Wednesday, 11 October 2017 12:03

တရုတ်သို့ တရားမဝင် သွားရောက်လုပ်ကိုင်သော မြန်မာ အလုပ်သမားနှစ်ဦးကို တရုတ်က ပြန်လည်လွှဲပြောင်း

Written by MTH
Rate this item
(0 votes)

လွယ်ဂျယ်၊ အောက်တိုဘာ ၁ဝ

 

တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားနှစ်ဦးအား အောက်တိုဘာ ၁ဝရက် နံနက် ၁ဝနာရီက ကချင် ပြည်နယ် လွယ်ဂျယ်မြို့၌ လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

 

 

တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် သိန်းလှမောင်(၃၆)နှစ် ဘော်ဒလီ ကျေးရွာ ပေါက်တောမြို့နယ် ရခိုင် ပြည်နယ်နေသူနှင့် ဗျာဆား(၁၉)နှစ် နန့်ဥမ္မာကျေးရွာ၊ မိုးမိတ်မြို့ နယ်၊ ရှမ်းပြည်နယ်နေသူတို့နှစ်ဦးအား တရုတ်နိုင်ငံ၊ လုံချွမ်ခရိုင်ရဲ လဝကဌာန၊ ဒုဌာနမှူးမစ္စတာရှီဝမ့်ခွင်အဖွဲ့က အောက်တိုဘာ ၁ဝရက် နံနက် ၁ဝနာရီခန့်တွင် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် လွယ်ဂျယ်မြို့၊ နယ်ခြားကျောက်တိုင်အမှတ်(၅ဝ/၂)၊အမှတ်(၂) ဝင်/ထွက်ဂိတ်တွင် လာရောက်လွှဲပြောင်းပေးခဲ့ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၂)မှ ရဲအုပ်နိုင်လင်းက လက်ခံခဲ့သည်။

 


အဆိုပါ အမျိုးသားနှစ်ဦးသည် သြဂုတ် ၂၂ရက်က မူဆယ် မြို့၊ ဆင်ဖြူပေါက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်ခါသုံးဝင်ရောက်ခွင့် ကတ်ပြားဖြင့် ဝင်ရောက်ခဲ့ရာ စက်တင်ဘာ ၁၁ရက် ညနေ ၃နာရီ ခန့်က နယ်မြေကျော်လွန်သွားလာ မှုဖြင့် ဖမ်းဆီးခံရခဲ့ကာ တရုတ်နိုင်ငံ ကျန်းဖုန်းမြို့ရှိ အချုပ်ထောင်တွင် ထောင် တစ်လချုပ်နှောင်ခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးအား လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၂)မှ ရဲအုပ်နိုင်လင်းက လူကုန်ကူးမှုဆိုင်ရာအကြောင်း ဆွေး နွေးပညာပေးဟောပြောကာ လွယ်ဂျယ်-ဗန်းမော်ကားလမ်းမှတစ်ဆင့် နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 

 

MTH

#democracytoday

Read 1387 times
Login to post comments