ရန်ကုန်

 

ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မန် ဦးဆောင်သော အဖွဲ့အနေ ဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အောက်တိုဘာ ၁၇ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ကုလသမဂ္ဂ နိုင်ငံ ရေးရာဌာန အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မန်နှင့် အဖွဲ့တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဝန်ကြီးချုပ်ဧည့်ခန်းမတွင် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပိုမိုပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများ ရှာဖွေရန်နှင့် အစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ရာတွင် အကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

 

ရန်ကုန်

 

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများအား စိစစ်လက်ခံ၍ ပြန်လည် နေရာချထားမှုများ ဆောင်ရွက်မည့်အပေါ် ရခိုင်လူထုမှ ကန့်ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း ရခိုင်အလင်းတက်ြ<ွကလှုပ်ရှားသူများအဖွဲ့မှသိရသည်။ ''ဒီကိစ္စကို ကျွန်မတို့အဖွဲ့အစည်းတွေနဲ့ ရခိုင်လူထုက ကန့်ကွက်ဖို့ လုပ်နေကြပြီ။ ရခိုင်လူထုအနေနဲ့ကတော့ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ပြန်လည်နေရာချထားရေး လုပ်တာကို လုံးဝသဘောမတူပါဘူး။ အစိုးရအနေနဲ့တော့ နိုင်ငံသားဖြစ်နိုင်တဲ့သူတွေနဲ့ မဖြစ်နိုင်တဲ့သူတွေကို ခွဲခြားမယ်လို့ ပြောပါတယ်။ ဒါကတော့ သူတို့ရဲ့လုပ်ဆောင်ချက်အပေါ်မှာတော့ ဘယ်လိုပဲလုပ်လုပ် ကျွန်မ တို့ကတော့ လုံးဝလက်မခံနိုင်ပါဘူး။ ဘယ်ဥပဒေနဲ့ပဲလက်ခံလက်ခံ၊ ခိုးဝင်ဘင်္ဂါလီတွေ ဖြစ်တယ်။ ဒီအစိုးရက သူတို့ကို နှင်ထုတ်တာ မဟုတ်ဘူး။ ရခိုင်လူထုအနေနဲ့တော့ လက်မခံနိုင်ဘူးဆိုတဲ့အကြောင်း ဆန္ဒထုတ်ဖော်သွားမယ်ဟု ရခိုင်အလင်းတက်ြ<ွကလှုပ်ရှားသူများအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်မကျော့စိန်က ပြောသည်။

 

ရန်ကုန်

 

ဖြိုးကိုကိုတင့်ဆန်းသည် တရားမဝင်လက်နက်များ ကိုင်ဆောင်သူတစ်ဦးဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူမှ လွန်ခဲ့သည့်နှစ်နှစ်ခန့်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်ထံတွင် ဥပဒေအကြံဥာဏ်များရယူစဉ် ပြောဆိုခဲ့ဖူးကြောင်းသိရသည်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ထံသို့ ဖြိုးကိုကိုတင့်ဆန်း၏ ဇနီးဖြစ်သူရောက်ရှိလာပြီး ၎င်းတို့လင်မယားနှစ်ဦး ကွာရှင်းပြတ်စဲ ရေးနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ လာရောက်တိုင်ပင်ခဲ့မှုရှိသည်ဟုသိရသည်။ ထိုအချိန်ကပင် ဖြိုးကိုကိုတင့်ဆန်းအနေဖြင့် မူးယစ်ဆေးဝါးကိစ္စ၊ လက်နက်ကိစ္စများနှင့် ပတ်သက်လျက်ရှိသည်ဟု ၎င်း၏ဇနီးက ပြောဆိုခဲ့ကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

''ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံဆုတောင်းပွဲ'' ခေါင်းစဉ်ဖြင့် မြန်မာပြည်ငြိမ်းချမ်း စေရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ရန်ကုန်မြို့တွင် ဒုတိယအကြိမ်မြောက်ကျင်းပခဲ့ရာ အင်အား ထောင်ချီတက်ရောက်ခဲ့သည်။ အဆိုပါပွဲကို ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကကြီးမှူးကျင်းပခြင်းဖြစ် ပြီး အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီမှ ည ၈ နာရီထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ အင်းလျားကန်ပေါင်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

