Friday, 13 October 2017 11:04

ထိုင်းတွင်လုပ်ငန်းအဆင် မပြေမှုကြောင့် MoU လုပ်သား ၁၇၀ ကျော် ဝန် ဆောင်ခငွေ ကျပ်ရှစ်သိန်းဆုံးကာ မြဝတီသို့ ပြန်ရောက်၊ လုပ်သားပို့အေ ဂျင်စီများကို တရားစွဲမည်ဟုဆို

Written by
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁၂ - လုပ်ခလစာ အကြောင်းမဲ့ဖြတ် တောက်မှုနှင့် လုပ်ငန်းအဆင်မပြေ မှုတို့ကြောင့်လိုင်စင်ရအေဂျင်စီ နှစ်ခုမှပို့ဆောင်ထားသည့် MoU မြန်မာလုပ်သား ၁၇၀ ကျော် ဝန် ဆောင်ခငွေများရှုံးကာ မြဝတီသို့ ပြန်ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်သားများသည် ဝန်ဆောင်ခအဖြစ်တစ်ဦးလျှင် (ပွဲစားနှင့် အေဂျင်စီနှစ်ခုပေါင်း အတွက်) ကျပ်ရှစ်သိန်းဝန်းကျင်ပေး ကာ ထိုင်းနိုင်ငံသို့ လွန်ခဲ့သည့် ခုနစ်လခန့်မှသွားရောက်လုပ်ကိုင် ခဲ့သူများဖြစ်ကြောင်း၊ ထိုင်းတွင် ခြောက်လခန့် သာ အလုပ်လုပ်ကိုင် ခဲ့ရပြီး အကြောင်းမဲ့လုပ်ခလစာ ဖြတ်တောက်ခြင်း၊ လုပ်ငန်းခွင် အခွင့်အရေးဆုံးရှုံးခြင်း၊ မြန်မာ နိုင်ငံတွင်ချုပ်ဆိုထားသည့် စာ ချုပ်ပါအလုပ်နှင့် ထိုင်းတွင်လုပ် ကိုင်ရသည့်အလုပ်လွဲမှား၍ လုပ် ငန်းနေရာများ မကြာခဏပြောင်း ရွှေ့လုပ် ကိုင်ရခြင်း၊ စာချုပ်တွင် အနည်း ဆုံး နှစ်နှစ်လုပ်ကိုင်ရမည် ဟုချုပ်ဆိုထားသော်လည်း ခြောက် လသာလုပ်ကိုင်ရပြီး အလုပ်ရှင်၏အကြောင်းမဲ့အလုပ်ဖြုတ်ခံရခြင်း စသည်တို့ကြောင့် ပြန်လည်ရောက် ရှိလာသူများဖြစ်ကြောင်း၊ ရန် အေးအမည်ရ ပြည်ပအလုပ် အကိုင်အေ ဂျင်စီမှ လုပ်သား ၁၅ ဦးနှင့် ရွှေစင်ကိုးပွင့်အမည်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ လုပ်သား ၁၅၆ ဦး စုစုပေါင်းလုပ် သား ၁၇၁ ဦးတို့သည် အောက်တို ဘာ ၁၃ ရက်တွင် ထိုင်းနိုင်ငံမှမြဝတီကျောက်လုံးကြီးစခန်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ် ကြောင်း အဆိုပါ စခန်းမှ တာဝန်ရှိ သူများနှင့်ကူညီဆောင်ရွက်ပေး နေသည့်အဖွဲ့များနှင့် ပြန်လည် ရောက်ရှိလာသည့်လုပ်သားများ ထံမှသိရသည်။

""သူတို့စာချုပ်ထဲမှာ နှစ်နှစ် အလုပ်လုပ်ဖို့ စာချုပ်တွေချုပ်ထား ပေမယ့် ခြောက်လပဲလုပ်ရပြီး အလုပ်ရှင်ကဖြုတ်ပစ်လိုက်တယ်။ အဲဒီလိုဖြုတ်လို့ ကျွန်တော်တို့ကို အကူအညီတောင်းခံခဲ့တယ်။ ကျွန် တော်တို့လည်း တတ်နိုင်သလောက် တော့ကျွေးထားတယ်။ အခုအလုပ် ကလည်းမရှိတော့ မြဝတီကိုပြန် ပို့ပေးရတာဖြစ်တယ်"" ဟု ယင်းအ လုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းအခြေစိုက် AAC အဖွဲ့မှသိရသည်။

