Main menu
HOT NEWS
adv
ဘားအံမြို့ရှိ ထန်းကိုးပင် သုဿာန်တွင် အကျွတ်အလွတ်ပွဲ ကျင်းပ

ဘားအံမြို့ရှိ ထန်းကိုးပင် သုဿာန်တွင် အကျွတ်အလွတ်ပွဲ ကျင်းပ

ဘားအံ၊ ဧပြီ ၂၀

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ထန်းကိုးပင်သုဿာန်တွင် ဧပြီလ(၁၉) ရက် ညသန်းခေါင်ယံအချိန်က မာဃ လူမှုကူညီရေးအသင်းကြီးမှ ကြီးမှူး၍ အကျွတ်အလွတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပွဲတွင် မာဃလူမှုကူညီရေးအသင်းမှ ထမင်း၊ အသားဟင်း၊ ငါးဟင်းများကို ဖက်စိမ်းများဖြင့် ခင်းကျင်းကာ မကျွတ်မလွတ်သေးသည့် သတ္တ၀ါများအား ကျွေးမွေးဒါနပြုကြပြီး (၂၀)ရက် နံနက် (၅) နာရီခန့်တွင် ပင့်သံဃာ(၉)ပါးကို ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္တုများဆက်ကပ်ခြင်း၊ အမျှအတန်းပေးဝေခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“ဒီလိုလုပ်ဖြစ်ကြတယ်ဆိုတာက အသင်းကြီးရဲ့ နာယကဆရာတော်များဖြစ်တဲ့ တောင်ကလေးဆရာတော်၊ ဇွဲက ပင်ဆရာတော်၊ ဒန့်သလွန်ပင်ကျောင်းဆရာတော်တို့ရဲ့ သြ၀ါဒခံယူပြီး လုပ်ဖြစ်ခဲ့ကြတာပါ။ အဓိက ကတော့ ကျွန်တော်တို့ မာဃလူမှုကူညီရေးအသင်ကြီးက သက်ရှိလူသားတွေရဲ့ သာရေးနာရေး၊ ပညာရေးကအစ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသလို အကြောင်းအမျိုးမျိုးနဲ့သေဆုံးကွယ်လွန်ခဲ့သူတွေ မကျွတ်မလွတ်ရှိနေကြမယ်ဆိုရင် ကျွတ်ကြပါစေ၊ လွတ်ကြပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ကြတာပါ။” ဟု ဘားအံမြို့ မာဃလူမှုကူညီရေးအသင်းကြီး၏ ဥက္ကဌ ဦးအောင်သန်းက ပြောသည်။ အဆိုပါအသင်းမှ သေဆုံးသူများအတွက် ရည်စူးပြုလုပ်သည့် အကျွတ်အလွတ်ပွဲကို နှစ်စဉ် မြန်မာနှစ်ဆန်း တစ်ရက်ရက်တွင် ပြုလုပ်လေ့ရှိကြောင်း သိရသည်။

မောင်မောင်ငြိမ်း (မြစ်မခ)

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616