Main menu
HOT NEWS
adv
တတိယ အကြိမ်မြောက် Myanmar Youth Micro Film ပြိုင်ပွဲဝင်ဇာတ်ကားများ ယခုလကုန်နောက်ဆုံး ထားပေးပို့ရမည်

တတိယ အကြိမ်မြောက် Myanmar Youth Micro Film ပြိုင်ပွဲဝင်ဇာတ်ကားများ ယခုလကုန်နောက်ဆုံး ထားပေးပို့ရမည်

တတိယ အကြိမ်မြောက် Myanmar Youth Micro Film ပြိုင်ပွဲဝင်လိုသူများအနေနှင့်မိမိ၏ပြိုင်ပွဲ ၀င်ဇာတ်ကားများအားယခုလကုန်စက်တင်ဘာလ၃၀ ရက်နေ့နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

 ပြိုင်ပွဲဝင်ဇာတ်ကားများအား စက်တင်ဘာလ ၃၀ရက်နေ့ ညနေ ၅နာရီ နောက်ဆုံးထားပြီး Monnect Group Co.,Ltd 53,Room#05-05,Strand Rd(Between 32th Street and Bo Soon Pad Road),Pabedan Township,Yangon 11141, Myanmar Ph:+951-2307399, +959-458136788 သို့ပေးပို့နိုင်ကြောင်း သိရသည်။

ကျင်းပမည့် တတိယ အကြိမ်မြောက် Myanmar Youth Micro Film Contest တွင် ဆုကြေးငွေ မြင့်မားခြင်းနှင့်အတွေ့အကြုံအသစ်များရရှိနိုင်ကာဆုကြေးငွေများအနေနှင့်ဒေါ်လာ ၆၀၀၀၊ ၃၀၀၀၊ ၂၀၀၀၊ ၅၀၀ ဟူ၍အသီသီး သတ်မှတ်ထားကာ ပြိုင်ပွဲဝင်ဇာတ်ကားများ အားလုံးအား တီဗီနှင့်လူမှုကွန်ယက်စာမျက်နှာ မှတစ်ဆင့် ရုပ်ရှင်ချစ်ပရိသတ်များဆီသို့တင်ဆက်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် Myanmar Microfilm Promotion Show အား Junction City Main Atrium (Level 2) တွင်စက်တင်ဘာလ ၁၂ ရက်နေ့ညနေငါးနာရီအချိန်တွင်ပြုလုပ်ခဲ့ကာ အခမ်းအနား၌ ဇာတ်ကားများပြသခြင်း ကံစမ်းများ အစီအစဉ်များပြုလုပ်ခဲ့ကြောင်းသိရသည်။

အာကာထက်

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191