Main menu
HOT NEWS
adv
ပွင့်လင်းရာသီတွင် ကဗျာဝကမ်းခြေ သန့်ရှင်း သာယာလှပရေး  ပြည်နယ် အစိုးရအနေဖြင့် အလေးထား ဆောင်ရွက်ပေးသင့် ဟုဆို

ပွင့်လင်းရာသီတွင် ကဗျာဝကမ်းခြေ သန့်ရှင်း သာယာလှပရေး ပြည်နယ် အစိုးရအနေဖြင့် အလေးထား ဆောင်ရွက်ပေးသင့် ဟုဆို

ရေး၊ စက်တင်ဘာ ၁၃

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ ကဗျာဝကမ်းခြေအား လာမည့်ပွင့်လင်းရာသီအတွင်း သန့်ရှင်းသာ ယာရေးနှင့် စနစ်တကျဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် အလေးအနက်ထားဆောင်ရွက်ပေးသင့်ကြောင်း ရေးမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။  ''လည်ပတ်သူအတော်များလာတယ်။ အဲဒီလိုဖွံ့ဖြိုးလာပေမယ့် စနစ်တကျမရှိသေးဘူး၊ ဒေသခံတွေ ရဲ့ မိရိုးဖလာပုံစံနဲ့ပဲ ပရမ်းပတာပုံစံမျိုး ဖြစ်နေတယ်။ ဆိုင်ခန်းနေရာချ ထားမှုစတဲ့အဆင်မပြေမှုတွေ များခဲ့တယ်။ ယခင်နှစ်တွေကထက် လည်ပတ်သူများလာမယ်လို့မြင်တယ်။ အဲဒီအတွက် ပြည်နယ်အစိုးရအနေနဲ့ ကမ်းခြေသာယာလှပရေး စနစ်တကျ စီမံခန့်ခွဲမှုတွေ လုပ်သင့်တယ်လို့မြင်တယ်'' ဟု ရေးမြို့နယ် လူမှုအကျိုး ဆောင်အဖွဲ့ အတွင်းရေးမှူး ဦး အောင်နိုင်ဝင်းက စက်တင်ဘာ ၁၂ ရက်တွင်ပြောသည်။


ကဗျာဝကမ်းခြေကို အပန်းဖြေကမ်းခြေစီမံကိန်းတစ်ခုအဖြစ် ရန်ကုန်မြို့အခြေစိုက် Aurum Company Limited ကဒေါ်လာ ၁၂ သန်းကနဦးရင်းနှီးမြှုပ်နှံရန် ပြီးခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးထားပြီး အဆိုပါ ကျေးရွာအနီးပင်လယ်ကမ်းခြေတစ် လျှောက်နှင့် တောင်ဘက်မကျီး ချောင်းဝအထိ ရှစ်မိုင်ခန့်ရှိကာ အဆင့်မြင့်အခန်း ၁၂ဝ အပါအဝင်ဘန်ဂလိုများ၊ ရုံးခန်းများ၊ ကားရပ် နားရန်နေရာများ၊ ရေချိုးခန်းများ၊ စားသောက်ခန်းများ ပြုလုပ်မည်ဟု ရင်းနှီးမြှုပ်နှံမှုပြုမည့် Aurum Company Limited မှ မန်းနေဂျင်းဒါရိုက်တာ ဦးဌေးသွင်က ပြောဆိုထား သော်လည်း မြေယာပိုင်ဆိုင်မှု အခက်အခဲများကြောင့် ယနေ့တိုင်အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။


ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က''ကဗျာဝကမ်းခြေသန့် ရှင်းသာယာလှပရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုပြီး ဖွဲ့ထားတဲ့အဖွဲ့ကို ပြည်နယ်အစိုးရ အဖွဲ့ကို တင်ထားတယ်။ ခွင့်ပြု လိုက်မယ်ဆိုရင် ကမ်းခြေမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေ မပျက်စီးအောင်ထိန်းသိမ်းဖို့ အပန်းဖြေလာကြတဲ့သူတွေကို စည်းကမ်းရှိဖို့နဲ့ အန္တရာယ်မရှိအောင် ထိန်းသိမ်း စောင့်ရှောက်သွားမယ်။ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးပိုင်းကလည်း သူတို့လုပ်နိုင်တဲ့အပိုင်း ကနေတော့လုပ်နေပါတယ်''ဟု စက်တင်ဘာ ၁၂ ရက်ကပြောသည်။ ကဗျာဝကမ်းခြေသည် ရေးမြို့ မှ ၁၈ မိုင်ခွဲခန့်အကွာတွင် တည်ရှိ ပြီး ကတ္တရာလမ်းအတိုင်း ကားဖြင့် ရေးမြို့မှ အဆိုပါကမ်းခြေအထိ ၄၅ မိနစ်ခန့်အချိန်အတွင်း သွား ရောက်လည်ပတ်နိုင်မည်ဖြစ်ကာ ပွင့်လင်းရာသီအတွင်း နေ့စဉ်လူ ၃ဝဝ ကျော်ခန့် လာရောက်လည်ပတ်ကြလေ့ရှိကြောင်း ဒေသခံများ ကပြောသည်။

 

WNT(YE)

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191