Main menu
HOT NEWS
adv
ရခိုင်ပြည်နယ်တွင် နယ်စပ်ခြံစည်းရိုးကာရန် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းက ကျပ်သိန်းပေါင်း သုံးသောင်းကျော် လှူဒါန်း

ရခိုင်ပြည်နယ်တွင် နယ်စပ်ခြံစည်းရိုးကာရန် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းက ကျပ်သိန်းပေါင်း သုံးသောင်းကျော် လှူဒါန်း

ရန်ကုန်၊ စက်တင်ဘာ ၁၂- ရခိုင်ပြည်နယ်တွင် နယ်စပ်ခြံစည်းရိုး ကာရံခြင်းအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင် ဒေးရှင်းမှ ငွေကျပ်သိန်း ၃၁၆၉ဝ ကို လှူဒါန်းခဲ့ကြောင်း ယင်းဖောင် ဒေးရှင်းမှ သိရသည်။

အဆိုပါလှူဒါန်းခြင်းအခမ်းအနားကို စက်တင်ဘာ ၁ဝ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာချုပ်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား ခဲ့ကြောင်း လည်းသိရသည်။

''အနောက်တံခါးလုံခြုံရေးအတွက် လှူဒါန်းတာပါ''ဟု ဖောင် ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၁၂ ရက်က ပြောသည်။

ထို့ပြင် နယ်စပ်ခြံစည်းရိုးကာရံခြင်းအတွက် Gate Ways Group of Co.,Ltd က ငွေကျပ် ၆၃၃၈ သိန်း၊ ရန်ကုန်မြို့တိပိဋကရမ်းဗြဲဆရာတော်နှင့်အဖွဲ့က ငွေကျပ်သိန်း ၃ဝဝ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်(ရုံးချုပ်)က ငွေကျပ်သိန်း ၂ဝဝ၊ မြန်မာစီးပွားရေး  ကော်ပိုရေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီများက ငွေကျပ် ၁၈၂ သိန်းနှင့် တစ်ဦး ချင်းအလှူရှင်နှစ်ဦးတို့က အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

MTZ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191