Main menu
HOT NEWS
adv
ဗန်းမော်မြို့ရှိ စစ်ရှောင် စခန်းများ၌ နေ့ချင်းပြီး နိုင်ငံသား စိစစ်ရေးကတ် ဆောင်ရွက်ပေး

ဗန်းမော်မြို့ရှိ စစ်ရှောင် စခန်းများ၌ နေ့ချင်းပြီး နိုင်ငံသား စိစစ်ရေးကတ် ဆောင်ရွက်ပေး

ဗန်းမော်၊ ဇူလိုင် ၁၆

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဗန်းမော် မြို့ရှိ အေဒီ-၂ဝဝဝ တိမ်းရှောင် စခန်းနေပြည်သူများကို နေ့ချင်းပြီး နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဗန်းမော်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့် ကျော်နှင့် ဝန်ထမ်းများသည် အရှေ့ သာစည်ရပ်ကွက်ရှိ အေဒီ-၂ဝဝဝ တိမ်းရှောင်စခန်းနေပြည်သူများကို နေ့ချင်းပြီး မှတ်ပုံတင်ပြုလုပ်ပေးခဲ့ ရာ အသက် (၁ဝ)နှစ်ပြည့်မှတ်ပုံတင်အဖြစ် ကျား ၅၂ ဦး၊ မ ၃၇ ဦး၊ အသက်(၁၈)နှစ်ပြည့်မှတ်ပုံတင်ကျား ခြောက်ဦး၊ မတစ်ဦးတို့အပြင် မှတ်ပုံတင်ပျောက်ဆုံးသူသုံးဦးနှင့် လဲလှယ် သူတစ်ဦးတို့ကို ပြုလုပ်ပေးခဲ့သည်။


နိုင်ငံသားစီမံချက်အနေဖြင့် ဇူလိုင်လအတွင်း ရွှေကျီးနား IDP Campတွင် ပြည်သူ ၂၂ ဦး၊ အထက (၃)တွင် ကျောင်းသားကျောင်းသူ ၁၃၅ ဦး၊ အထက(ခွဲ) အလက(၄) တွင် ကျောင်းသားကျောင်းသူ ၂၅၇ ဦး၊ အလက(၃)တွင် ကျောင်းသား ကျောင်းသူ ၁၂၃ ဦး၊ စစ်ကဲကုန်း ပရဟိတကျောင်းတွင်ရှစ်ဦး၊ တံခွန် တိုင်ပရဟိတကျောင်းတွင် ၁၇ ဦး၊ သီလရှင်ပညာရေးကျောင်းတွင် သာသနာ့အနွယ်ဝင်စိစစ်ရေးကတ် ပြား ၂၈ ပါးတို့ကို ပြုလုပ်ပေးခဲ့ ကြောင်း၊ အလားတူ ဖန်ခါးကုန်းနှင့် ထွယ်ဆန်တိမ်းရှောင်စခန်းများ၌လည်း ဆက်လက်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

MTH

#democracytoday

 

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191