HOT NEWS
Main menu
adv

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ချင်းပြည်နယ်တွင် ပြုလုပ်ရန် ငြိမ်းချမ်းရေးကော်မရှင် ခွင့်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ချင်းပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပရန် ငြိမ်းချမ်းရေး ကော်မရှင်မှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းကပြောသည်။  ဒေါက်တာဆလိုင်းလျန်မှုန်းဆာ ခေါင်းက ''ဖေဖော်ဝါရီ ၁၃ရက်နေ့ ညက အစိုးရရဲ့ ငြိမ်းချမ်းရေးကော် မရှင်ဘက်က အကြောင်းကြားလာပါတယ်။ ချင်းပြည်နယ်မှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ထန်တလန်မြို့မှာပြုလုပ်ဖို့ ခွင့်ပြုတယ်။ ထန်တလန်မြို့က ကျွန်တော်တို့စခန်း နဲ့အနီးဆုံးဖြစ်တယ်''ဟုပြောသည်။

Read more...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာမှု မပြီးသေး၍ လုံခြုံရေးများ တင်းကျပ်စွာ ချ

တမူး၊ ဖေဖော်ဝါရီ ၁၅

မန်မာ-အိန္ဒိ ယနယ်နိမိတ်တိုင်းတာမှုများ မပြီးပြတ်သေး၍ အိန္ဒိယဘက်ရှိ မန်ကန် (ခ) ဟိုလင်းဖိုင်ရွာအနီး တရားမဝင် ဝင်ထွက်ပေါက်များမှ တစ်ဆင့်မှောင် ခိုပစ္စည်းများ သယ်ဆောင်မှုထိန်းချုပ် ရန်နှင့်လူအဝင်အထွက် တားဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ တိုးမြှင့်ချထားကြောင်း သိရသည်။ နယ်မြေလုံခြုံရေးချထားရာတွင် တမူးမြို့ မြို့မရပ်ကွက် ချောင်းနက်ကြီးရွာ လူဝင်ထွက်ပေါက်များ၊ နန်းဖလုံဈေး၊ ဈေးတန်းရပ်ကွက် နဂါးမင်းသမီးရေကန်၊ တမူးမြို့ရှောင်လမ်းနှင့်နယ်စပ်စည်းတစ်လျှောက် နှင့်ကံကြီးဝတံတားများပေါ်၌ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေသည်။

Read more...

လွှတ်တော် ကိုယ်စားလှယ်များ မေးခွန်း မေးတတ်အောင် လေ့ကျင့်ကြရန်နှင့် ဝန်ကြီးဌာနကလည်း ဝေ့ဝိုက်၊ သွယ်ဝိုက်ပြီး မဖြေရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမေးတတ်အောင် လေ့ကျင့်ကြရန်နှင့် ဝန်ကြီးဌာနကလည်း ဝေ့ဝိုက်၊ သွယ်ဝိုက်ပြီးမဖြေရန် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောသည်။ ဖေဖော်ဝါရီ ၁၄ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းမှ နိုင်ငံတော်၏အကျိုးအမြတ် ၅၁ရာခိုင်နှုန်းကို တာဝန်လွှဲပြောင်းချိန်အထိ မည်မျှရရှိခဲ့ကြောင်းသိ လိုခြင်းမေးမြန်းမှုနှင့် ဝန်ကြီးဌာန၏ဖြေကြားမှုအပေါ်ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

Read more...

နယ်ခြားစောင့် ရဲစခန်းကို အကြမ်းဖက် တိုက်ခိုက်ရာတွင် ဦးဆောင်မှုဖြင့် တရားစွဲခံရသည့် ဘင်္ဂါလီ ၁၄ ဦးအနက် တစ်ဦးကို သေဒဏ် ချမှတ်

စစ်တွေ၊ ဖေဖော်ဝါရီ ၁၄

မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ဦးဆောင်မှုဖြင့် တရားစွဲခံထားရသည့်ဘင်္ဂါလီ ၁၄ ဦးအနက်တစ်ဦးအား စစ်တွေခရိုင်တရားရုံးက ယခုရက်ပိုင်းအတွင်း သေဒဏ်ချမှတ်လိုက်ကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ သေဒဏ် ချမှတ်ခံရသူမှာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာမှ မာမက်နူ(ခ)အူလာ (၂၃)နှစ် ဖြစ်ပြီး ၎င်းအားလူသတ်မှုပုဒ်မဖြစ် သည့် ၃ဝ၂ (၁) (ဂ) ဖြင့် ဖေဖော်ဝါရီ ၁ဝ ရက်က သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

Read more...

(၂၁) ရာစုပင်လုံ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမည့် ရက် ပြောင်းလဲ သတ်မှတ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့်ရက်ကို ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ ကိုယ်စားလှယ် ၇ဝဝ နီးပါးတက်ရောက်မည့် အဆိုပါအစည်းအဝေးကို ယခင် က ဖေဖော်ဝါရီ ၂၈ ရက်တွင်ကျင်းပရန်စီစဉ်ထားခဲ့သော်လည်း ယခုအခါ မတ်လဒုတိယပတ်(သို့)တတိယပတ်တွင်သာကျင်းပ တော့မည်ဖြစ်ကြောင်း ခိုင်လုံသောသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

Read more...
adv

adv

FacebookG+TwitterRSS