Main menu
HOT NEWS
adv
မော်လမြိုင်တွင် လိမ္မော်သီးနှစ်လုံး ခိုးစားသည်ဟုဆိုကာ အလုပ်ရှင်မှ အလုပ်သမားကို ရေနွေးပူဖြင့် လောင်းသော အမှုကို ခရိုင်တရားရုံးမှ အယူခံ ပလပ်

မော်လမြိုင်တွင် လိမ္မော်သီးနှစ်လုံး ခိုးစားသည်ဟုဆိုကာ အလုပ်ရှင်မှ အလုပ်သမားကို ရေနွေးပူဖြင့် လောင်းသော အမှုကို ခရိုင်တရားရုံးမှ အယူခံ ပလပ်

မော်လမြိုင်၊ သြဂုတ်-၁၂

မော်လမြိုင် မြို့နယ်တရားရုံးမှ ထောင်ဒဏ်ခုနစ် နှစ် ချမှတ်ခြင်းအအပေါ် တရားခံဘက်မှ မော်လမြိုင်ခရိုင်တရားရုံးထံ အယူခံလျှောက်လွှာတင်သွင်းခဲ့ရာ မော်လမြိုင်ခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဒေါ်ကြူကြူဝင်းက အယူခံလျှောက်လွှာကို ပလပ်ပြီး မူလပြစ်မှုထင်ရှား၍ တရားစီရင်သော အမိန့်ကို ဆက်လက်အတည်ပြုကြောင်း သြဂုတ် ၁၁ရက် ညနေ ၃နာရီတွင် အမိန့်ချမှတ်ကြောင်း သိရသည်။

 

အမှုမှာ ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် မော်လမြိုင်တက္ကသိုလ် ဆယ်မြို့နယ်ဆောင်တွင် အလုပ်လုပ်သော ထမင်းချက်အကူ မ----(၁၄)နှစ်အား မီးဖိုချောင်မှ လိမ္မော်သီးနှစ်လုံးပျောက်ဆုံးနေသဖြင့် ခိုးစားသည်ဟု စွပ်စွဲပြီး ထမင်းချက်ကန်ထရိုက်တာအလုပ်ရှင် ဒေါ်အေး အေးစိုး (၃၇) နှစ်ကခန္ဓာကိုယ်တစ် ကိုယ်လုံးပေါ်သို့ ရေနွေးပူဖြင့် လောင်းချပြီး၊ ဦးခေါင်း၏ ဝဲဘက်အခြမ်းကို ထင်းခြမ်းဖြင့် ရိုက်နှက်သဖြင့် မ------နှင့်အတူနေ အဒေါ်ဖြစ်သူ ဒေါ်လှကြည်က တရားလိုပြုလုပ်၍ တိုင်တန်းချက်အရ မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းက (ပ)၅၆၆/၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ- ၃၂၆/၃၂၃ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါအမှုအား မော်လမြိုင် မြို့နယ်တရားရုံးမှ ကြားနာစစ်ဆေးပြီး ထောင်ဒဏ်ခုနစ်နှစ် ကျခံစေရန် မော်လမြိုင်မြို့နယ်တရားသူကြီး ဦးစိုး မင်းက မေ ၁၈ရက် ညနေ ၄နာရီတွင် ဒေါ်အေးအေးစိုး (၃၇)နှစ်ကို အမိန့်ချမှတ်လိုက်သဖြင့် ဒေါ်အေးအေးစိုးက တရားလိုပြုလုပ်ပြီး မော်လမြိုင် ခရိုင်တရားရုံးသို့ အယူခံလျှောက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ရာ မော်လမြိုင် ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီးက အယူခံလျှောက်လွှာကို ပလပ်ပြီး မူလစီရင်သောအမိန့်ကို အတည်ပြုကြောင်း ဆုံးဖြတ်ခြင်းဖြစ်သည်။ 

 

AHO

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191