Monday, 09 October 2017 11:38

ကဗျာဆရာ ညီမင်းညို စီးလာသည့် ကားကို ခဲနှင့် ပစ်ပေါက်သူနှစ်ဦးအနက် တစ်ဦးကို ၁၄ နာရီအတွင်း ဖမ်းဆီးရမိ

Written by DW
Rate this item
(0 votes)

စစ်ကိုင်း၊ အောက်တိုဘာ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စာပေဟောပြောပွဲမှအပြန် စစ်ကိုင်း မြို့နယ် ကျောက်ဆည်ကျေးရွာအနီးတွင် ကဗျာဆရာညီမင်းညို၏ကား ခဲဖြင့်အထုခံရသည့်ဖြစ်စဉ်မှ ခဲဖြင့်ပစ်ပေါက်သူတစ်ဦးကို အခင်းဖြစ်ပွားပြီး ၁၄ နာရီအကြာတွင်ဖမ်းဆီးရမိပြီး လွတ်မြောက်နေသူတစ်ဦးကို ဖမ်းဆီးရမိရေးဆောင်ရွက်နေ ကြောင်း သိရသည်။

 

 

ရေဦးမြို့နယ်စာပေဟောပြောပွဲမှ မန္တလေးမြို့သို့ပြန်လာသည့် ကဗျာဆရာညီမင်းညိုလိုက်ပါလာ သောကားသည် အောက်တိုဘာ ၇ ရက် နံနက် ၂ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာအရောက်တွင် ကားလမ်းမဘေးမှ အမည်မသိလူနှစ်ဦးက ခဲဖြင့်ပစ် ပေါက်ခဲ့မှုကြောင့် ကားရှေ့မှန်ပေါက်ကွဲပြီး ကဗျာဆရာညီမင်းညိုမှာ မျက်နှာပေါက်ပြဲဒဏ်ရာများရရှိခဲ့ရာ ကံတလူတိုးဂိတ်အရောက်တွင် ရဲကင်းသို့ ဒဏ်ရာများပြသကာသတင်း ပေးတိုင်ကြားခဲ့သည်။  ကဗျာဆရာညီမင်းညို၏တိုင် ကြားချက်အရ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြသင်း၏စီစဉ်ညွှန်ကြားမှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်ဇော်ဦးက အနီးကပ်ကြီးကြပ်ကာ စစ်ကိုင်းမြို့မရဲစခန်းမှူးဒုရဲမှူး ကျော်ထွန်းနိုင်၊ ရွာသစ်ကြီးရဲကင်းစခန်းမှူးရဲအုပ်မိုးကျော်အောင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲစခန်းတပ်ဖွဲ့ဝင်များပူးပေါင်းဖြန့်ဝေ သတင်းစုံစမ်းဖော်ထုတ်မှုကြောင့် ပြစ်မှုကျူးလွန်သူ အောင်ဆန်းထွန်း (ခ)အောင်ခန့်ကျော် အသက်(၁၉) နှစ် စစ်ကိုင်းမြို့နယ် အောင်သာ ကျေးရွာနေသူအား အခင်းဖြစ်ပြီး ၁၄ နာရီခန့်အကြာ အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီတွင် ၎င်း၏ နေအိမ်၌ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသူ အောင်ဆန်းထွန်း(ခ)အောင်ခန့်ကျော်မှာ အရက် သေစာသောက်စားမူးယစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောင်သာကျေးရွာနေ ချမ်းမြေ့အောင် အသက် (၂ဝ) ဆိုသူနှင့်အတူ ပြစ်မှုကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်း မြို့မရဲစခန်းတွင် စစ်ဆေးခံထွက်ဆိုခဲ့သည်။  အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးအား စစ်ကိုင်းမြို့မ ရဲစခန်းတွင် (ပ)၈၅၇/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်- ၃၃၆/၃၃၈/၃ဝ၇/ ၄၂၇ အရ ရဲအုပ်မိုးကျော်အောင်က တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားထားပြီး လွတ်မြောက်နေသူချမ်းမြေ့ အောင်ကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

 

DW

#democracytoday

Read 1492 times
Login to post comments