Main menu
HOT NEWS
adv
လပွတ္တာ မြို့နယ်တွင် အိမ်ပြန်ချင်သည့် ကလေးများ ရိုက်နှက်ခံရသည့် ကိစ္စ ကလေးသူငယ် မတရား ညှဉ်းပန်းနှိပ်စက်မှုဖြင့် တရား စွဲဆိုသွားမည်

လပွတ္တာ မြို့နယ်တွင် အိမ်ပြန်ချင်သည့် ကလေးများ ရိုက်နှက်ခံရသည့် ကိစ္စ ကလေးသူငယ် မတရား ညှဉ်းပန်းနှိပ်စက်မှုဖြင့် တရား စွဲဆိုသွားမည်

ရန်ကုန်

လပွတ္တာမြို့နယ်တွင် အိမ်ပြန်ချင်သည့် ကလေးငယ်များ ရိုက်နှက်ခံရခြင်းကို ကလေးသူငယ် မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ပြင်းထန်စွာ နာကျင်စေမှုဖြင့် တရားစွဲဆိုသွားမည်ဖြစ် ကြောင်း လပွတ္တာမြို့နယ် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအဖွဲ့မှ သိရသည်။ အရိုက်ခံကြရသည့် ၁ဝ နှစ်၊ ၁၁ နှစ်၊ ၁၂ နှစ်အရွယ်ရှိသော ကလေးငယ်လေးဦး၊ အမျိုးသမီးတစ်ဦးက တရားလိုပြုပြီး အဝါရောင်မျိုးဆက်သစ် ပရဟိတကျောင်းမှ ကလေးငယ်များကို ရိုက်သည့် ဘုန်းကြီးသုံးပါးအား တရားစွဲသွားမည်ဖြစ်သည်။


''ဒီမနက်ပဲ တူးမြောင်းရဲစခန်းကို သွားပြီး အမှုဖွင့်ပါတယ်။ ဆေးစာလဲကျပြီ။ ကလေးငယ် တွေ ပြန်ချင်တဲ့သူတွေ ရပ်လို့ပြောတယ်။ အရှည် တစ်တောင်ရှိတဲ့ ဝါးလုံးနဲ့ရိုက်တယ်။ ၁၂ နှစ်သားက ၂၅ ချက်လောက် အရိုက်ခံရတယ်။ ၁ဝ နှစ်သားလဲ သုံး၊ လေးချက် အရိုက်ခံရတယ်။ ကလေးငယ်ရဲ့ အမေဖြစ်သူလဲ ရိုက်ခံရတယ်။ သူကကိုယ်ဝန်ရှိတယ်။ ကလေးတွေအတွက် တော့ ကလေးသူငယ် မတရားညှဉ်းပန်းနှိပ်စက်မှု၊ ပြင်းထန်စွာ နာကျင်စေမှုနဲ့ တရားစွဲမယ်။ အမျိုးသမီးအတွက်ကတော့ တင်ပါးကို ရိုက်တဲ့အတွက် ကာယိနြေ္ဒပျက်ပြားစေမှု၊ ပြင်းထန်စွာ နာကျင်စေမှုနဲ့ ရိုက်တဲ့ ဘုန်းကြီးသုံးပါးကို တရား စွဲမယ်''ဟု ယင်းအမှုအား လိုက်လံဆောင်ရွက် ပေးနေသည့် မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအဖွဲ့(လပွတ္တာမြို့နယ် ဒုဥက္ကဋ္ဌ) ဦးစိုးစိုးက ပြောသည်။


အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကြည်ဝင်းက ''နစ်နာသူ တွေက တိုင်ချက်ဖွင့်ပါမယ်။ ပရဟိတကျောင်းမှာနေတဲ့ ကလေးတွေ ပြန်ချင်တယ်ဆိုတာကို ပေးမပြန်ဘဲ ၂၅ ချက်ရိုက်တာပါ''ဟု ပြောသည်။ အဝါရောင်မျိုးဆက်သစ် ပရဟိတကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ဝ မှ ၂ဝဝ အထိ ရှိကြောင်းနှင့် မိဘမဲ့များသာ လက်ခံခြင်း မဟုတ်ဘဲ မိဘရှိသော ကလေးငယ်များပါ လက်ခံထားခြင်းဖြစ်ကြောင်း သိရသည်။

 

သူသူထက်လွင်

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191