Wednesday, 11 October 2017 12:05

တရားခံပြေး တစ်ဦးကို ဖမ်းဆီးရာမှ ၎င်း မောင်းနှင်လာသော ယာဉ်ပေါ်မှ စိတ်ကြွဆေးပြားများ ဖမ်းမိ

Written by KKTM
Rate this item
(0 votes)

မြဝတီ၊ အောက်တိုဘာ ၁ဝ

 

ကရင်ပြည်နယ် မြဝတီမြို့တွင် မူးယစ် ဆေးဝါးအမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးတစ်ဦး အား မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်တပ်ဖွဲ့စုမှ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ မြဝတီမူးယစ်တပ်ဖွဲ့စု (၃၂)မှဒုရဲမှူးမင်းထွဋ် ဦးဆောင် သောရဲတပ်ဖွဲ့ဝင်များသည် အမှတ် (၄)ရပ်ကွက်၊ အမှတ် (၃)ရပ်ကွက်မှ ရာအိမ်မှူးများနှင့်အတူ အောက်တိုဘာ ၉ရက် ည ၉နာရီခွဲက မြဝတီ ရဲစခန်းမှ မယ(ပ)၁၅၉/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/ ၂ဝ (က)/၂၁ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော ဇော်ဇော်ထွန်းသည် မြဝတီမြို့အမှတ် (၂)ရပ်ကွက်ပတ္တမြားလမ်းနေ ဝေယံချစ်၏နေအိမ်တွင်ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ရှောင်တခင်ဝင် ရောက် စီးနင်းရှာဖွေရာ နေအိမ်အပေါ်ထပ်တွင် ဝေယံချစ်၊ ဇော် ဇော်ထွန်းနှင့်ခိုင်ဝင်းတို့ သုံးဦးကို အသင့်တွေ့ရှိရပြီး နေအိမ်အတွင်း ရှာဖွေရာတွင် တစ်စုံတစ်ရာမတွေ့ရှိသဖြင့် နေအိမ်ရှေ့တွင်ရပ်ထားသည့် ဇော်ဇော်ထွန်းမောင်းနှင်လာသည့် 9K---- ဟွန်ဒါယာဉ်အား ရှာဖွေရာကား၏ ဒက်ရှ်ဘုတ်အောက်ရှိ Box အတွင်းမှ WY စာတန်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ ပါ ၁ဝ ထုတ် စုစုပေါင်းအပြား ၂ဝဝဝ၊ အလေးချိန် ဂရမ် ၁၈ဝ၊ ကာလတန်ဖိုးငွေ ကျပ် ၆ဝဝဝဝဝဝ ဖိုးနှင့် အဖြူရောင်ပုံဆောင်ခဲအလေးချိန် ၁ ဒသမ ၅ ဂရမ်ပါ အထုပ်တစ်ထုပ်တို့အား တွေ့ရှိသိမ်းဆည်းခဲ့သည်။

 


စိတ်ကြွမူးယစ်ဆေးပြားများနှင့်အတူ တွေ့ရှိရသည့် မြဝတီမြို့ အမှတ် (၅)ရပ်ကွက်နေ တရားခံပြေး ဇော်ဇော်ထွန်း (၂၄)နှစ်၊ မြဝတီမြို့ အမှတ် (၂)ရပ်ကွက်နေ ဝေယံချစ် (၂၃)နှစ်၊ မြဝတီမြို့ မဲ့ပလဲ့ ကျေးရွာနေ ခိုင်ဝင်း (၃၈)နှစ်တို့အား ဒုရဲမှူးမင်းထွဋ်က တရားလို ပြုလုပ်တိုင်ကြားရာ မြဝတီမြို့မရဲစခန်းမှ မယ(ပ) ၁၇၂/၂ဝ၁၇၊ မူး/ စိတ်ပုဒ်မ-၁၅/၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

 

KKTM

#democracytoday

Read 421 times
Login to post comments