International Political

 

မက်ဒရစ်၊ အောက်တိုဘာ ၇


ဒေသတွင်းလူထုဆန္ဒခံယူပွဲ ဖြင့်အတည်ပြုထားပြီးဖြစ်၍ ကာတာလိုနီးယားအစိုးရအနေဖြင့် မကြာမီနိုင်ငံလွတ်လပ်ရေးကြေညာရန်ပြင်ဆင်နေကြောင်း အောက်တိုဘာ ၇ ရက်သတင်းများအရသိရှိရသည်။ စပိန်နိုင်ငံသမိုင်းကြောင်းအရ ထင်ရှားသောနိုင်ငံရေးခေါင်း ဆောင်များမှာအသက်(၆၂)နှစ်ရှိ ကွန်ဆာဗေးတစ်ပေါ်ပြူလာပါတီ ခေါင်းဆောင်သည် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလတွင် စပိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂ဝ၁၆ ခုနှစ် အ ထွေထွေရွေးကောက်ပွဲတွင် ဗဟိုယိမ်းပါတီ D Ciudadanos  ထောက်ခံ မှုဖြင့် Mariano Rajoy သည် အစိုးရအဖြစ်ဦးဆောင်ခဲ့သည်။ ၎င်း၏ လက်ထက်တွင် ကာတာလိုနီးယားခွဲထွက်ရေးပေါ်ပေါက်လာခဲ့သည်။ သို့သော် အခြေခံဥပဒေအရ ခွဲထွက် ရေးကို Rajoy ကပိတ်ပင်ခဲ့သည်။ သို့သော် အသက်(၅၄)နှစ်ရှိ သတင်း စာဆရာနှင့် ရှေ့နေတစ်ဦးဖြစ်သူ Puigdemont  ဦးဆောင်၍ ကာတာလိုနီးယားသမ္မတအဖြစ် ခန့်အပ်ကာ စတင်ဆောင်ရွက်ခဲ့သည်။

 

အမေရိကန်နိုင်ငံရေး သုံးသပ်

 

သီဟ

-----------

 

လာ့စ်ဗီးဂတ်စ်မြို့ရဲ့ လဟာပြင်ကပွဲတစ်ခုမှာ သေနတ်ပစ်မှုဖြစ်ပွားခဲ့ရာ အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ လူအသေအပျောက်အများဆုံးဖြစ်တယ်လို့ဆိုတယ်။ အသက် (၆၄) နှစ်အရွယ်ရှိတဲ့သေနတ်သမားစတီဖင်ပက်ဒေါက်ဟာ ဖျော်ဖြေပွဲ လာ ရောက်သူတွေကို ပစ်ခတ်ခဲ့တာဖြစ်တယ်။ ဒီပစ် ခတ်မှုကို သူနေတဲ့မန္တလေးဘေးဟိုတယ်အထပ် ၃၂ထပ်ရှိ သူ့ရဲ့အခန်းထဲက ပစ်ခတ်ခဲ့တာဖြစ်တယ်။ ယခုလိုပစ်ခတ်ခံရတဲ့အတွက် လူ ၅၈ ဦး သေဆုံးခဲ့ပြီး ၅ဝဝ ကျော်ဒဏ်ရာရရှိသွားခဲ့ကြတယ်။ ရဲတပ်ဖွဲ့ကပြောတာကတော့ သေနတ်သမားပက်ဒေါက်ဟာ သူ့ကိုယ်သူပါပစ်သတ်သေဆုံးသွားခဲ့တယ်လို့ဆိုတယ်။

 

မန္တလေး၊ အောက်တိုဘာ ၇

 

နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်အား ပြည်သူလူ ထု၏ကြိုဆိုထောက်ခံပွဲအခမ်းအနားကို အောက်တိုဘာ ၇ ရက်က မန­္တလေးနှင့် မကွေးမြို့များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် ၆၂ လမ်း၊ လမ်း၎ဝ နှင့် ၄၁ လမ်းကြား မနော်ရမံ္မ ပြည်သူ့ဟစ် တိုင်ကွင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထု၏ကြိုဆိုထောက်ခံပွဲအခမ်းအနားကို ညနေ ၄ နာရီ ကပြုလုပ်ခဲ့ရာ မန္တလေးမြို့ခံများနှင့် မန္တလေးရောက်တိုင်းရင်းသားများ စုစုပေါင်း ၄ဝဝဝ ကျော် တက် ရောက်ခဲ့ကြကြောင်း သိရသည်။

 

သီဟ

---------

International Political

 

