Thursday, 12 October 2017 11:18

မကွေး မြို့မရဲစခန်းမှ အချုပ်သားခြောက်ဦး ထွက်ပြေးလွတ်မြောက် မုဒိမ်းမှုဖြင့် ဖမ်းဆီးထားသူ လေးဦး ပါဝင်

Written by ဌေးဌေး ၊ အောင်ဖြိုးဦး
Rate this item
(0 votes)

ရန်ကုန်

 

မကွေးမြို့မရဲစခန်းမှ အချုပ်သားခြောက်ဦး ထွက်ပြေးလွတ်မြောက်နေသည် ဆိုသည့်သတင်းမှာ မှန်ကန်ကြောင်း မကွေးမြို့မရဲစခန်းမှ အတည်ပြုခဲ့သည်။ အဆိုပါရဲစခန်းမှ အချုပ်သားခြောက်ဦးမှာ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်း ၃ နာရီ ၇ မိနစ် ၄၄ စက္ကန့်တွင် အချုပ်ခန်းဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

 

 

''အချုပ်သားတွေ ထွက်ပြေးသွားတာတော့ ဟုတ်ပါတယ်။ လက်ရှိမှာတော့ လူကြီး ဝင်စစ်နေတယ်။ ဘာမှပြောလို့မရသေးပါဘူး။ ပြေးသွားတဲ့အချုပ်သားတွေကို ဖမ်းဆီး နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေပါတယ်''ဟု မကွေးမြို့မရဲစခန်းမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ စီစီတီဗွီမှတ်တမ်းများအရ အချုပ်ခန်းဖောက်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ''အချုပ်သားတွေ ထွက်ပြေးတဲ့သတင်းတော့ ကျွန်တော်လဲ ကြားရတယ်။ ကြီးကြီးမားမားတော့ မသိရသေးပါဘူ။ အခုကအစည်းအဝေးလုပ်နေလို့ အဲဒီဘက်ကို မသွားနိုင်သေးလို့ပါ''ဟု ပြောသည်။

 


ယခုထွက်ပြေးလွတ်မြောက်သွားခဲ့သည့် အချုပ်ကျနေသော အချုပ်သားခြောက်ဦးတွင် မုဒိမ်းမှုဖြင့်ဖမ်းဆီးထားသူ လေးဦး၊ မူးယစ်မှုဖြင့်တစ်ဦး၊ ခိုးမှုဖြင့်တစ်ဦး စသည်တို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိတွင် တပ်ကြပ်နှင့် ကင်းတပ်သားခြောက်ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့အား ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဌေးဌေး ၊ အောင်ဖြိုးဦး

#theyangontimes

Read 1405 times
Login to post comments