Main menu
HOT NEWS
adv

အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေး ကဏ္ဍများတွင် ဝင်ရောက် မစွက်ဖက်ကြရန် လွှတ်တော်ဥက္ကဌ မှာကြား

နေပြည်တော်၊ အောက်တိုဘာ ၇ 

 

အုပ်ချုပ်ရေးကဏ္ဍ နှင့် တရားစီရင်ရေး ကဏ္ဍများတွင် ဝင်ရောက် မစွက်ဖက်ကြရန် ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်များအား ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပြီးဆုံးသည့် ယနေ့ အစည်းအဝေးတွင် မှာကြားခဲ့သည်။ “မိမိတို့ ဥပဒေ ပြုရေးမဏ္ဍိုင်အနေနဲ့ Check and balance ပြုလုပ်တဲ့နေရာမှာ ကန့်သတ်ချက် ဘောင်များကို ကျော်လွန်ပြီး အုပ်ချုပ်ရေးကဏ္ဍတွေ တရားစီရင်ရေး ကဏ္ဍတွေမှာ ဝင်ရောက် စွက်ဖက်ခြင်းတွေ မဖြစ်ရအောင် သတိပြု ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်၊ ဥပဒေ ပြုသူသည် ဥပဒေချိုးဖောက်သူ မဖြစ်စေရဆိုတဲ့ဆိုရိုးစကားနဲ့ အညီ တည်ဆဲဥပဒေများကို အထူး လေးစားလိုက်နာကြဖို့လိုပါတယ်” ဟု၎င်းက ပြောခဲ့သည်။

Read more...

ပွဲလမ်း သဘင်များကို ၀န်ထမ်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ အလှူငွေကောက်ခံ ကျင်းပသည့်ပုံစံ ရပ်ဆိုင်းသင့် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၇

 

မြို့ နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများအနေဖြင့် ပွဲလမ်းသဘင်များကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံ မှ အလှူငွေကောက်ခံကျင်းပသည့်ပုံစံရပ်ဆိုင်းသင့်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါက်တာအေ ဇင်လတ်က ပြောသည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် ဌာနဆိုင်ရာဝန်ထမ်းများကို ၀န်ထုပ် ၀န်ပိုးဖြစ်စေပြီး စီးပွားရေးလုပ်ငန်း ရှင်များနှင့်ပတ်သက်၍လည်း အဂတိ တရားမကင်းနိုင်ဖွယ်ရာဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

Read more...

တောင်အာဖရိကသို့ ငြိမ်းချမ်းရေးလုပ်ငန်း လေ့လာရေးခရီး သွားရသော်လည်း တိုက်ပွဲများကြောင့် စိတ်ထဲမှာ မသိုးမသန့် ခံစားရသည်ဟု ဗိုလ်ချုပ် ဂွမ်မော် ဆို

ရန်ကုန်

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စသည့် အစုအဖွဲ့များမှ ခေါင်းဆောင်များ ပူးပေါင်း၍ တောင်အာဖရိက နိုင်ငံသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လေ့လာရေးခရီးသွားရသော်လည်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် စိတ်ထဲမှာ မသိုးမသန့် ခံစားရသည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)  ဒုဥက္ကဋ္ဌ(၁)ဗိုလ်ချုပ်ဂွမ်မော်က ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ဘန်ကောက် လေဆိပ်အရောက် သူ၏ ဒိုင်ယာရီစာအုပ်၌ ရေးသား ဖော်ပြခဲ့သည်။

Read more...

ပြည်သူအား ဖိနှိပ်နေသော ဥပဒေများကို လွှတ်တော်မှ ပယ်ဖျက်ခြင်း ရှိ မရှိ စောင့်ကြည့်သွားမည်ဟု ဒေါက်တာ ညိုညိုသင်း ပြော

ရန်ကုန်

ပြည်သူလူထုအား ဖိစီးနှိပ်စက်နေ သောဥပဒေများကို လွှတ်တော်မှပယ်ဖျက် ခြင်း(သို့မဟုတ်)ပြင်ဆင်ခြင်းများပြုလုပ်ပေး ခြင်းရှိမရှိစောင့်ကြည့်သွားမည်ဟု ဒေါက်တာညိုညိုသင်းကပြောသည်။ ဆက်သွယ်ရေးဥပဒေနှင့် နိုင်ငံတော် အကြည်ညိုပျက်စေသော ပုဒ်မများသည် ပြည်သူကို နှိပ်စက်သောဥပဒေများဖြစ်သည် ဟုယင်းကဆိုသည်။ ''များသောအားဖြင့် လုပ်နေတာက အစိုးရနဲ့လွှတ်တော်စောင့်ကြည့်ပေးတာ ပေါ့။ အစိုးရတစ်ရပ်အနေနဲ့ဘာတွေလုပ် သင့်တယ်။ လောလောဆယ် ပြည်သူလူထု ကို ဖိစီးနှိပ်စက်နေတဲ့ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)တို့လိုမျိုး ပြန်လည်စဉ်းစားသင့်တဲ့ ဥပဒေတွေအများကြီးရှိတယ်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ ပုဒ်မ ၅ဝ၅(ခ)တွေ ကိုပြန်လည်ပြင်ဆင်ဖို့လိုပါတယ်''ဟု ဒေါက်တာညိုညိုသင်းကပြောသည်။

Read more...

အသက် ၁၈ နှစ် မပြည့်သေးမှန်း သိလျှင် ကလေးစစ်သား အဖြစ် စုဆောင်းမည် မဟုတ်၊ အကြောင်း အမျိုးမျိုးကြောင့်သာ စုဆောင်းမိခြင်းဖြစ်ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်း ပြော

ရန်ကုန်

တပ်မတော်အနေဖြင့် အသက် ၁၈ နှစ် မပြည့်သေးမှန်းသိလျှင် ကလေးစစ်သား အဖြစ် စုဆောင်းမည်မဟုတ်ဘဲ အကြောင်း အမျိုးမျိုးကြောင့်သာ ကလေးစစ်သား စု ဆောင်းမိခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းကပြောသည်။ ''ကလေးစစ်သားဆိုတာ အကြောင်း အမျိုးမျိုးကြောင့် စုတာပဲဖြစ်ပါတယ်။ ဘယ်သူကမှ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ အခြားအဆင့်အကုန်လုံးက ၁၈နှစ် မပြည့်သေးမှန်းသိရင် ဘယ်သူမှ မစုဆောင်း ပါဘူး''ဟု ၎င်းကပြောသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191