Main menu
HOT NEWS
adv
ကျိုက်ထိုမြို့နယ် အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျ၊ သစ်ပင်များ ပြိုလဲ၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်း နံရံ ပြိုကျ

ကျိုက်ထိုမြို့နယ် အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျ၊ သစ်ပင်များ ပြိုလဲ၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်း နံရံ ပြိုကျ

ကျိုက်ထို

မွန်ပြည်နယ် ကျိုက်ထို မြို့နယ်တွင် ဇွန် ၁၃ ရက် ညနေ ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့တွင် နေအိမ်များ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်း၊ သစ်ပင်များ ပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်၊၊ ''မနေ့ ညနေ ၄ နာရီ မိနစ် ၂ဝ လောက်မှာ လေပြင်းတိုက် ပြီးတော့ ပျဉ်းမစခန်းရွာလမ်းဘေးက သစ်ပင်တွေလဲပြီး ကားလမ်းပိတ်သွားတယ်။ ကြာဖြူကျေးရွာမှာ လဲ နေအိမ်တချို့ ပြိုကျတယ်၊ အမိုးလန်တယ်။ PT POWER ဆီဆိုင်နားမှာလဲ သစ်ပင်တွေလဲပြီးတော့ ကားလမ်းတစ်ဝက်လောက် ပိတ်သွားတယ်''ဟု ကျိုက်ထိုမြို့ခံ ဦးမြင့်စိုးက ပြောသည်၊၊


လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်ကြောင့် ကျိုက်ထိုမြို့နယ် ဖက်ကလိပ်ကျေးရွာအုပ်စု ကြာဖြူ ကျေးရွာတွင် လေဘေးသင့်အိမ် ထောင်စု ၁၂ စုရှိခဲ့ပြီး သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် သထုံခရိုင် ကျိုက်ထိုမြို့နယ် သဘာဝ ဘေးစီမံခန့်ခွဲရေးကော်မတီဝင်များက ဇွန် ၁၄ ရက် နေ့လယ်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်၊၊


အလားတူ ကျိုက်ထိုမြို့ နယ် သိမ်ဇရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၇၇/၁၉)နှင့် (၇၇/၂ဝ)အကြား ဖူးပွင့်ဝေဆာစားသောက်ဆိုင် အ နောက်ဘက်ရှိ အလျား ပေ ၅ဝ၊ အနံ ပေ ၂ဝ ရှိ မြေထိန်းနံရံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁၄ ရက် နံနက် ၇ နာရီခန့်က မီးရထားလမ်းပေါ်သို့ ပြိုကျပျက်စီးခဲ့ပြီး သိမ်ဇရပ်ကျေးရွာအုပ်ချုပ်ရေး မှူးနှင့် နယ်မြေခံ တပ်မတော်သားများ၊ ဒေသခံ ကျေးရွာသူကျေးရွာသားများ စုပေါင်း၍ ပြိုကျလာသော မြေသားများအား ရထားလမ်းပေါ်မှ ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်၊၊ အဆိုပါလေပြင်းတိုက် ခတ်ခြင်း၊ မြေပြိုကျခြင်းတို့ကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရသေဆုံးခြင်းမရှိကြောင်းနှင့် ကျိုက်ထိုမြို့နယ်အတွင်း မိုးရာသီကာလ၌ ရေကြီးခြင်း၊ မြေပြိုခြင်း၊ လေပြင်းတိုက်ခတ်ခြင်း စသည့်သဘာဝဘေး အန္တရာယ်များကို နှစ်စဉ် ကြုံတွေ့ ရလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

ထက်ဖြိုးပိုင်

#theflowernews

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616