ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ဘူးသီး တောင်၊ မောင်တောဒေသရှိ နှစ်ဖက်အသိုင်းအဝိုင်း၏ အခြေအနေ၊ ပြန်လည်လက်ခံရေး ဆောင်ရွက်ထားမှုများအခြေအနေများနှင့် ပတ်သက်သည့်တွေ့ရှိချက်များကို ခရီးစဉ်အပြီး တစ်ပတ်အတွင်း နိုင်ငံ တော်သမ္မတထံ အစီရင်ခံစာတင်မည်ဖြစ်ကြောင်း လူ့အခွင့်အရေး ကော်မရှင်မှသိရသည်။

မူဆယ်၊ ဒီဇင်ဘာ ၁၂

 

လူဝင်မှု ကြီးကြပ်ရေးဌာနခွဲ (၇) မူဆယ်နှင့် ရွှေလီနယ်စပ်ကာကွယ် စုံစမ်းစစ် ဆေးရေးဌာနတို့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုအရ တရုတ်နိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော မြန်မာနိုင်ငံသား ၁၆ဝ အား မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်၌ ဒီဇင်ဘာ ၁၁ ရက် ညနေ ၅ နာရီက လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

 

၂ဝ၂ဝ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တစ်ခုလုံး လွှတ်တော်အမတ်နေရာရရှိရေးမျှော်မှန်းချက်ကို ရခိုင်အမျိုးသားပါတီအနေဖြင့် အကောင်အထည်မဖော်နိုင်တော့ဟု ယုံကြည်သဖြင့် နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။ ''၂ဝ၂ဝ ရွေးကောက်ပွဲမှာ ကျွန်တော်သွားချင်တဲ့ပုံစံရှိတယ်။ ၂ဝ၂ဝ Vision ပေါ့။ အဲဒါကဘာလဲဆိုတော့ ၂ဝ၂ဝ မှာ ရခိုင်အမျိုးသားပါတီ အနေနဲ့ ရခိုင်တစ်ပြည်နယ်လုံးမှာရှိတဲ့ လွှတ်တော်အမတ်နေရာအားလုံး အနိုင်ရရမယ်ဆိုတာပေါ့။ အခုကျတော့ ပါတီတွင်းခေါင်းဆောင်တွေကြားမှာ ညီညွတ်မှုမရှိတဲ့အတွက် မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် လည်းနုတ်ထွက်တာပါ''ဟု ဒေါက်တာအေးမောင်က ဒီမိုကရေစီတူဒေးသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

 

နေပြည် တော်လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးရန် ပြင်ဆင်နေသည့် တူရကီသတင်းဌာနမှ သတင်းထောက်နှစ်ဦးအမှုနှင့် ပတ်သက်၍ တရားလို ဖြစ်သူ လဝကအရာရှိကို ဒီဇင်ဘာ ၁၁ ရက်က စစ်ဆေးခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာ ၁၁ ရက်တွင် နေ ပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ တူရကီနိုင်ငံအခြေစိုက် TRT  သတင်းဌာန စင်ကာပူရုံးခွဲမှ သတင်း ထောက်နှစ်ဦးအပါအဝင် လေးဦးကို ဆဋ္ဌမအကြိမ်မြောက်ရုံးထုတ်ခဲ့ ပြီး တရားလို ဇမ္ဗူသီရိမြို့နယ် လဝကလက်ထောက်ဦးစီးမှူး ဦး ဌေးဝင်းအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မန္တလေး၊ ဒီဇင်ဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီးအတွင်း အများပြည်သူများလုံခြုံစိတ်ချစွာသွားလာနိုင် ရေး၊ ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှုများလျော့ နည်းပပျောက်သွားရေးတို့ကို တိုင်း ဒေသကြီးအစိုးရအဖွဲ့က အထူးအ လေးထားဆောင်ရွက်ရန် တိုက်တွန်း ကြောင်းအဆိုကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၁ဝ နာရီက ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသ ကြီး လွှတ်တော်၊ အဋ္ဌမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)တွင် မဲခွဲဆုံးဖြတ်မှုဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။ 

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင်ရရှိခဲ့သည့် ပြည်ထောင်စုသဘော တူစာချုပ်၏ အစိတ်အပိုင်း၃၇ချက်ကို ပြည်ထောင်စုလွှတ်တော်သို့အ မြန်ဆုံးတင်သွင်းမည်ဟု ငြိမ်းချမ်း ရေးကော်မရှင်အဖွဲ့ဝင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ပြောသည်။ ဒီဇင်ဘာ ၁ဝရက်က ရန်ကုန် မြို့  Green Hill Hotel တွင် ကျင်းပ သော တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့်သုတေသနအသင်း (CDES) က ပြုလုပ်သည့်ငြိမ်းချမ်း ရေးဖိုရမ်တွင် ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁ဝ

 

အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်နှင့်ညီ ညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)တို့အကြား ဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီဖက်ဒရယ်ဆိုသည့်စကားလုံးတစ်လုံးကြောင့် NCA လက်မှတ် မရေးထိုးနိုင်သေးခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက တရားဝင်ထုတ် ဖော်ပြောဆိုလိုက်သည်။ ဒီဇင်ဘာ ၁ဝရက်က ရန်ကုန် မြို့  Green Hill Hotel တွင် ကျင်း ပသောတိုင်းရင်းသားလူမျိုးရေး ရာဖွံ့ဖြိုးရေးနှင့်သုတေသနအသင်း(CDES)ကပြုလုပ်သည့်ငြိမ်းချမ်းရေးဖိုရမ်တွင် ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဘားအံ၊ ဒီဇင်ဘာ ၁ဝ

 

တပ်မတော်၊ နိုင်ငံ့ဝန်ထမ်းကောင်းများနှင့်ငြိမ်းချမ်းရေးရယူခဲ့ကြသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်များအား ထောက်ခံပွဲကို ဒီဇင်ဘာ ၁ဝ ရက် မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ် ဘားအံမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။ ထောက်ခံချီတက်ကြမည့် စစ်ကြောင်းကြီးခုနစ်ကြောင်းမှ ပြည်သူများသည် ဘားအံမြို့အမှတ် (၃) ရပ်ကွက်မဲဘောင်ကျောင်း၌ နေရာယူကြပြီး ဇွဲကပင်တောင် ဆရာတော်ကြီး၏ သဝဏ်လွှာကို ထောက်ခံပွဲဦးဆောင်သူဦးတင် မောင်လှိုင်မှ ဖတ်ကြားတင်ပြပြီး သက်ဆိုင်ရာကိုယ်စားလှယ်များက KNU၊ DKBA  နှင့် KNU/ KNLA-pc  ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့များမှ ပေးပို့သည့်သဝဏ် လွှာများကိုဖတ်ကြားတင်ပြကြသည်။

Page 2 of 31