Main menu
HOT NEWS
adv
အောင်လံမြို့နယ်နှင့် ရေနံချောင်းမြို့နယ် အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာပြောင်းရွှေ့နေ

အောင်လံမြို့နယ်နှင့် ရေနံချောင်းမြို့နယ် အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာပြောင်းရွှေ့နေ

အောင်လံ၊ ဇူလိုင် ၁၆

ဧရာဝတီမြစ် ရေ မြင့်တက်လာမှုကြောင့် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ဧရာဝတီမြစ်ကမ်းနားနေ ပြည်သူများနှင့် ရေနံချောင်းမြို့နယ်အတွင်းမှ ပြည်သူများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေရကြောင်း သိရသည်။ ''ဧရာဝတီမြစ်ရေမြင့်တက်လာတဲ့အတွက် အောင်လံမြို့က မြစ်ကမ်းနားနေ ကျေးရွာပြည်သူတွေနဲ့ အိမ် တွေ၊ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးမှု မရှိစေဖို့ ကြိုတင်ပြင်ဆင်ပြောင်းရွှေ့ နေထိုင်စေဖို့ တာဝန်ရှိသူတွေက လိုက်လံသတိပေးတာပါ''ဟု တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောကြားသည်။


မြစ်ရေမြင့်တက်လာမှုနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း၊ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူး ဟန်စိန်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးမင်းထွန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်နှင့် မီးသတ်တပ် ဖွဲ့ဝင်များသည် မြို့မြောက်ဘက် ဧရာဝတီမြစ်ကမ်းနား ကျေးရွာများ ဖြစ်သော မိုးဖုန်းကျေးရွာ၊ မြွေရိုး ကျေးရွာ၊ ရွှေသူဌေးကျေးရွာနှင့် ရေ ပြင်ကျေးရွာများသို့ စက်လှေများ ဖြင့်သွားရောက်ကာ လိုက်လံသတိ ပေးနေသည်။ ''မြစ်ရေကအရင်နှစ်တွေလောက် အတက်မကြမ်းပါဘူး။ ကမ်းနားနေတဲ့သူတွေကတော့ ရေဘေးလွတ်ရာ ဆွေမျိုးတွေအိမ်နဲ့ လမ်းဘေးမှာ ခေတ္တတဲထိုးပြီး ပြောင်းရွှေ့နေကြပါတယ်''ဟု စမ်းချောင်းရပ်အုန်းတော ချောင်းတောင်ဘက်ရပ်ကွက်နေသူတစ်ဦးက ပြောကြားသည်။


အောင်လံမြို့အနိမ့်ပိုင်း ကမ်းနားရပ်ကွက်များဖြစ်သော သရက် တောရပ်ကွက်၊ ဗိုလ်ကုန်းရပ်၊ စမ်း ချောင်းရပ်ကွက်၊ စက်ရုံရက်ကွက်နှင့် ရွာထောင်ရပ်ကွက်များအတွင်း မြစ်ရေများ စတင်ဝင်ရောက်လာ နေကြောင်း သိရသည်။ ဧရာဝတီမြစ်ရေမြင့်တက်မှု ကြောင့် ရေနံချောင်းမြို့နယ်အတွင်း ရှိကျေးရွာအချို့မှ ပြည်သူများ ယာယီတည်းခိုရေးစခန်းများသို့ ရွှေ့ပြောင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။ ''မြစ်ရေတက်နေပါပြီ။ အချို့ မိသားစုတွေ ရွှေ့ပြောင်းနေပါတယ်။ အိမ်မှာပစ္စည်းတွေကလည်း ရှိနေတယ်ဆို။ အိမ်စောင့်တစ်ဦးထားရ တယ်။ အိမ်စောင့်ကတော့ အိမ်ရဲ့ ထုပ်တန်းမှာစင့်ထိုးပြီးနေရတာ။ တိရစ္ဆာန်တွေကတော့ ရွှေ့ပြောင်းနေရတယ်''ဟု မာန်မြေကျေးရွာအုပ်စု မှ ဒေသခံတစ်ဦးကပြောကြားသည်။


ဧရာဝတီမြစ်ရေတက်မှုကြောင့် မြို့မမြောက်ရပ်ကွက်ရှိ အိမ်ခြေ ၄၆ အိမ်၊ အိမ်ထောင်စု ၄၆ စုမှ လူဦး ရေ ၁၅၁ ဦး၊ ဘိုကုန်းရပ်ကွက်ရှိ အိမ်ထောင်စု ၃၅ စုမှ လူဦးရေ ၆ဝ၊ ဖောင်းကတောကျေးရွာအုပ်စုရှိ အိမ်ထောင်စုလေးစုမှ လူလေးဦး၊ ပင်းဝကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၇၆ စုမှ လူဦးရေ ၂၇၂ ဦး၊ ဆား တိုင်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု တစ်စုမှ လူငါးဦးနှင့် ဘဲဆိပ်ကျေးရွာအုပ်စုရှိ အိမ်ထောင်စုလေးစုမှ လေးဦးတို့သည် ယာယီတည်းခိုရေး စခန်းများသို့ရောက်ရှိနေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး စာရင်းအရ သိရသည်။

 

SS/HT(AL)

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191