HOT NEWS
Main menu
adv

တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်း အားလုံး အကြမ်းဖက်အဖွဲ့အစည်းများ မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် လုပ်ဖော်ဆောင်ဖက်များအဖြစ် မှတ်ယူပြီး ငြိမ်းချမ်းရေး ရသည်အထိ ဆောင်ရွက်သွားရန် ကေအင်န်ယူနှင့် ကေအိုင်အို ပူးတွဲကြေညာချက် ထုတ်ပြန်

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် အကြမ်းဖက်အဖွဲ့အစည်းများမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် လုပ်ဖော်ဆောင်ဖက်များအဖြစ် မှတ်ယူပြီး ငြိမ်းချမ်းရေးရသည်အထိဆောင်ရွက်သွားရန်တိုက်တွန်းကြောင်း ကေအင်န်ယူနှင့်ကေအိုင်အိုမှ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။ ကေအင်န်ယူဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့နှင့် ကေအိုင်အို ဗဟိုကော်မတီတို့သည် ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ဆုံဆွေး နွေးပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Read more...

အားလုံး အကျုံးဝင်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး မသန်စွမ်း ဖိုရမ်ပြုလုပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

အားလုံးအကျုံး ဝင်သည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးမသန် စွမ်းဖိုရမ်ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် စင် ထရယ်ဟိုတယ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ရွေးကောက်ပွဲကူညီထောက် ပံ့ရေးနိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် IFES နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများမှ မသန်စွမ်းများရွေးကောက် ပွဲတွင် ပါဝင်မဲပေးနိုင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read more...

အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတကာ သံတမန်များနှင့် မိတ်ဆက်တွေ့ဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အစိုးရသစ်လက်ထက်တွင် အသစ်ခန့်အပ်လိုက်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းသည် နိုင်ငံတကာသံတမန်များနှင့် မိတ်ဆက်တွေ့ဆုံခဲ့ကြောင်းသိရသည်။ ဦးသောင်းထွန်းသည် ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့၌သံတမန်များနှင့်ပထမအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံပွဲကို ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ နှစ်နာရီနီးပါးကြာတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Read more...

နယ်ခြားတွင် တရုတ်နိုင်ငံ လယ်သမားများ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက် စိုက်ပျိုးလုပ်ကိုင်၊ မကြာခဏ မြေယာပြဿနာ ဖြစ်ပွားနေဟု ဆို၊ စိစစ်တွေ့ရှိပါက အရေးယူမည်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ် မံစီမြို့နယ်အနီး မြန်မာ-တရုတ်နယ်ခြားတွင် တရုတ်နိုင်ငံဘက်မှ လယ်သမားများ မြန်မာနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်စိုက်ပျိုး လုပ်ကိုင်နေသောကြောင့် မကြာခဏမြေယာ ပြဿနာများဖြစ်ပွားလျက်ရှိကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်းက ပြောသည်။ ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်းက မံစီမြို့နယ် မန်ဝိန်းကြီးဒေသရှိ မြန်မာ-တရုတ်နယ်ခြား ဖြစ်သော မှတ်တိုင်အမှတ် (၅၃/၂) ကျောက် တိုင်အနီး တရုတ်နိုင်ငံဘက်မှ လယ်သမားများ ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်နေကြောင်း၊ ထို့ကြောင့်တားမြစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပြီး ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read more...

ဧပြီ လဆန်းတွင် JMC အစည်းအဝေးကို နေပြည်တော်၌ ကျင်းပရန် လျာထား

ရန်ကုန်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ Joint Monitoring Committee (JMC) အစည်းအဝေးကို ဧပြီလဆန်း၌ နေပြည်တော် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးတွင်ကျင်းပရန် လျာထားသည်ဟု ယင်းကော်မတီအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။

Read more...
adv

adv

FacebookG+TwitterRSS