Main menu
HOT NEWS
adv
ကရင်အမျိုးသား အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျောက်ကြီးမြို့၌ ကျင်းပ

ကရင်အမျိုးသား အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျောက်ကြီးမြို့၌ ကျင်းပ

ကျောက်ကြီး၊ သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့တွင် သြဂုတ် ၁၂ ရက် နံနက် ၆ နာရီခန့်က (၆၇) ကြိမ်မြောက် ကရင် အမျိုးသားအာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို ကျင်းပကြောင်းသိရသည်။ အခမ်းအနားသို့ KNU အဖွဲ့အစည်းမှ နော်စိုးနှင့် ဖဒိုစောအယ်ထူး၊ KNU ဆက်ဆံရေးရုံးမှ စောသိုးမဲ နှင့် ကျောက်ကြီးမြို့ ရွှေကျင်ကရင်နှစ်ခြင်း ခရစ်ယာန် သာသနာနယ်အသင်းတော်မှ တာဝန်ရှိသူများ၊ ကရင် တိုင်းရင်းသားများနှင့် ဒေသခံပြည်သူအင်အား ၂ဝဝ ကျော်တက်ရောက်ခဲ့ကြသည်။


အခမ်းအနားအစီအစဉ်အရ ရှေးဦးစွာ ကရင်အလံတော်အား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ကရင်အာဇာနည်ကြီးများ အလေးပြုခြင်း၊ လွမ်းသူ့ပန်း ခွေချခြင်း၊ KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ (၆၇) ကြိမ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့တွင်ပေးပို့လာသော သဝဏ်လွှာကို ရွှေကျင်သာသနာနယ် အသင်းတော်မှ ဆရာမနော် မုသောနှင့် နော်အက်စပရေးဖောတို့မှ ဖတ်ကြားခဲ့ကြ ပြီး စုပေါင်းအမှတ်တရဓာတ်ပုံများ ရိုက်ကြကာ အခမ်းအနားကို နံနက် ၈ နာရီခွဲတွင် အောင်မြင်စွာကျင်းပရုပ်သိမ်းခဲ့ကြောင်း သိရသည်။


MMN

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191