Main menu
HOT NEWS
adv
မော်လမြိုင်မြို့တွင် မီးလောင်မှုဖြစ်ပွားရာမှ နေအိမ်နှစ်လုံး၊ မော်တော်ယာဉ် တစ်စီးနှင့် ဆိုင်ကယ် တစ်စီးတို့ ဆုံးရှုံး

မော်လမြိုင်မြို့တွင် မီးလောင်မှုဖြစ်ပွားရာမှ နေအိမ်နှစ်လုံး၊ မော်တော်ယာဉ် တစ်စီးနှင့် ဆိုင်ကယ် တစ်စီးတို့ ဆုံးရှုံး

မော်လမြိုင်၊ စက်တင်ဘာ ၁၁

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် သီရိမင်္ဂလာရပ်ကွက်တွင် စက်တင်ဘာ ၁၁ရက် နံနက် ၉နာရီက မီး လောင်မှုဖြစ်ပွားရာ နေအိမ်နှစ်လုံး၊ မော်တော်ယာဉ်တစ်စီးနှင့်ဆိုင်ကယ်တစ်စီးတို့ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက် (၁၆)လမ်း၊ အိမ်အမှတ်(--)နေအိမ်တွင် စက်တင်ဘာ ၁၁ရက် နံနက် ၉နာရီက မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီး လောင်မှုဖြစ်ပွားခဲ့ရာ မွန်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးတင်မောင်နီ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များ၊ ရပ်ကွက် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှု ကြောင့် မီးမှာ နံနက် ၉နာရီခွဲတွင် လုံးဝငြိမ်းသွားသည်။ မီးလောင်မှု ကြောင့် ၁၇ပေx၂၇ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး၊ အနီးရှိ ၁ဝပေxပေ ၂ဝ ဖက်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး၊ ဟွန်ဒါဖစ်မော်တော်ယာဉ်တစ်စီး၊ျွှလေန ဆိုင်ကယ်တစ်စီးနှင့်အတွင်း ပစ္စည်းများ၊ မီးလောင်ဆုံးရှုံးသွားကာ မီးလောင်မှုတန်ဖိုးမှာ မီးသတ်ဦးစီးဌာန၏ တွက်ချက်မှုအရ ကျပ် ၈၇၄၄၂၅ဝ ဆုံးရှုံးသွား ကြောင်း သိရသည်။


''လမ်းက ကွန်ကရစ်လမ်းဆို ပေမယ့် လမ်းကကျဉ်းလွန်းတယ်။ ကားတစ်စီးစာအတိပဲဖြစ်နေတယ်။ နံနက်ပိုင်းဖြစ်နေလို့ တော်သေး တယ်။ ညပိုင်းဆိုရင် လူနဲ့၊ လမ်းနဲ့၊ ကားနဲ့သွားဖို့ အတော်လေးအခက် ကြုံသွားနိုင်တယ်''ဟု မော်လမြိုင် ခရိုင်မီးသတ်ဦးစီးမှူးဦးရဲအောင် က ပြောကြားသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မော် လမြိုင်မြို့ မုပွန်ရဲစခန်းမှ ဒေါ်ဝေ ဝေနွယ်အား (ပ)၄၃၇/၂ဝ၁၇၊ ပြစ်မှု ပုဒ်မ-၂၈၅အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။ 

 

AHO

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191