နေပြည်တော်၊ အောက်တိုဘာ ၂၂

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေ ပြည်တော်ကောင်စီနယ်မြေပြည်သူများမှ လူထုထောက်ခံပွဲကို အောက်တိုဘာ ၂၂ ရက် ညနေ ၃ နာရီက နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်မြောက်ဘက် ဘုရားပွဲကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ လူထုထောက်ခံပွဲအခမ်းအနားသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ရခိုင်အရေးကိစ္စလုပ်ဆောင်မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပြည်သူလူထုက ထောက်ခံကြောင်းပြသရန်ကျင်းပသော အခမ်းအနားဖြစ် ကြောင်း သိရသည်။

 

International Political

 

ဂျေရုဆလင်၊ အောက်တိုဘာ ၂၁

 

အစ္စရေးနှင့် ဆီးရီးယားနယ်စပ် ဂိုလန်ကုန်းမြင့် ဒေသတွင် အစ္စရေးသိမ်းပိုက်ထားသည့်ဘက်ခြမ်းသို့ အောက်တိုဘာ ၂၁ ရက်တွင် ဆီးရီးယားဘက်မှ လက်နက်ကြီးကျည်ဆန်ကျရောက်ခဲ့သည်ဟု အစ္စရေးစစ်တပ်ကပြောကြားပြီး အနာဂတ်တွင် ပြင်းထန်စွာတုံ့ပြန်တိုက်ခိုက်မှုပြုလုပ်ရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။

မကွေး၊ အောက်တိုဘာ ၂၁

 

မကွေး တိုင်းဒေသကြီး မင်းဘူးမြို့တမာတန်း၌ အောက်တိုဘာ ၂၁ ရက် တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ခံပွဲကို ပါတီ အဖွဲ့အစည်းအသင်းအဖွဲ့များက ဦးဆောင်ကျင်းပခြင်းမဟုတ်ဘဲ အမေစုကို ချစ်သူများ၊ အမေစုကို ထောက်ခံသူများ စုပေါင်းကျင်းပခြင်းဖြစ် ကြောင်း အမေစုထောက်ခံပွဲဆောင်ရွက်ရန် ဦးဆောင်ကျင်းပသူတစ်ဦး အဖြစ်ပါဝင်သည့် ဦးမြင့်နိုင်က ပြောသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၂၁

 

ဖြိုး ကိုကိုတင့်ဆန်းထံမှ သိမ်းဆည်းရမိခဲ့သည့်ကျည်ဆန်များသည် ငါး လောင်းပြိုင်လူသတ်မှုဖြစ်စဉ်မှ ကျည်ဆန်နှင့်တူညီသည်ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သော ပန်းတောင်းမြို့နယ် ထုံးဘိုရဲစခန်း မှရဲအုပ်အား ရဲစည်းကမ်းဖြင့် အ ရေးယူရန်ဆောင်ရွက်နေကြောင်း သိရသည်။ 

 

ရန်ကုန်၊ အောက်တိုဘာ ၂ဝ

 

ACE ကုမ္ပဏီဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်း အမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ငါးဦးကို အောက်တိုဘာ ၁၉ ရက်က ထပ်မံဖမ်းဆီးစစ်ဆေးနေကြောင်း နေပြည်တော် ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့မှူုးရုံးမှ သိရသည်။ ထပ်မံဖမ်းဆီးစစ်ဆေးခဲ့သူငါးဦးမှာ အေစီအီးဟိုတယ်ယာယီ တာဝန်ခံဦးဂျိုးဇက်၊ ဇင်ကိုလတ် (ခ)ဇင်ဘို၊ အောင်ရဲဖြိုး၊ မျိုးမြင့် ဇော်နှင့် မခင်မျိုးဝင်းတို့ဖြစ်ပြီး ၎င်းတို့ငါးဦးအား ဖြိုးကိုကိုတင့်ဆန်းတွင် လက်နက်၊ ကျည်ဆန်များတွေ့ရှိမှုနှင့် ပတ်သက်ပြီး သံသယရှိသူများအ ဖြစ် စစ်ဆေးမေးမြန်းရန်ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်၊ အောက်တိုဘာ ၂ဝ

 

နေပြည်တော်လေဆိပ်ဖြစ်စဉ်တွင် ရွှေတံဆိပ်ရ အားကစားသမား ဟောင်းများပါဝင်ဆက်စပ်နေမှုနှင့်ပတ်သက်ပြီး ရွှေတံဆိပ်နှင့် ဘာမှမဆိုင် လူ့အသိဥာဏ်စဉ်းစားပုံစဉ်း စားနည်းနှင့်သာဆိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။ အောက်တိုဘာ ၂ဝ ရက်ကကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေးတတိယနေ့အပြီး သတင်းမီဒီယာများက နေပြည်တော်လေဆိပ်ဖြစ်စဉ်တွင် ရွှေတံဆိပ်ရအား ကစားသမားဟောင်းများ ပါဝင်ဆက်စပ်နေမှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

 

နေပြည်တော်၊ အောက်တိုဘာ ၂ဝ

 

ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးကို နိုင်ငံတကာအဆင့်မီဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက်ပြေးသူများကို ပြန်လည်လက်ခံရေးကိစ္စကိုမူ ဘင်္ဂလားဒေ့ရှ်မှ ပြည်ထဲရေး ဝန်ကြီးလာရောက်ပါက ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု ကူညီထောက်ပံ့ပေး ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development I Rakhine UEHRD) ကော်မတီအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား အပြီးတွင်သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

 

International Political 

 

ဘန်ကောက်၊ အောက်တိုဘာ ၁၉

ထိုင်းနှင့်အမေရိကန်တို့သည် နောက်ထပ် ကိုဘရာဂိုးလ်း စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဤလေ့ကျင့်ခန်းမှာ အာရှပစိဖိတ်ဒေသတွင် နိုင်ငံစုံပါဝင်သည့် အကြီးဆုံးနှစ်ပတ်လည် စစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း၊ နောင်နှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၃ ရက်အထိပြုလုပ်မည်ဖြစ် ကြောင်း၊ ပါဝင်သည့်နိုင်ငံများမှ စစ်သား ၁၂ဝဝဝ ကျော် ပါဝင်မည် ဖြစ်ကြောင်း ထိုင်းတော်ဝင်တပ်မ တော် (RTAF) စစ်ဌာနချုပ်က ပြော ကြားလိုက်သည်။

 

 

Page 1 of 12