မန္တလေး၊ အောက်တိုဘာ ၁၆

 

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏ ခုနစ်ကြိမ်မြောက်ရုံးချိန်းကို အောက်တိုဘာ ၁၆ ရက် နံနက် ၁ဝ နာရီက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ချိန်းဆိုခဲ့ရာ မစစ်ဆေးဖြစ်ဘဲ အောက်တိုဘာ ၃ဝ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်၊ အောက်တိုဘာ ၁၅

 

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဘက်ပေါင်းစုံတစ်ဖက်သတ် ဖိအားပေးဘက်လိုက်ထိုးနှက်နေမှုများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖြစ်မှန်သိရှိရန် ကြိုးစားနေမှုအား ကျောက်ဆည်ခရိုင် လေးမြို့ နယ်မှဒေသခံပြည်သူ ၁ဝဝဝ ကျော်က ထောက်ခံသည့်အနေဖြင့် အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီက ကျောက်ဆည်မြို့တွင် ခွင့်ပြုမိန့်ဖြင့် လမ်းလျှောက်ထောက်ခံခဲ့ကြောင်း သိရသည်။

 

မော်လမြိုင်၊ အောက်တိုဘာ ၁၅

 

မြန်မာနိုင်ငံအမျိုးသားအင်အားစုများအသင်း(မွန်ပြည်နယ်)မှ ဦး ဆောင်ပြီး ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏အကြမ်း ဖက်လုပ်ရပ်များအား ဆန့်ကျင် ကြောင်းနှင့် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများသည် မိမိတို့တိုင်း ပြည်အချုပ်အခြာအာဏာကို ထိပါးနေသဖြင့် ကန့်ကွက်ဆန္ဒထုတ် ဖော်ပွဲကို အောက်တိုဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီမှစတင်၍ မော်လမြိုင်မြို့၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၅

 

လက်ရှိအစိုးရကို ပိုမိုထိရောက် စွာကူညီနိုင်ရေးအတွက် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ကို မကြာမီမှတ်ပုံတင်ရန် အားလုံးပြင်ဆင်ပြီးပြီဖြစ်ကြောင်းသိရသည်။  ''အခု ၁ဝ လပိုင်းနဲ့ ၁၁ လပိုင်း အဲဒီဝန်းကျင်မှာပဲ တင်မှာပါ။ အားလုံးပြင်ဆင်ထားပြီးသားပါ။ အချိန်လေးတစ်ခုစောင့် နေတာ'' ဟု ၈၈ မျိုးဆက်(ငြိမ်း/ ပွင့်)၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီက အောက်တိုဘာ ၁၅ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

 

 

ရန်ကုန်၊ အောက်တိုဘာ ၁၅ 

 

ရခိုင်အရေးအဓိကဖြစ်ပွားရခြင်းမှာ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့်ဟု UNA ကောက်ချက်ချကြောင်း သိရသည်။ ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့  (UNA)အဖွဲ့ ဝင်ပါတီ ၁၅ ပါတီအနက် ၁ဝ ပါတီမှကိုယ်စားလှယ်များသည် ရခိုင် ပြည်နယ်မြောက်ပိုင်းသို့ အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ကွင်းဆင်းလေ့လာခဲ့ရာ တွေ့ရှိချက်များနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်လေးချက်ကို အစိုးရသို့တင်ပြသွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဦးစိုင်းလိတ်က ဒီမိုကရေစီတူဒေးသို့ အောက်တိုဘာ ၁၅ ရက်တွင်ပြောသည်။

 

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

ကုလ သမဂ္ဂလုံခြုံရေးကောင်စီတွင် ရခိုင် ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန်ရှင်းလင်းရာတွင် တက်ရောက်လာသူများက အစီရင်ခံစာပါအကြံပြုချက်များကို ထောက်ခံဆွေးနွေးပြောကြားခဲ့ပြီး ဒုက္ခသည်များနေရပ်ပြန်နိုင်ရန် မြန်မာအစိုးရကို တွန်းအားပေးသည့် ဆုံးဖြတ်ချက်ပေါ်ထွက်လာ နိုင်ကြောင်း ကိုဖီအာနန်က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ နယူးယောက် မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင်ပြုလုပ်သော တံခါးပိတ်အစည်းအဝေးတွင် ရခိုင် ပြည်နယ်အရေးအကြံပေးကော်မရှင်မှတွေ့ရှိချက်များနှင့် အကြံပြုချက်များကို ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ ရှင်းလင်းတင်ပြခဲ့ရာတွင် ယင်းသို့ဆွေးနွေးပြောကြား ခဲ့ခြင်းဖြစ်သည်။

 

 

တောင်ငူ၊ အောက်တိုဘာ ၁၄

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ တွင် တောင်ငူခရိုင်ခြောက်မြို့နယ်မှ ပြည်သူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်သွေးတည်း တစ်သားတည်းရှိနေကြောင်း ထုတ်ဖော်ထောက်ခံပွဲကို အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီခန့် က ကျင်းပရာ အဆိုပါ ထောက်ခံပွဲသို့ ဒေသခံတစ်သောင်းခွဲခန့် တက်ရောက်ထောက်ခံခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ အောက်တိုဘာ ၁၄

 

မောင်တောမြို့နယ် ဇင်ပိုင်ညာကျေးရွာရှိ ဗလီရှေ့၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများထောင်ထားသည့်မိုင်းတစ်လုံး တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 

Page 4 of 12