Main menu
HOT NEWS
adv

ရန်ကုန်မြို့ ကြေးသွန်း ဘုရားကြီးရှေ့တွင် သပိတ်စခန်းဖွင့် တောင်းဆိုနေမှုကို ယာယီ ပိတ်သိမ်း

ရန်ကုန် သြဂုတ် ၅

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီး ရှိ မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၏ မုခ်ဦး ရှေ့တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းကို ယနေ့ညနေပိုင်းမှ စတင်ကာ ယာယီ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

Read more...

ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးကို အထူး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ပြောကြား

ဘူးသီ်းတောင် သြဂုတ် ၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးကို အထူး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ နံနက် ၉ နာရီတွင် ဘူးသီးတောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဒေသခံပြည်သူ များ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

Read more...

သပိတ်စခန်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးပြော

နေပြည်တော်၊ သြဂုတ် ၎

သပိတ်စခန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်သည်။  “သာသနာရေးဝန်ကြီးဌာနကနေပြီးတော့ သက်ဆိုင်ရာတိုင်း၊ မြို့နယ်တွေမှာရှိတဲ့ သံဃာအဖွဲ့အစည်းတွေနဲ့ ညှိ နှိုင်းဆောင်ရွက်နေပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကလည်း လိုအပ်တဲ့အစည်း အဝေးတွေ လုပ်နေတယ်။ ဥပဒေမှာပြဌာန်းထားသည့်အတိုင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ငြိမ်းချမ်းစွာဖြေရှင်း ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။”ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြော သည်။

Read more...

၆၆ (ဃ)ဖြင့် တရားစွဲဆိုခံရသည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အာမခံရရှိ

ရန်ကုန်၊ သြဂုတ် ၎

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ မီဒီယာဥပဒေ ၂၅(ခ)တို့ဖြင့် တရားစွဲခံနေရသည့် The Voice အယ်ဒီ တာချုပ် ဦးကျော်မင်းဆွေအား သြဂုတ် ၄ ရက်တွင် ရုံးထုတ်စစ်ဆေးပြီးနောက် ဗဟန်းမြို့နယ်တရားသူကြီးက အာမခံပေးလိုက်ကြောင်း သိရှိရသည်။ ဗဟန်းမြို့နယ်တရားရုံးတွင် ဦးကျော်မင်းဆွေ၏ ကျန်းမာရေး၊ ၆၆(ဃ)ဖြင့်စွဲဆိုခံရသူများသည် ဥပဒေ၏အခွင့် အရေးကို တပြေးညီရသင့်ကြောင်းနှင့် The Voice အယ်ဒီတာချုပ်ဖြစ်သဖြင့် အာမခံပေးခြင်းဖြင့် အလုပ်တာဝန် များကို ဆောင်ရွက်နိုင်ပြီး၊ အမှုနှင့်ပတ်သက်သည့် ခုခံချေပခွင့်များကို ကျယ်ကျယ်ပြန်ပြန့်ဆောင်ရွက်နိုင်သည့် အကြောင်းရာဖြင့် (၉)ကြိမ်မြောက် အာမခံလျှောက်ထားမှုအား ဗဟန်းမြို့နယ်တရားသူကြီးက လက်ခံ စဉ်းစားကာ အာမခံပေးလိုက်ခြင်းဖြစ်သည်။

Read more...

အောက်နန်းရာ ​(ဘင်္ဂါလီကျေးရွာ) များတွင် ​ခို​အောင်း​နေ​သူများအား လိုက်လံဖမ်းဆီးရာမှ တိုက်​ခိုက်​မှု ဖြစ်​ပွား ​ဒေသခံများ ​စေတီပြင်​​ကျေးရွာသို့ ယာယီခိုလုံရန်​ ​ရောက်​ရှိ

ရသေ့တောင်၊ သြဂုတ် ၎

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်နန်းရာ​(ဘင်္ဂါလီကျေးရွာ)များတွင် ​ခို​အောင်း​နေ​သူများအား သြဂုတ်လ ၄ ရက် နံနက်​ပိုင်းအချိန်​တွင်​ လိုက်လံဖမ်းဆီးရာမှ တိုက်​ခိုက်​မှု ဖြစ်​ပွားခဲ့ပြီး အနီးအနားရှိ ​ဒေသခံများ ​စေတီပြင်​​ကျေးရွာသို့ ယာယီခိုလုံရန်​ ​ရောက်​ရှိလျက်ရှိ​ကြောင်း သိရှိရသည်​။ “ရွာသား​တွေ ဘင်္ဂါလီရန်​ကို ​ကြောက်​ကြတာမို့ ထွက်​​ပြေးလာကြတယ်​။ သူ့တို့​နေရာ​တွေက လုံခြုံ​ရေးမရှိဘူး။ ​ကျေးရွာငယ်​​လေး​တွေကပါ ​ပတ်​ပတ်​လည်​မှာ ဘင်္ဂါလီရွာကြီး​တွေ ၀ိုင်းထားတယ်​။ အင်းအားချင်း မမျှဘူး။ အခု အကြမ်းဖက်​သင်​တန်းတတ်​ပြီးတဲ့ ဘင်္ဂါလီ​တွေကို သွားဖမ်းတဲ့ ရဲ​တွေကို ဝိုင်းတိုက်​ခိုက်​ကြတယ်​။ သူ့တို့​တောင်​ ​သေနတ်​ပစ်​ပြီး ပ​စောက်ပုံ အ​နေအထားနဲ့ ဆုတ်​လာခဲ့ရတယ်​။” ဟု ​စေတီပြင်​​ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်​က ဆိုသည်​။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191