Main menu
HOT NEWS
adv
ချင်းတွင်းမြစ်ရိုး တစ်လျှောက် မြို့ရှစ်မြို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်

ချင်းတွင်းမြစ်ရိုး တစ်လျှောက် မြို့ရှစ်မြို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်

ခန္တီး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး မြို့တွင် ဇွန်လကုန်ရက်ပိုင်း ချင်း တွင်းမြစ် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဇူလိုင် ၉ ရက်မှစတင် ၍ ဒုတိယအကြိမ် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း ခန္တီးမြို့ဒေသခံတစ်ဦးက ပြောသည်။ ''အခုကတော့ ခန္တီးမြို့မှာ ဇီးဖြူကုန်းကလွဲလို့ ကျန်တဲ့ရပ်ကွက်တွေ ရေဝင်နေပြီလို့ ပြောရ မှာပါ။ ပေါမိုင်း၊ သာစည်၊ ခေါ်ပဲဝ၊ နောင်ပကျစ်လယ်ပြင်တန်း၊ ကမ်းနားတန်းအားလုံး ရေဝင်နေတယ်။ရေဘေးရှောင်တွေလဲ ခြောက်ရာ ဝန်းကျင်လောက်ရှိတယ်။ အထူး သဖြင့်တော့ တနိုင်းဘက်မှာလဲ ရေ ကြီးနေပြီး တနိုင်းက ရေကျလာရင်လဲ ခန္တီးမှာ ရေကြီးနိုင်တယ်''ဟု ¤င်းက ပြောသည်။


ခန္တီးခရိုင် မြို့နယ်တာဝန်ရှိများ ဦးဆောင်သည့် ပြည်သူများ အား ရေလွတ်ရာသို့ ပြောင်းရွှေ့ ပေးခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေဘေးသင့်တို့ လတ်တလော စားသောက်နေထိုင်ရေးကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်ပေးလျက်ရှိကြောင်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန် ရှိတစ်ဦးက ဇူလိုင် ၁၂ ရက်တွင် ပြောသည်။ တိုင်းဒေသကြီးအစိုးရ ၏ သတင်းထုတ်ပြန်ချက်အရ ချင်း တွင်းမြစ်ကမ်းတစ်လျှောက်ရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ စုစုပေါင်း မြို့ရှစ်မြို့တွင် စိုးရိမ်ရေ မှတ်ကျော်လွန်နေပြီး အိမ်ထောင်စု ၂ဝဝဝ ဝန်းကျင်၊ လူဦးရေ တစ် သောင်းဝန်းကျင် ပြောင်းရွှေ့ပေး နေရကာ ရေဘေးသင့်အိမ်ထောင်စု များအနေဖြင့် ရေလွတ်ရာစာသင် ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်း များနှင့် ဘုရားများတွင် နေရာချ ထားပေးကြောင်း သိရသည်။


ချင်းတွင်းမြစ်ရိုးတစ် လျှောက် ရေကြီးရေလျှံမှုကြောင့် မြစ်ရိုးတစ်လျှောက်ကျောင်းပေါင်း ၁၈၆ ကျောင်းကျော် ပိတ်ထားရပြီး မုံရွာ-ဟုမ္မလင်း-ခန္တီး အမြန်ရေယာဉ်သွားလာမှုကိုလည်း ပိတ်ထားကြောင်းသိရသည်။ ယခုရေကြီးရေလျှံမှုတွင် စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ချင်းတွင်းမြစ်ရိုးတစ် လျှောက် ရေဘေးသင့် တစ်ခရိုင်လျှင် ငွေကျပ် သိန်း ၁ဝဝ၊ စားနပ် ရိက္ခာ၊ အဝတ်အထည်၊ အသုံးအ ဆောင်ပစ္စည်းများ ထောက်ပံ့ထား ကြောင်း ယင်းရုံးမှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ ကလေးဝအခြေစိုက် မိုးဇလရုံးမှ ဇူလိုင် ၁၃ ရက် ထုတ် ပြန်ကြေညာချက်အရ ချင်းတွင်းမြစ် ရေသည် ကလေးဝမြို့တွင် ၁၇၁၉ စင်တီမီတာ (စိုးရိမ်ရေမှတ်မှာ- ၁၅၅ဝ)၊ ခန္တီးမြို့တွင် ၁၃၃၄ စင်တီ မီတာ (စိုးရိမ်ရေမှတ်- ၁၃၆ဝ)၊ ဟုမ္မလင်းမြို့တွင် ၂၉၉၉ စင်တီမီတာ (စိုးရိမ်ရေမှတ်-၂၉ဝဝ)၊ ဖောင်းပြင် မြို့တွင် ၁၄၂၇ စင်တီမီတာ (စိုးရိမ် ရေမှတ်-၁၃၂၅)၊ မော်လိုက်မြို့တွင် ၁၄၄ဝ စင်တီမီတာ (စိုးရိမ်ရေမှတ်- ၁၂၃ဝ)၊ မင်းကင်းမြို့တွင် ၁၅ဝ၉ စင်တီမီတာ (စိုးရိမ်ရေမှတ်- ၁၃၅ဝ)၊ ကနီမြို့တွင် ၁၂၈၁ စင်တီမီတာ (စိုးရိမ်ရေမှတ်-၁၂၇ဝ)၊ မုံရွာမြို့တွင် ၁ဝ၆၁ စင်တီမီတာ (စိုးရိမ်ရေမှတ်- ၁ဝဝဝ)ဖြစ်ကြောင်း သိရသည်။

 

ပန်သစ္စာ

#theflowernews

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191