Main menu
HOT NEWS
adv
၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် အောင်လံမြို့နယ်၌ မိုးနှမ်းဧက သုံးသောင်း ငါးထောင်ကျော် စိုက်ပျိုးရန် လျာထား

၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် အောင်လံမြို့နယ်၌ မိုးနှမ်းဧက သုံးသောင်း ငါးထောင်ကျော် စိုက်ပျိုးရန် လျာထား

အောင်လံ၊ ဇွန်၁၈

၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွက် မကွေးတိုင်းဒေသကြီး အောင်လံ မြို့နယ်အတွင်း မိုးနှမ်း ၃၅၁၁၈ ဧကစိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။ ''မိုးနှမ်းစိုက်ပျိုးမှုက နှစ်စဉ်လျာထားချက်ကျော်ပါတယ်။ ဒီမှာက နှမ်းနဲ့ပဲတီစိမ်းကို တောင်သူကအများဆုံးစိုက်ပျိုးကြတာ ဖြစ်ပါတယ်'' ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


အောင်လံမြို့နယ်အတွင်းမိုး နှမ်းစိုက်ပျိုးရာတွင် စမုံနက်(သိပ္ပံနှမ်းနက်)ကို အများဆုံးစိုက်ပျိုးကြပြီး နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီများကိုလည်း စိုက်ပျိုးကြသည်။ ''နှမ်းသီးနှံကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် အဟန့်အတားဖြစ်နေတဲ့စိုက်ခင်းသုံးပိုးသတ်ဆေးဓာတ်ကြွင်းကိစ္စဆွေးနွေးပွဲ တွေကို စိုက်ပျိုးရေးဌာန၊ မြို့နယ်ကုန်သည် အသင်း၊ မြို့နယ်စားသုံးသူရေးရာဌာနနဲ့ ဂျပန်နိုင်ငံ KATAGI FOODS CO.,Ltd က တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး နှမ်းစိုက်တောင်သူတွေကို အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်''ဟု မြို့နယ်စားသုံးသူ ရေးရာဦးစီးမှူး ဦးကျော်မျိုးမင်းကပြောသည်။  အောင်လံမြို့နယ်အတွင်း ၂ဝ၁၆- ၂ဝ၁၇ ခုနှစ်က နှမ်းစမုံ ၃၄၉၃၇ ဧကစိုက်ပျိုးခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးရုံးမှသိရသည်။

 

HT (AL)

#democracytoday

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616