Main menu
HOT NEWS
adv
နေပြည်တော် ငလိုက် ဆင် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်း၌ ကမ္ဘာ့ဆင်များနေ့ အခမ်းအနားကို ပထမဦးဆုံး အကြိမ် ကျင်းပ

နေပြည်တော် ငလိုက် ဆင် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်း၌ ကမ္ဘာ့ဆင်များနေ့ အခမ်းအနားကို ပထမဦးဆုံး အကြိမ် ကျင်းပ

နေပြည်တော်၊ သြဂုတ် ၁၂

နေ ပြည်တော်-ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၂၁၇ မိုင်ရှိ နေပြည်တော် ပြည်ထောင်စုနယ်မြေ ငလိုက်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၌ ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဆင်များနေ့အခမ်းအနားကို သြဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားအစီအစဉ်အရ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းမှ ကမ္ဘာ့ဆင်များနေ့အခမ်း အနားအဖွင့်ပြောကြားခြင်း၊ နေပြည် တော်တောင်ပိုင်းသစ်ထုတ်လုပ်ရေး ဒေသဒုတိယအထွေထွေမန်နေဂျာ မှ ဆင်အကြောင်းသိကောင်းစရာ နှင့် ဆင်ထိန်းသိမ်းရေးစောင့်ရှောက် ရေးစခန်းများဖွင့်လှစ်ရခြင်းရည်ရွယ် ချက်များရှင်းလင်းပြောကြားခဲ့ပြီး ကမ္ဘာ့ဆင်များနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဧည့်သည်များနှင့် နေ ပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအမှတ်(၂၁)သစ်စက် မူလတန်းကျောင်းမှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသားကျောင်းသူများက ဆင်စခန်းရှိဆင်များကို ဆင်စာ (ဘူဖေး)များကျွေးမွေးခဲ့ကြသည်။


ကမ္ဘာ့ဆင်များနေ့ကို သြဂုတ် ၁၂ ရက်အဖြစ် ကမ္ဘာ့နိုင်ငံများရှိ ဆင်ချစ်သူများအဖွဲ့မှဦးဆောင်သတ် မှတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဆင်များနေ့ အခမ်းအနားအား နေပြည်တော်၌ ယခုပထမဆုံးအကြိမ်ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါစခန်း၌ ဆင် အကြီးရှစ်ကောင်နှင့် ဆင်အသေး နှစ်ကောင် ထိန်းသိမ်းစောင့်ရှောက် ထားရှိ၍ ဗဟုသုတအဖြစ်လာရောက် ကြည့်ရှုကြသည့် ပြည်သူများနှင့် နိုင်ငံခြားဧည့်သည်တို့အတွက် ဆင် စီးခြင်း၊ အပန်းဖြေရန်အဆောက် အအုံများနှင့် ဈေးဆိုင်ခန်းများထား ရှိပေးသည့်အပြင် ငလိုက်ဟိုတယ် နှင့်ချိတ်ဆက်၍ အပျော်စီးစက်လှေ များထားရှိဆောင်ရွက်ထားကြောင်း နှင့် မြန်မာတစ်နိုင်လုံး၌ ဌာနပိုင်ဆင်စခန်း ၁၇ ခုနှင့် ပုဂ္ဂလိကဆင်စခန်း သုံးခုရှိပြီး ငလိုက်နေပြည်တော်ဆင် စခန်းသို့ လာရောက်အပန်းဖြေလေ့ လာမှုများ ရုံးပိတ်ရက်များ၌ တစ်နေ့ လျှင် ပြည်သူ ၂ဝဝ ဦးခန့်လာရောက် ခဲ့ကြောင်း သိရှိရသည်။

 

MP

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191