လက်နက်နှင့် မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် ဖမ်းဆီးခြင်းခံရသည့် ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့် ဆန်းအမှုမှ စုစုပေါင်း လက်နက် ၂၁ လက်သိမ်းဆည်းရမိပြီး အမှုနှင့်ဆက်နွယ်ပတ်သက်သူ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။ အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ခေတ္တအနားပေးချိန်တွင် သတင်းထောက်များကို ၎င်းက ယင်းကဲသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

စစ်တွေ၊ အောက်တိုဘာ ၁၇

 

ရခိုင် ပြည်နယ်ရောက် ကုလသမဂ္ဂနိုင်ငံ ရေးရာဌာနအကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ်က ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်ပါ အကြံ ပြုချက်များအား အကောင်အထည် ဖော်ရာတွင် ကူညီပေးသွားမည်ဟု ပြောဆိုလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။  ကုလသမဂ္ဂနိုင်ငံရေးဌာနအကြီးအကဲ ဒုတိယအတွင်းရေးမှူး ချုပ်ဖြစ်သူ မစ္စတာဂျက်ဖရီဖဲလ်မန် နှင့်အဖွဲ့သည် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက စစ်တွေသို့ရောက် ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးဝန်ကြီးချုပ် ဧည့်ခန်းမဆောင်တွင် တွေ့ ဆုံ၍ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၆

 

အား/ကာပြည်ထောင်စုဝန်ကြီးဟောင်း၏သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းနေထိုင်ခဲ့သည့် သာကေတရှိ ACE Group of Companies အားရဲတပ်ဖွဲ့မှ အောက်တိုဘာ ၁၆ ရက်က ဆက်လက်ရှာဖွေ စစ်ဆေးရာမှ သေနတ်နှစ်လက်၊ ဒရုန်းယာဉ်နှစ်စင်းနှင့် လုံခြုံရေးလုပ်ငန်းတွင် အသုံးပြုသည့်အင်္ကျီနှင့် တံဆိပ်အများအပြား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ယင်းကဲ့သို့ သေနတ်နှစ်လက်အပါအဝင် ဒရုန်းနှစ်စင်း၊ မူးယစ်ဆေးဝါး အချို့နှင့် လုံခြုံရေးလုပ်ငန်းတွင်အသုံးပြုသည့်အင်္ကျီနှင့် တံဆိပ်အများအပြားကို ဦးဖြိုးကိုကိုတင့်ဆန်းနေထိုင်ခဲ့သည့် သာကေတရှုခင်းသာ ပတ်လမ်းရှိ ACE Group of Companies ရှိ ၎င်းနေထိုင်ခဲ့သည့်အခန်းများမှ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့နှင့်ဆက်စပ်သည့် နေရာအဆောက်အအုံများကိုလည်း သတင်းရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ရှာဖွေစစ်ဆေးသွားမည်ဖြစ်ခဲ့ကြောင်းသိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၆

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်ရှိနေသူများအနက် အထောက်အထားပြည့်စုံစွာမပြနိုင်သူများကို ဌာနရှိမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လဝက ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာအကြီးအကဲနှင့်တွေ့ ဆုံစဉ်ရှင်းပြခဲ့ကြောင်းသိရသည်။  ကုလသမဂ္ဂနိုင်ငံရေးရာဌာနအကြီးအကဲ Under Secretary- General Mr.Jeffrey Feltman ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်း ရေးမှူးရုံးမှ ညှိနှိုင်းရေးမှူး Ms.Re-nata Dessallien နှင့် အဖွဲ့အား အောက်တိုဘာ ၁၆ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးရုံး၌ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ လက်ခံတွေ့ဆုံကာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိသူများအား ပြန်လည်လက်ခံရေးတို့ကို တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

 

Page 3 of 12