Wednesday, 27 September 2017 14:37

ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းတည်ဆောက်ရေးတွင်ချင်းပြည်နယ်အစိုးရမှ ကျပ်သန်း ၁၂၀၀ စိုက်ထုတ်မည်

Written by
Rate this item
(0 votes)

ဖလမ်း၊ စက်တင်ဘာ ၂၆- ချင်းပြည် နယ် ဖလမ်းမြို့အနီး တည်ဆောက် နေသည့် ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေးတွင် ၂၀၁၇-၂၀၁၈ ဖြည့်စွက်ရန်ပုံငွေတွင် ဘတ်ဂျက်ပါ ဝင်ခဲ့ခြင်းမရှိသည့်အတွက် ချင်းပြည် နယ်အစိုးရအဖွဲ့မှ ကျပ်သန်း ၁၂၀၀ ကို စိုက်ထုတ်သုံးစွဲ တည်ဆောက် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ် ဦးက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။  "၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှာ နိုင်ငံတော်ကနေ ကျပ်သန်း ၂၀၀ အသုံးပြု တည်ဆောက်နေတာ ဖြစ်ပြီး ယခု ချင်းပြည်နယ်အစိုးရ က စိုက်ထုတ်သုံးစွဲထားတယ်ဆိုပေ မယ့် ခေတ္တသုံးစွဲထားရတဲ့သဘော ပါ။ နောက်လာမယ့် ဘတ်ဂျက်မှာ ပြည်ထောင်စု အစိုးရထံ တင်ပြပြီး ပြန်လည်ထုတ်ယူရမှာ ဖြစ်ပါတယ်။ လောလောဆယ် စိုက်ထုတ်သုံးစွဲမှု မရှိရင် လုပ်ငန်းရပ် ဆိုင်းရမယ့် သ ဘောဖြစ်ပါတယ်။ လုပ်ငန်းလည် ပတ်မှု အပြီးသတ်နိုင်အောင် အစား ထိုး စိုက်ထုတ်သုံးစွဲတာမျိုး ဖြစ်ပါ တယ်" ဟု ၎င်း ကပြောကြား သည်။

 

ချင်းပြည်နယ် ဖလမ်းမြို့အနီး ဆူရ်ဘုန်လေဆိပ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး၊လေယာဉ်ကွင်းအတွက် စုစုပေါင်း ကျပ်သန်း ၂၅ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက် ထားကြောင်း ချင်းပြည်နယ်စာရင်း စစ်ချုပ် ဦးလာလ်တင်မန်းကပြော ကြားသည်။

ဆူရ်ဘုန် လေယာဉ်ကွင်းကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၀၀၀ ကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၉၀၀ ကိုလည်းကောင်း၊ စိုက်ထုတ် သုံးစွဲခဲ့ပြီး ယခုအထိ ကျပ်သန်း ၅ ဘီလီယံ သုံးစွဲထားသည်။

MOS
#Democracytoday

Read 133 times Last modified on Wednesday, 27 September 2017 14:42
Login to post comments