ရန်ကုန်၊ အောက်တိုဘာ ၁၃

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့တင်ပြချက်ပါမှတ်ချက်စကား များနှင့်အတူ မြန်မာနိုင်ငံမှထွက်ခွာသွားကြသည့် ဒုက္ခသည်များပြန်လည်လက်ခံရေး၊ အကူအညီလို အပ်နေသူအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများပေးအပ်ရန် ဦးစားပေးဆောင်ရွက်ရေးနှင့် ရခိုင်ပြည်နယ်အရေးဖြေရှင်းရာ၌ သက်ဆိုင်ရာကဏ္ဍစုံ၊ အလွှာစုံနှင့် အားလုံးပါဝင်နိုင်အောင် ဆောင် ရွက်သွားရေးအဆိုနှင့် ကတိကဝတ် ကို အမေရိကန်သံရုံးကကြိုဆိုပါ ကြောင်း အောက်တိုဘာ ၁၃ ရက် ကထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၃

 

အစိုးရနှင့် တပ်မတော်ကို ကူညီနိုင်ရန် နည်း လမ်းရှာလိုသော ရည်ရွယ်ချက်ဖြင့် UNA  အဖွဲ့ဝင်များ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စတင်ကွင်းဆင်း လေ့လာနေပြီဖြစ်ကြောင်း SNLD တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)က ပြောသည်။ ညီညွတ်သော တိုင်းရင်းသား များ မဟာမိတ်အဖွဲ့ဝင်ပါတီ ၁၅ ပါတီအနက် ၁ဝ ပါတီမှ ကိုယ်စား လှယ်များသည် ရခိုင်ပြည်နယ်မြောက် ပိုင်းသို့ အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်နေ့ထိ စစ်တွေမြို့မှ တစ်ဆင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသများသို့ ကွင်း ဆင်းလေ့လာလျက်ရှိပြီး ဒုက္ခသည် များ၏လက်ရှိအခြေအနေ၊ ပြန်လည် နေရာချထားရေး၊ အကြမ်းဖက်မှု ဖြစ် စဉ် စတင်ဖြစ်ပွားရခြင်းအကြောင်း အရင်း စသည်တို့ကို ထဲထဲဝင်ဝင် လေ့လာသွားမည်ဖြစ်ကြောင်း UNA အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်တွဲဖက်အထွေထွေအတွင်းရေး မှူး (၂) ဦးစိုင်းလိတ်က ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

 

မန္တလေး၊ အောက်တိုဘာ ၁၃

 

Myanmar Now အယ်ဒီတာချုပ်ကို ဆွေဝင်းအား အာမခံပေးထားမှုကို တစ်ဖက်မှကျေနပ်မှုမရှိသဖြင့် မန္တလေးခရိုင်တရားရုံးသို့ တက်ခဲ့ ခြင်းကြောင့် အောက်တိုဘာ ၁၃ ရက်တွင် မန္တလေးခရိုင်တရားရုံး၌ နှစ်ဖက်လျှောက်လဲချက် ပေးခဲ့ပြီး လျှောက်လဲချက်ကို အောက်တိုဘာ ၂၇ ရက်တွင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြ၀တီ၊ အောက်တိုဘာ ၁၂-ရခိုင် ပြည်နယ်၌ ဖြစ်ပွားခဲ့သောအကြမ်း ဖက်မှုများကြောင့် မလေးရှားနိုင်ငံ တွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာအလုပ်သမား ၃၀၀ ကျော် သည် စိုးရိမ်မှုများဖြစ်လာသည်ဟု ဆိုကာ ထိုင်းနိုင်ငံမှတစ်ဆင့် မြန် မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ် (၄)ရပ်ကွက်၊ ကျောက်လုံးကြီးလမ်းရှိ ပြန်လည် ကြိုဆိုရေးစခန်းသို့ အောက်တိုဘာ ၁၁ ရက် ည ၇ နာရီက ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ "ထိုင်းနိုင်ငံကနေပြီး မြ၀တီ ကြိုဆိုရေးစခန်းကို မြန်မာအလုပ် သမားတွေ နေ့စဉ် လာရောက်လျက် ရှိနေတယ်၊ မနေ့ကဆို ၈၆ ဦး ရောက်လာတယ်၊ ဒီနေ့ကတော့ ၃၀၄ ဦးရောက်လာပါတယ်၊ သူတို့ အလုပ်သမားတွေထဲကမကျန်းမာ သူ အမျိုးသားအလုပ် သမားတစ် ဦးကတော့ ထိုင်းဘက်ကမ်းမှာသေ ဆုံးသွားခဲ့လို့ မဲဆောက်ဆေးရြုံ ကီး မှာထားခဲ့ရတယ်လို့ သိရသည်ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးသိုက်စိုးမိုး က ပြောကြားသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၂- ရပ်ကွက်များအတွင်း တစ်လနှင့် အထက် နေထိုင်သူအိမ်ငှားများ အနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးများသို့ အသိပေးအကြောင်း ကြားသင့်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူး ကြီးအောင်စိုးမိုးက ပြောသည်။ အောက်တိုဘာ ၁၂ရက် ရန်ကုန်တိုင်းလွှတ်တော်အစည်း အဝေးတွင် မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ် တော် ကိုယ်စားလှယ်ဦးလှဌေး၏ "အိမ်ငှားရမ်းနေထိုင်သူများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ ၌ ဧည့်စာရင်းတိုင်ကြားရန် လိုအပ် ခြင်းရှိ၊ မရှိ။ ရပ်ကွက်အတွင်း နေထိုင်ကြောင်း ထောက်ခံစာ ရယူလိုပါက မည်ကဲ့သို့ဆောင်ရွက် ရမည်" ဟူသည့် မေးခွန်းကို ၀န် ကြီးက အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ အောက်တိုဘာ ၁၂-ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ ရခိုင်ပြည်နယ်အရေးအစီ ရင်ခံစာ အသေးစိတ်ပြောကြားချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ယနေ့ အောက်တိုဘာ ၁၃ ရက်တွင်ကြားနာမည် ဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂသံတမန်များ၏ ပြော ကြားချက်ကိုမူတည်ကာ င်္ဗဏ သတင်း ဌာနကဖော်ပြခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်  ကိုဖီအာနန် အားခေါ်ယူကြားနာရန် ပြင်သစ်နှင့် ဗြိ တိန်တို့က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗြိတိန်သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သို့ရောက်ရှိနေသောဘင်္ဂါလီများ နေရပ် ပြန်နိုင်ရေးအတွက် တိုက်တွန်းထားကာ လုံခြုံရေးကောင်စီကလည်း ဆုံးဖြတ်ချက် မူကြမ်းကိုရေးဆွဲနေကြောင်း AFP ၏ဖော်ပြချက်အရ သိရသည်။ ယနေ့အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ၏လုံခြုံရေး ကောင်စီ တံခါးပိတ်အစည်းအဝေးတွင် ကိုဖီအာနန်၏ရှင်းလင်းချက်ကို နား ထောင်ရန် ဒေသတွင်းနိုင်ငံများ၊ ဒေသ တွင်းအဖွဲ့အစည်းများနှင့် အတူလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများကို ဖိတ်ကြားထား ဟု သံတမန်များ ကပြောကြောင်း AFP က ရေးသားထားသည်။

International Political

 

ဆရီနာဂါ၊ အောက်တိုဘာ ၁၁


အိန္ဒိယပိုင်ကက်ရှ်မီးယား ဒေသတွင် အောက်တိုဘာ ၁၁ ရက်က အစိုးရတပ်များနှင့်လက်နက် ကိုင်သူပုန်တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ရာတွင် အစိုးရလေကြောင်း ကွန်မန်ဒိုနှစ်ဦးနှင့်သူပုန်ဘက်မှ နှစ်ဦးတို့ကျဆုံးခဲ့ရသည်ဟု အိန္ဒိယစစ်တပ်ကသတင်းထုတ်ပြန်ကြေ ညာလိုက်သည်။ နိုင်ငံမြောက်ပိုင်း ဟေဂျင်းမြို့အနီး၌ အစိုးရကင်း လှည့်တပ်များနှင့် သူပုန်တပ်များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ''ပြီး ခဲ့တဲ့နှစ်ရက်တုန်းက တိုက်ပွဲတစ်ခုမှာ သူတို့ခေါင်းဆောင်ဂျေ့ရှ်အီး မိုဟာမက်ကျဆုံးသွားတာမို့ သူတို့ကအခဲမကြေဘဲ သဲကြီးမဲကြီးတိုက်ခိုက်ခဲ့တယ်''ဟု ရဲအရာရှိတစ်ဦး ကအေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားလိုက်သည်။

 

International Political

 

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၁


မက္ကဆီကိုထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့၏ ကြမ်းတမ်းစွာနှိမ်နင်းမှုကြောင့် ထောင်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို AFP သတင်းက အောက်တိုဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။ မက္ကဆီကိုမြောက်ပိုင်း နူဗိုလီယွန်ပြည်နယ်ရှိ ကာဒေရေးတာ ထောင်၌ အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ အာဏာပိုင်များက နှိမ်နင်းခဲ့သည်။ သို့ရာတွင် နောက်ထပ် ထောင်သားများက ထောင်ကိုမီး ရှို့ခဲ့ရာ မီးလောင်မှုကြောင့် ထောင်သားတစ်ဦး သေဆုံးခဲ့သည်။

 

Page 5 of 12