Main menu
HOT NEWS
adv
ချင်းတွင်းမြစ် ရေကြီး၍ အိမ်ထောင်စု ၃ဝ၄၄ စု နှင့် လူဦးရေ ၁၄၂ဝ၇ ဦး ရေဘေးသင့်

ချင်းတွင်းမြစ် ရေကြီး၍ အိမ်ထောင်စု ၃ဝ၄၄ စု နှင့် လူဦးရေ ၁၄၂ဝ၇ ဦး ရေဘေးသင့်

မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်တစ်လျှောက်ရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီမြို့နှင့် မုံရွာမြို့တို့၌ မြစ်ရေကြီးမြင့်မှုကြောင့် အိမ်ထောင်စု ၃ဝ၄၄ စု (လူဦးရေ ၁၄၂ဝ၇) ရေဘေးသင့်ခဲ့သည်။ ယင်းရေဘေးသင့်မှုကြောင့် ချင်းတွင်းမြစ်တစ်လျှောက် မြို့များတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၄ဝ ကျော် ဖွင့်လှစ်ထား ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။


မုံရွာမြို့တွင်လည်း ကမ်းနားလမ်းတစ်လျှောက် တာရိုးပေါ်တွင် ရေကင်း ၂၄ ကင်းအသင့်ထားရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခင်ဆင့်က ပြောသည်။ ''ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အနေနဲ့ ကမ်းနားလမ်းတစ် လျှောက် ရေကင်း ၂၄ ကင်းကို ၂၄ နာရီ အသင့်ထားရှိပြီး ရှာဖွေ ကယ်ဆယ်ရေးရေယာဉ်နှစ်စင်းနဲ့ မီးငြှိမ်းသတ်လို့ရတဲ့ရေယာဉ်တစ်စင်း နှင့် တစ်ရက်လျှင် နှစ်ကြိမ်၊ မနက် တစ်ကြိမ် ညနေတစ်ကြိမ် မြစ်ရိုး တစ်လျှောက် လှည့်လည်သတိပေးပါတယ်''ဟု ၎င်းက ပြောဆိုသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ တန်ဖိုးငွေ ကျပ် ၃၇၇၃၅၈၉ဝ အစားအစာနှင့် ပစ္စည်းများ ထောက်ပံ့ထားကြောင်း သိရသည်။

 

စိုးမြစိုး

#theflowernews

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191