ယင်းအလုပ်သမားများသည် မြန်မာနိုင်ငံတွင်စာချုပ်ချုပ်ဆိုစဉ် က သစ်သီးစက်ရုံတွင်အလုပ်လုပ် ကိုင်ရမည်ဟုဆိုကာချုပ်ဆိုခဲ့ပြီး ထိုင်းသို့ရောက်ရှိစဉ် ခြောက်လ အတွင်းနာနတ်သီးစက်ရုံ၊ သရက် သီးစက်ရုံစသည့် သစ်သီးစက်ရုံ လေးရုံသို့ပြောင်း
လဲလုပ် ကိုင်ခဲ့ရ ကြောင်း ရန်အေးကုမ္ပဏီ၏ပို့ ဆောင်မှုဖြင့် ထိုင်းသို့ရွှေ့ပြောင်း လုပ်ကိုင်ခဲ့သည့် ကိုအောင်ခန့်က ဒီမိုကရေစီတူဒေးသို့ အောက်တို ဘာ ၁၂ ရက်က ပြောသည်။

"ကျွန်တော်က ဒီနှစ် သုံးလ ပိုင်း ၂၂ ရက်ကမှ ထိုင်းကိုရောက် တာပါ။ သွားတဲ့ကုန်ကျစရိတ်က အေဂျင်စီရော ပွဲစားပါ စုစုပေါင်း ကျပ်ရှစ်သိန်းကုန်ပါတယ်။ သွား တုန်းက လူ ၂ဝဝ လောက်စုပြီး သွားရတယ်။ ဟိုကိုရောက်တော့ လူတွေခွဲပြီး စက်ရုံတွေ ကိုပို့လိုက် တယ်။ ကျွန်တော်ရောက်တဲ့အချိန် ကနေ အခုပြန်လာတဲ့အထိကို အလုပ်နေရာလေးနေရာပြောင်းခဲ့ ရတယ်။ အဲတော့ အခု ရန်အေး ကုမ္ပဏီက အဆင်ပြေအောင် မဆောင်ရွက်ပေးရင် ဥပဒေကြောင်း အရ တရားစွဲသွားမယ်" ဟု
၎င်းက ပြော သည်။

 

KKTM Thai

 

ယင်းအပြင် ပြီးခဲ့သည့်မတ်လ အတွင်း ထိုင်းသို့ ရွှေစင်ကိုးပွင့် ကုမ္ပဏီဖြင့် ဝန်ဆောင်ခကျပ်ရှစ် သိန်းပေးကာသွားရောက်ခဲ့ရပြီး ခြောက်လသာလုပ်ကိုင်ခဲ့ရကာ အလုပ်ရှင်မှ အကြောင်းမဲ့အလုပ် ထုတ်ခံရသဖြင့် မြဝတီသို့ပြန်လည် ရောက်ရှိလာသည့် လုပ်သား တစ် ဦးဖြစ် သူ ကိုဇော်မင်းထွန်းကလည်း ပြေလည်အောင်မဖြေရှင်းပေးပါက ရွှေစင်ကိုးပွင့်ပြည်ပ အလုပ်အကိုင် အေဂျင်စီကို တရားစွဲဆိုသွားမည် ဟု ပြောသည်။

"ခြောက်လလောက်ပဲလုပ်ရ ပြီး အလုပ်ရှိတော့ခိုင်းတယ်။ အလုပ်မရှိတော့ မောင်းထုတ်တာ ပေါ့။ ရွှေစင်ကိုးပွင့်ကုမ္ပဏီနဲ့ သွား ဖို့ ပွဲစားကိုရော အေဂျင်စီကိုပါ ဝန်ဆောင်ခရှစ်သိန်းကုန်ကျခဲ့ပါ တယ်။ စာချုပ်ထဲမှာ Work Permit အပြီးလို့ ထည့်ချုပ်ထားပေ မယ့် လုပ်အားခထဲက ပါမစ်ကြေး ဆိုပြီး ဘတ် ၂၅ဝဝ ပါအဖြတ်ခံရ သေးတယ်။ ဒီကြားထဲ ညဘက် ထိုင်းရဲတွေလာစစ်ရင် ကျွန်တော် တို့မှာပုန်းနေရသေးတယ်။ MoU နဲ့သွားပြီး တရားမဝင်ဘူးဖြစ်နေ တယ်။အလုပ်လုပ် ရတဲ့စက်ရုံကို ကတရားမဝင် တဲ့စက်ရုံဖြစ်နေ တယ်ဗျာ။

