Monday, 09 October 2017 11:42

မန္တလေးမြို့ ကျုံးဘေး ပတ်လည်နှင့် တံခွန်တိုင် အဝိုင်းပတ်တို့တွင် ညအချိန် အရက်သေစာ သောက်စား မူးယစ်သူ ၇၂ ဦးကို ဖမ်းဆီး အရေးယူ

Written by MTK
Rate this item
(0 votes)

မန္တလေး၊ အောက်တိုဘာ ၈

 

မန္တ လေးမြို့တွင် အောက်တိုဘာ ၆ ရက် ညပိုင်းအချိန် ကျုံးဘေးပလက်ဖောင်း၌ အမျိုးသားသုံးဦး အရက်ထိုင် သောက်စဉ် လူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မန္တ လေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေ ဖြင့် ကျုံးဘေးပတ်လည်နှင့်တံခွန်တိုင်အဝိုင်းပတ်တို့တွင် အရက်သေစာသောက်စားမူးယစ်သူများကို ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့ရာ အောက်တိုဘာ ၇ ရက်တစ်ည တည်းတွင် လူဦးရေ ၇၂ ဦးကို ရဲအက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

 

 

''ကျုံးပတ်ဝန်းကျင်ဟာ အများ ပြည်သူသွားလာအပန်းဖြေတဲ့နေရာဖြစ်သလို မန္တလေးရဲ့ပုံရိပ်လည်း ဖြစ်တယ်။ ဒီလိုနေရာမျိုးမှာ အုပ်စုဖွဲ့သောက်စားနေတာဟာ အများ ပြည်သူကိုအနှောင့်အယှက်ဖြစ်တဲ့အတွက် ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ခြင်းဖြစ်ပါတယ်''ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး မျိုးအောင်ကပြောကြားသည်။

 


ကျုံးဘေးပတ်လည်နေရာများတွင် အုပ်စုဖွဲ့အရက်သေစာ သောက်စားမူးယစ်သူများကို အောက်တိုဘာ ၇ ရက်ညပိုင်းက အောင်မြေသာစံမြို့နယ်အတွင်းရှိ အမှတ်(၁)၊ အမှတ်(၂)နှင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အမှတ်(၄)နှင့် အမှတ်(၅)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ စုစုပေါင်း ၅၆ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးအက်ဥပ ဒေပုဒ်မ-၄၇ဖြင့် အမှုဖွင့်အရေးယူထားပြီး မူးယစ်သောက်စားသူများအပြင် လိင်တူချစ်သူခြောက်ဦးကိုပါ အရေးယူခဲ့ကာ ပြည်ကြီးတံခွန်မြို့ နယ်ရှိ မန္တလေးမြို့အဝင်(တံခွန်တိုင် အဝိုင်းပတ်)တွင် အရက်သောက်စားသူဆယ်ဦးကိုလည်း ရဲအက်ဖြင့်ပင် ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၇၂ ဦးကို အမှုဖွင့်အရေးယူခဲ့သည်။

 


အောက်တိုဘာ ၆ ရက် ည ၁၁ နာရီခွဲခန့်က ကျုံးဘေးပလက် ဖောင်းပေါ်တွင် ထွန်းထွန်းဦး (၂၇)နှစ်၊ အောင်နိုင်လင်း (၂၁)နှစ်နှင့် ဟန်သန်း (၅၂)နှစ်တို့မှာ အရက်ထိုင်သောက်၍စကားပြော နေစဉ်အား အမည်မသိလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ရာ အောင်နိုင်လင်းမှာ ရရှိသောဒဏ်ရာ ဖြင့် သေဆုံးမှုဖြစ်ပေါ်ခဲ့သော ကြောင့် ယခုလိုလိုက်လံဖမ်းဆီးမှု များပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

MTK

#democracytoday

 

 

Read 536 times
Login to post comments