HOT NEWS
Main menu
adv
မြန်မာနိုင်ငံအနှံ့ ရေကြီးမှုဖြစ်စဉ်တွင် ရခိုင်ပြည်နယ်၌ လူသေဆုံးမှုနှင့် အိုးအိမ်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့

မြန်မာနိုင်ငံအနှံ့ ရေကြီးမှုဖြစ်စဉ်တွင် ရခိုင်ပြည်နယ်၌ လူသေဆုံးမှုနှင့် အိုးအိမ်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့

ရန်ကုန်၊ ဇွန် ၁၃

-မြန်မာနိုင်ငံအနှံ့ တွင် ယခုရက်ပိုင်းအတွင်းကဖြစ်ပေါ် ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရခိုင် ပြည်နယ်တွင် လူသေဆုံးမှုနှင့် အိုး အိမ်ပျက်စီးမှုအများဆုံးဖြစ်ခဲ့သည်။

ယင်းကဲ့သို့ဖြစ်ပေါ်ခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းရေ ကြီးမှုကြောင့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ဝန်းသိုမြို့နယ်တွင် နှစ်ဦး သေဆုံး၊ ပင်လည်ဘူးတွင် အိမ်တစ် လုံးမျောပါပျက်စီး၊ ကောလင်းမြို့နယ် တွင် အိမ်ခြေ ၅ဝ၂၉ လုံး၊ အိမ်ထောင် စု ၅၅၂၈ စု၊ လူဦးရေ ၂၅၂၄၂ ဦး ရေဘေးသင့်ခဲ့ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် အိမ်ခြေ ၁၆ လုံး၊ အိမ် ထောင်စု ၁၆ စုတွင် အိမ်သုံးလုံး မျောပါပျက်စီး၊ ပြောင်းရွှေ့အိမ်ခြေ အိမ်ထောင်စု ၁၃ စု၊ ပဲခူးတိုင်းဒေသ ကြီး ပန်းတောင်းမြို့နယ်တွင် အိမ်ခြေ ၉ဝ၊ အိမ်ထောင်စု ၉ဝ၊ လူဦးရေ ၃ဝ၄ ဦး ဘေးဒုက္ခရောက်ခဲ့ပြီး မျော ပါပျက်စီးသွားသည့်အိမ်ခြေ ၂၉ လုံး၊ ပြောင်းရွှေ့သည့်အိမ် ၇၇ လုံး၊ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ နယ်တွင် အိမ်ခြေ ၄၆ အိမ်၊ အိမ် ထောင်စု ၄၆ စုမှ လူဦးရေ ၁၆၉ ဦး ကိုပြောင်းရွှေ့ထားကြောင်း၊ ရခိုင်ပြည် နယ် သံတွဲတွင် အိမ်ခြေ ၂၁ဝ လုံး၊ အိမ်ထောင်စု ၂၁ဝ စု၊ လူဦးရေ ၈၁၉ ဦး ဘေးဒုက္ခရောက်ခဲ့ပြီး အိမ်များအားလုံးမျောပါပျက်စီးသွားကြောင်း၊ တောင်ကုတ်မြို့နယ်တွင် အိမ်တစ် လုံးမျောပါပျက်စီးပြီး လူလေးဦးသေ ဆုံးကြောင်း၊ စစ်တွေမြို့နယ်တွင် အိမ်သုံးလုံးမျောပါပျက်စီးခဲ့ကြောင်း၊ ချင်းပြည်နယ်တွင် လက်ရှိရရှိထား သောစာရင်းအရ အိမ်တစ်လုံးပြိုသွား ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၏ ဇွန် ၁၃ ရက်နေ့ ညနေကောက်ယူရရှိ သောစာရင်းများအသိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ''အခုစာရင်းတွေက ကျွန်မ တို့လတ်တလောရရှိထားတဲ့ စာရင်း တွေပါ။ အပြောင်းအလဲတော့ရှိနိုင် ပါသေးတယ်။ ရခိုင်ပြည်နယ် တောင် ကုတ်မှာတော့ အမျိုးသမီးလေးဦး ရေမျောပါပြီးသေဆုံးခဲ့ပါတယ်။ လက် ရှိရရှိလာတဲ့စာရင်းက ကွာခြားမှုတွေ ရှိနိုင်ပါတယ်။ အိမ်တွေမှာရေဝင်တာ မျိုးဆိုရင် စာရင်းမှာမထည့်ပါဘူး။ ချင်း ပြည်နယ်မှာဆိုရင်လည်း အိမ်တစ် လုံးပြိုတယ်ဆိုပြီးပဲ စာရင်းရသေးပါ တယ်။ ချင်းကဆက်သွယ်တာကလည်း ခက်တယ်။ ဒါကြောင့် စာရင်းအတိ အကျမရသေးပါဘူး''ဟု ဇွန် ၁၃ ရက် က ဒီမိုကရေစီတူဒေးသို့ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခြင်း ကြောင့် အိမ်များပျက်စီးခြင်း၊ လမ်း၊ တံတားများပျက်စီးခြင်း၊ မွေးမြူရေး လုပ်ငန်းများထိခိုက်ပျက်စီးခြင်း၊ စိုက် ပျိုးသီးနှံများပျက်စီးခြင်းနှင့် လူသေ ဆုံးမှုများဖြစ်ပေါ်ခဲ့သည်အထိဖြစ် ခဲ့ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည် နယ်သံတွဲမြို့နယ်မှ ဒေသခံတစ်ဦးက ''မြို့ပေါ်ကတော့ ဘာမှမဖြစ်ပါဘူး။ အိမ်တွေမျောပါသွားတာက ရွာနှစ် ရွာမှာရှိတဲ့အိမ်တွေပါ။ အခု ရေက တော့ပြန်ကျသွားပါပြီး။ အိမ်တွေမှာ ရွှံ့တွေကို ရဲတို့၊ မီးသတ်တို့၊ တပ်မ တော်တို့ အားလုံးပူးပေါင်းပြီး ဖယ်ရှား နေပါတယ်။ လိုအပ်တဲ့စားနပ်ရိက္ခာ ကိုလည်း အလှူရှင်တွေ၊ ဌာနဆိုင်ရာ တွေက ထောက်ပံ့လှူဒါန်းမှုတွေ လုပ် ဆောင်နေ ပါတယ်''ဟုပြောသည်။

ပြီးခဲ့သည့်နှစ်ဇွန်လတွင်း ရေ ကြီးမှုများဖြစ်ပေါ်ခဲ့သော်လည်း ယခု နှစ်လောက်ဆိုးရွားခြင်းမရှိခဲ့ဘဲ ဇူလိုင် လနှင့် သြဂုတ်လများတွင် ရေကြီးမှု အဆိုးရွားဆုံးဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်များ သည် သဘာဝဘေးအန္တရာယ်ကျရောက် ရာဒေသများအဖြစ် နိုင်ငံတော်သမ္မတ ရုံးက ထုတ်ပြန်ရသည့်အဆင့်အထိ ရောက်ခဲ့ကြောင်းသိရသည်။


AA, #DemocracyToday , ဓာတ်ပုံ - MOI Webportal Myanmar

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS