်းပြီး မတ် ၁၈ ရက်က ပြည်ထောင်စုလွှတ် တော်အတွင်း ကိုယ်စားလှယ် များ ဆွေးနွေး ပြီးနောက် လွှတ်တော်   နာယကက ယင်းကဲ့သို့ကြေညာခဲ့ ခြင်းဖြစ်သည်။

Read more...

UNA အဖွဲ့ဝင်ဖြစ်လိုကြောင်း ချင်းတိုးတက်ရေးပါတီက လျှောက်ထား

ရန်ကုန်၊ မတ် ၁၇

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်ဖြစ်လိုကြောင်း ချင်းတိုးတက်ရေးပါတီက မတ် ၁၆ ရက်တွင် လျှောက်ထားလိုက်ကြောင်း သိရှိရသည်။ ''ကျွန်တော်တို့က UNA နဲ့ သုံးကြိမ်တောင်တွေ့ပြီးပါပြီ။ အလုပ်အဖွဲ့ထဲမှာ ကျွန်တော်တို့ပါတီပါတယ်။ တရားဝင်ဖြစ်ဖို့အတွက် စာပို့တာပါ'' ဟု ချင်းတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးရှိန်းထွန်းက ပြောသည်။

Read more...

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်

ရန်ကုန်၊ မတ် ၁၇-ဒေါ်အောင်ဆန်းစု ကြည်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့်      လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်       ရာပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ကိုဖွဲ့ စည်း လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကော်မတီကို မတ် ၁၀ ရက်နေ့ရက်စွဲဖြင့် ဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော်ရုံးက ကြေညာချက် အမှတ်(၄၂/၂၀၁၆)ဖြင့် ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏တရားဝင်လူမှုကွန်ရက် ကအဆိုပါအဖွဲ့ဖွဲ့စည်းခြင်းကို မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191