ကျွန်တော်တို့အလုပ် သမားတွေကုန်ခဲ့တဲ့ငွေတွေလည်း ပြန်မပေးဘူး။ နောက်ပြီး ကျေနပ် အောင်လည်း ဘာမှမလုပ်ပေးဘူး။ အဲတော့ ရွှေစင်ကိုးပွင့်ကုမ္ပဏီကို တရားစွဲသွားမယ်""ဟု ကိုဇော်မင်း ထွန်းက ပြောသည်။၎င်းတို့ကို မြဝတီမြို့ ကျောက် လုံးကြီး စခန်းတွင် ပြန် လည် လက်ခံ ထားကာ ဖြေရှင်းညှိနှိုင်းဆောင် ရွက်ပေးမည်ဟု မြဝတီခရိုင်အလုပ် သမား ညွှန်ကြားရေးဦးစီးဌာန ဦး စီးအရာရှိဒေါ်မြစန္ဒာဝင်းက ဒီမို ကရေစီတူဒေးသို့ အောက်တိုဘာ ၁၂ ရက်ကပြောသည်။

"သူတို့ဖြစ်ပေါ်လာတဲ့အခက် အခဲကို သူတို့ပို့ဆောင်တဲ့ကုမ္ပဏီ တွေက တာဝန်ရှိသူတွေနဲ့ပေးတွေ့ ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ ကျွန်မတို့ စီစဉ်ပေးမှာဖြစ်ပါတယ်။ ကျွန်မတို့ ကလည်း အထက်ကိုအစီရင်ခံစာ တင်ပြပေးသွားမှာပါ။ သူတို့နဲ့အတူ အလုပ် သမားသံ အရာရှိ ဦးခင် အောင်မြင့်လည်း လိုက်ပါလာပါ တယ်။ အခုပြန်လာတဲ့အလုပ်သမား တွေကတော့ သူတို့ကျေနပ်မှုမရှိ လို့ တရားစွဲမယ်ဆိုလို့ရှိရင်လည်း လုပ်ထုံးလုပ်နည်းအရ ကျွန်မတို့ ကူညီပေးသွားမှာဖြစ်ပါတယ်""ဟု ဒေါ်မြစန္ဒာဝင်း ကပြော သည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ MoU လုပ်သားစေလွှတ်မှုစနစ်အရ ဝန် ဆောင်ခသည့် မြန်မာကျပ်ငွေတစ် သိန်းခွဲထက်မပိုသောငွေကြေးကို သာ ဝန်ဆောင်ခအဖြစ်ပေးဆောင် ရမည်ဖြစ်သည်။ အလုပ်သမားစေ လွှတ်ခွင့်ကိုလည်း MoU သဘော အရ မြန်မာနိုင်ငံ တွင်ချုပ် ဆိုခဲ့သည့် စာချုပ်ပါအလုပ်နှင့် ထိုင်းတွင် လုပ်ကိုင်ရသည့် အလုပ်လွှဲပြောင်း လုပ်ကိုင်ခွင့်မရှိကြောင်း၊ြွခင်းချက် အနေဖြင့် လုပ်ငန်းခွင်လုံးဝအဆင် မပြေမှသာ ထိုင်းရှိ မြန်မာအလုပ် သမားသံအရာရှိနှင့် ထိုင်းအလုပ် သမားဝန်ကြီးဌာန(DOE) မှတာ ဝန်ရှိသူ တို့ရှေ့မှောက်တွင်သာ လက်မှတ်ထိုးကာ လွှဲပြောင်းခွင့်ရှိ ကြောင်း သိရသည်။

 

ZCH, KKTM(MWD)
#Democracytoday

Read 299 times
Login to post comments