Main menu
HOT NEWS
adv
လက်ပံတောင်း ကြေးနီစီမံကိန်းမှ ရေဆိုးမြောင်း ဖောက်ထားမှုကို  လျော်ကြေး ယူမထားသည့် မြေပိုင်ရှင်များ ဒုတိယအကြိမ် ဖျက်ဆီး

လက်ပံတောင်း ကြေးနီစီမံကိန်းမှ ရေဆိုးမြောင်း ဖောက်ထားမှုကို လျော်ကြေး ယူမထားသည့် မြေပိုင်ရှင်များ ဒုတိယအကြိမ် ဖျက်ဆီး

ဆားလင်းကြီး၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အုတ်တံတိုင်းပြင်ပ တွင် မြေယာလျော်ကြေးယူမထား သော ယာမြေများပေါ်၌ ကုမ္ပဏီမှ ကျောက်စီရေဆိုးထုတ်မြောင်း တစ်ခုဖောက်လုပ်နေရာ မြေပိုင်ရှင်များမှ ကန့်ကွက်ဆန္ဒပြပြီး စက်တင်ဘာ ၁၃ ရက်ညနေ ၄ နာရီ ခန့်က ဒုတိယအကြိမ်ပြန်လည်ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

 

ယင်းရေဆိုးထုတ်ကျောက်စီ မြောင်းမှာ ညောင်ပင်ကြီး-ဆားလင်း ကြီးမြို့သွားကားလမ်းဘေးရွှေလှေ ကျေးရွာရေကျော်တံတားမှ မြစ်ရေတင်မြောင်းအထိ တစ်မိုင်ခွဲကျော် အရှည်ကျောက်တုံးစီမြောင်းလုပ် နေခြင်းဖြစ်ပြီး တုံကျေးရွာအနီးအ ရောက်တွင် မြေပိုင်ရှင်များနှင့်ဒေသခံ ၁ဝဝ ခန့်မှ ကန့်ကွက်၍ စက်တင်ဘာ ၁၂ ရက်ကတည်းက ပြန်လည်ဖျက်ဆီးနေခဲ့ခြင်းဖြစ်သည်။ ''ဒီနေရာကလည်း မြေသိမ်းယာသိမ်းခံရတော့ လုပ်စားစရာမရှိဘူး။ ဟိုရွာဘက်စိုက်ပျိုးထားတဲ့ မြေနုကျွန်းမှာလည်းရေဆိုးရေ ညစ်တွေစွန့်ပစ်ရင် ကျွန်မတို့ဘဝ ရှင်လျက်နဲ့ သေသွားပြီ။ ဘာမှလုပ်စားလို့မရတော့ဘူး။ အဲဒီအတွက် ဒီရေဆိုးလွှတ်မယ့်မြောင်းကိုလုံးဝ အဖောက်မခံနိုင်လို့ လက်ပံတောင်း ဒေသခံတွေ အားလုံးမြေလာဖို့ပစ် ကြတာပါ။ ဒီလိုမြောင်းဖောက်မယ် ဆိုတာကို မြေပိုင်ရှင်တွေဆီလာပြီး အကြောင်းကြားတာမရှိဘူး။ မသိ အောင်လုပ်တယ်။ ညဘက်အကြိမ် ကြိမ်အခါခါ လာပြီးတားတယ်။ ခဏရပ်တယ်။ ဒေသခံတွေ မသိ အောင်ထပ်လုပ်တယ်''ဟု တုံရွာမှ ဒေသခံမညိုလေးက ပြောသည်။


ရေဆိုးမြောင်းနှင့်အပြိုင် ညောင်ပင်ကြီး-ဆားလင်းကြီးကား လမ်းဘေးတစ်လျှောက်တွင် ရွှေ လှေရွာ၊ လယ်တီရွာ၊ ထန်းတော ကြီးရွာ၊ သဲဂေါကြီးရွာ၊ ဝဲကြီးရွာ၊ ဝဲကွဲရွာ၊ လက်ပံတောင်းမစိုးရိမ်ရွာ၊ ရွာသစ်ကလေးရွာစသည်တို့တည် ရှိပြီး ¤င်းတို့စိုက်ပျိုးမြေနုကျွန်းများ ပေါ်တွင်ကုမ္ပဏီစွန့်ပစ်ရေဆိုးများ ရောက်ရှိလာမည်ကို ရွာခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။ ''ဒီမြေတွေက ကုမ္ပဏီအုတ် တံတိုင်းအပြင်ဘက်မှာလည်းရှိတယ်။ ယခင်အစိုးရလက်ထက်က ပိုလျှံမြေဆိုပြီး ရွာဥက္ကဋ္ဌကနေတစ်ဆင့် တောင်သူတွေကို လက်မှတ်ထိုးပြန်ပေးထားတဲ့မြေတွေ၊ နောက် ပြီးလျော်ကြေးလည်းယူမထားဘူး''ဟု တုံရွာမှမစန္ဒာကပြောသည်။ ဒေသခံများသည် သံတူရွင်းများ၊ တုတ်များဖြင့် တုံရွာထိပ်ရွာ ရေဆိုးကျောက်စီမြောင်းအား ထိုးခွာဖျက်၍ မြေပြန်ဖို့ခဲ့ကြကြောင်းသိရသည်။


KTS

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191