ယခုနှစ်ဟာ တရုတ်နဲ့ ဂျပန်တို့ရဲ့ ပုံမှန် ဆက်ဆံရေးထူထောင်ခဲ့တဲ့ ၄၅နှစ်ပြည့် မြောက်တဲ့နှစ်ဖြစ်တယ်။ လွန်ခဲ့တဲ့ ၄၅နှစ်က ဂျပန်ဝန်ကြီးချုပ်ကာကူအီတာနာကာဟာ တရုတ် ပြည်ကိုအလည်လာခဲ့တယ်။ နှစ်နိုင်ငံခေါင်း ဆောင်တွေဟာ စက်တင်ဘာ ၂၉ရက်မှာ ပူးတွဲ ကြေညာချက်ထုတ်ခဲ့ကြတယ်။ အဲဒီကာလဟာ တရုတ်-ဂျပန်ပုံမှန်ဆက်ဆံရေးရဲ့အစဖြစ်တယ်။ ဒုတိယကမ္ဘာစစ်မဖြစ်မီ ဂျပန်ဟာ တရုတ်နဲ့ကိုရီးယားကျွန်းဆွယ်တွေကိုသိမ်းပိုက်ခဲ့ပြီး ကိုလိုနီလုပ်ခဲ့တယ်။ ဂျပန်ကိုဆန့်ကျင်လို့ တရုတ်အရှေ့မြောက်နန်ကင်းမြို့မှာ လူသုံးသိန်းလောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ဆိုတယ်။ တရုတ်နဲ့ကိုရီးယားတို့ဟာ ဒုတိယကမ္ဘာ စစ်ကာလမှာ ဂျပန်လက်အောက်က လွတ်မြောက်ခဲ့ကြတယ်။ ဒါပေမဲ့ နှစ်ရှည်လများကိုလိုနီအ ဖြစ်အုပ်ချုပ်ဖိနှိပ်မှုခံခဲ့ရတာကို တရုတ်နဲ့ကိုရီးယားတို့က အစဖော်ပြဿနာရှာနေကြတာတွေ့ ရတယ်။

 

ရန်ကုန်

 

သမိုင်းအထောက်အထားများပြည့်စုံစေ ရေးအတွက် ရှစ်လေးလုံးအရေး တော်ပုံတွင် ပါဝင်ခဲ့သူများနှင့် အင်တာဗျူးကာ မှတ်တမ်းတင်ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကြာမီပြန်လည်စတင်မည်ဖြစ် ကြောင်းသိရသည်။ ရှစ်လေးလုံးသမိုင်းပြတိုက်တွင် ထားရှိမည့်မှတ်တမ်းများပြည့် စုံစေရေးနှင့် ယင်းပြတိုက်အားယူနက်စကိုအသိအမှတ်ပြု Memory of the world  ခေါင်းစဉ်အောက်တွင် ပါဝင်နိုင်ရေးတို့အတွက် သမိုင်းမှတ်တမ်းအထောက်အထားများပြုစုရန်လိုအပ်ကြောင်း၊ ထို့ ကြောင့် လိုအပ်သည့်အထောက် အထားများရရှိစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကဏ္ဍအလိုက်အသီးသီးအင်တာဗျူးမှတ် တမ်းယူသွားမည်ဖြစ်ကြောင်း ရှစ် လေးလုံးသမိုင်းပြတိုက်ဖြစ်မြောက် ရေးကော်မတီအဖွဲ့ဝင်ဦးမြင့်အောင်က ဒီမိုကရေစီတူဒေးသို့  ပြောသည်။

ခိုင်ကမ်း၊ အောက်တိုဘာ ၆

 

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်မြို့ဖြစ်သည့် ချင်းပြည် နယ်ခိုင်ကမ်းမြို့၏စုပေါင်းစစ်ဆေး ရေးနေရာတွင် အောက်တိုဘာ ၅ ရက်က တီးတိန်မြို့မှ ကလေးမြို့ဘက်သို့မောင်းနှင်လာသော ဟိုင်မွှာလ် ဂျစ်ကားတစ်စီးကို ပူးပေါင်းအဖွဲ့က စစ်ဆေးရာ ပေါက်ကွဲစေတတ်သော အိန္ဒိယနိုင်ငံထုတ် အမှတ်(၈)မီးရှို့ စနက်တံ အချောင်း ၁ဝဝဝဝ ဖမ်းဆီး ရမိကြောင်း သိရသည်။

 

အောက်တိုဘာ ၅ 

 

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘင်္ဂါလီများသည် စားဝတ်နေရေး နှင့် ကျန်းမာရေး အခက်အခဲကြောင့် လည်းကောင်း၊ လုံခြုံရေးအခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟု ယူဆ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများကထွက်ခွာလာရန် ဆက်သွယ် ပြောဆိုခြင်းများကြောင့် လည်းကောင်း၊ ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက် နိုင်ငံရှိ ၎င်းတို့ မျိုးနွယ်စုများထံ သွားရောက်လိုခြင်းကြောင့်လည်းကောင်း မိမိနေထိုင်သည့် ကျေးရွာများမှ တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှစတင်၍ မိမိတို့ နေရပ်များမှ ထွက်ခွာခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ် အနီးသို့ စုပြုံရောက်ရှိလျက်ရှိသည်။

 

အောက်တိုဘာ ၅

 

တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်နက်၊ခဲယမ်းနှင့် မိုင်းများရှိကြောင်း တာဝန်သိသူ တစ်ဦး၏ သတင်းပေးပို့ချက်အရ သ၀န်ချောင်းကျေးရွာ အနီး ပတ်ဝန်းကျင် တစ်ဝိုက် သွားရောက်ရှာဖွေခဲ့သည်။

 

Page 6 of 11