အောက်တိုဘာ ၅ 

 

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘင်္ဂါလီများသည် စားဝတ်နေရေး နှင့် ကျန်းမာရေး အခက်အခဲကြောင့် လည်းကောင်း၊ လုံခြုံရေးအခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟု ယူဆ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများကထွက်ခွာလာရန် ဆက်သွယ် ပြောဆိုခြင်းများကြောင့် လည်းကောင်း၊ ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက် နိုင်ငံရှိ ၎င်းတို့ မျိုးနွယ်စုများထံ သွားရောက်လိုခြင်းကြောင့်လည်းကောင်း မိမိနေထိုင်သည့် ကျေးရွာများမှ တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှစတင်၍ မိမိတို့ နေရပ်များမှ ထွက်ခွာခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ် အနီးသို့ စုပြုံရောက်ရှိလျက်ရှိသည်။

 

အောက်တိုဘာ ၅

 

တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်နက်၊ခဲယမ်းနှင့် မိုင်းများရှိကြောင်း တာဝန်သိသူ တစ်ဦး၏ သတင်းပေးပို့ချက်အရ သ၀န်ချောင်းကျေးရွာ အနီး ပတ်ဝန်းကျင် တစ်ဝိုက် သွားရောက်ရှာဖွေခဲ့သည်။

 

ရန်ကုန်

 

အောက်တိုဘာ ၅-၈၈ မျိုးဆက်ကျောင်းသားများ၏ ပဲခူးတိုင်း ဒေသကြီး နိုင်ငံရေးပါတီဖြစ်မြောက် ရေးကော်မတီဖွဲ့စည်းသည့် အခမ်းအနားကို အောက်တိုဘာ ၄ ရက်တွင် ပဲခူးမြို့ဂရင်းဆိုရှယ်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ ''ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီဖြစ်မြောက် ရေး ကော်မတီဝင်တွေ၊ မြို့နယ် အသီးသီးကပါတီဖြစ်မြောက်ရေး ကော်မတီဝင်တွေနဲ့ စိတ်ပါဝင်စား သူတွေ တက်ရောက်ခဲ့ကြပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အလိုက်နိုင်ငံရေးပါတီဖြစ်မြောက် ရေး ကော်မတီတွေကို ဖွဲ့စည်းသွား မှာဖြစ်တယ်'' ဟု ပဲခူးတိုင်းဒေသကြီး နိုင်ငံရေးပါတီဖြစ်မြောက်ရေး တာဝန်ခံ ဦးဘိုတောက်က ပြောသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၎

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် လူငယ်ညီလာခံ ကျင်းပရေးအတွက် ဗဟိုကော်မရှင်က အောက်တိုဘာ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်သွားရောက်၍ လူငယ်ညီလာခံကျင်းပရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကော်မရှင်များနှင့်တွေ့ဆုံကာ တာဝန်ပေးအပ်ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ်လူငယ်ညီလာခံ ကျင်းပရေးဗဟိုကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောသည်။

 

မုံရွာ

 

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယသက်တမ်း တစ်နှစ်ခွဲကျော်တွင် ကိုယ် စားလှယ်များမှ မေးခွန်းများ အမေးများနေခြင်းမှာ ဒေသတွင်း ဖွံ့ဖြိုးမှုနည်းခြင်းကို ဖော်ပြ နေခြင်းဖြစ်သည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောဆိုလိုက်သည်။ ''ဘာလို့ မေးခွန်းတွေ ဒီလောက်များလဲဆိုတော့ လိုအပ်ချက်တွေ များလို့ပဲ။ မေးခွန်း တွေမှာ လမ်း၊ တံတား၊ လျှပ်စစ်၊ ဆေးရုံ၊ စာသင်ကျောင်းတွေ ချပေးဖို့ပဲ မေးတယ်။ ဖြည့်လို့လဲ မပြီးဘူး။ ဒါကြောင့် မေးခွန်းများ တယ်ဆိုတာ ဖွံ့ဖြိုးမှုနည်းခြင်းအဓိပ္ပာယ်ပါ''ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့်အရေးကိစ္စများနှင့်ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပနှင့် နိုင်ငံတကာသတင်းမီဒီယာများအပေါ် သတင်းဖော်ပြမှု တွေနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းမီဒီယာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ အကြံပြုချက်များ တောင်းခံခဲ့ကြောင်း သိရသည်။ 

 

ရန်ကုန်၊ အောက်တိုဘာ ၃

 

မောင် တောအကြမ်းဖက်ခံရမှုဖြစ်စဉ် ကြောင့် ခိုကိုးရာမဲ့ဖြစ်ခဲ့သည့်ဟိန္ဒူ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်နိုင်ရေးအတွက် အောက်တိုဘာ ၄ ရက်တွင် စာရင်းကောက်သွားမည်ဖြစ်ကြောင်းသိရသည်။ အကြမ်းဖက်လုပ်ရပ်ကြောင့် မိသားစုဝင်များသေဆုံးကာ ခိုကိုးရာမဲ့ခဲ့ရသည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများကို ရန်ကုန်သို့ ခေါ်ယူစောင့်ရှောက်နိုင်ရေးအတွက် စာရင်းအတိအကျရရန် ဘူးသီး တောင်၊ မောင်တောဒေသများသို့ အောက်တိုဘာ ၄ ရက်တွင် သနန္တ နဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာ သာရေးဗဟိုအဖွဲ့ချုပ်တို့ဦးဆောင်ကာ ကွင်းဆင်းကောက်ယူသွားမည် ဖြစ်ကြောင်း၊ လက်ရှိအထိ မိသားစုအားလုံး အသတ်ခံရပြီး ကျန်ရှိသည့်အပျိုဖော်ဝင်ခါစ ကလေးငယ်တစ်ဦးနှင့် လူမမယ် ကလေးငယ်တစ်ဦးကို စစ်တွေဒုက္ခသည်စခန်းတွင် တွေ့ရှိထားကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာဘာသာရေးအဖွဲ့ ချုပ်အတွင်းရေးမှူး ဦးကျော်သူက အောက်တိုဘာ ၃ ရက်တွင် ဒီမိုက ရေစီတူဒေးသို့ပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၃

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် လူငယ်ညီလာခံကို ကိုကိုး ကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၄၄ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအကြိမ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပနိုင်ရေးအတွက် ဗဟိုကော်မရှင်၊ ဗဟိုလုပ်ငန်းကော်မတီ၊ ရန်ကုန်တိုင်းကော်မရှင်များ၊ ခရိုင်ကော်မရှင်များနှင့် မြို့နယ်ကော်မရှင်များ တွေ့ဆုံ၍ တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်း ပေါ်ရှိ MCC ခန်းမတွင် အောက် တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

 

Page 7 of 11