Friday, 13 October 2017 11:16

စက်မှုဥယျာဉ်(မြို့သာ) စီမံကိန်း အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ဆက်လက်ဖိတ်ခေါ် သွားမည်ဟု မန်းတိုင်းအစိုး ရအဖွဲ့ဆို

Written by
Rate this item
(0 votes)

မန္တလေး၊ အောက်တိုဘာ ၁၂-မန္တ လေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း အကောင် အထည်ဖော်လျက်ရှိသော စက်မှု ဥယျာဉ်(မြို့သာ)စီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆက် လက်ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကိုအကျိုး တူပူးပေါင်း ဆောင်ရွက်နေသည့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ "စီမံကိန်းတွေရဲ့အားသာချက်၊ အားနည်းချက်နဲ့အကျိုးကျေးဇူး ရလဒ်တွေဖြစ်ပေါ်စေနိုင်တယ်ဆို တာကို အတည်ပြုပြီးဖြစ်သလို လက်တွဲဆောင်ရွက်နေတဲ့ ကုမ္ပဏီ ရဲ့ထုတ်ပြန်မှုတွေဟာ ပွင့်လင်းမြင် သာမှုရှိတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့်မို့ပြည်ထောင်စု အစိုးရ အဖွဲ့ဆီ ဆက်လက်တင်ပြပြီးတော့ စီမံကိန်းအကြောင်းကို နိုင်ငံတကာ ကပိုမိုသိရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံမှုတွေရှိအောင် ဆောင်ရွက်ပေးခဲ့ ပါတယ်။ အခုဆိုရင် နိုင်ငံခြားကုမ္ပ ဏီတွေရဲ့ စက်ရုံငါးရုံလည်ပတ် နေပြီး ထပ်မံတည်ဆောက်နေတဲ့ စက်ရုံတွေရှိသလို တရုတ်နိုင်ငံက ကုမ္ပဏီတစ်ခုကလည်း စက်မှုဥ ယျာဉ်အတွင်းက ဧက ၅၀ ကိုငှား ရမ်းပြီးစက်ရုံတစ်ရုံကိုလာမယ့်ရှစ် လအတွင်းအပြီး တည်ဆောက်ဖို့ လုပ်နေ ပါပြီ။ ဒေသခံတွေအတွက် လည်း အလုပ်အကိုင်အခွင့်အလမ်း တွေတစ်ခုပြီးတစ်ခုဆက်တိုက်ပေါ် ထွက်လာမှာပါ""ဟု တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက အောက်တိုဘာ ၁၂ ရက်တွင်ပြောကြားသည်။

လက်ရှိတွင် အမည်ပေါက် နေရာများအတွက် နစ်နာကြေးအ ဖြစ်တစ်ဧကလျှင် ကျပ်သိန်း ၂၀ ထုတ်ပေးမှု ၉၀ ရာခိုင်နှုန်းကျော် အထိပြီးစီးပြီးဖြစ်၍၊ အမည်မပေါက် နေရာများအတွက် ကရုဏာကြေး အဖြစ် တစ်ဧကလျှင်ကျပ်ငါးသိန်း ထုတ်ပေးမှုမှာ ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးပြီဖြစ်ကြောင်း၊ စီမံကိန်းအနီး တွင် မြေကွက်များကိုထပ်မံချထား ပေးကာ အိမ်ဆောက်လုပ်ခွင့်လက် မှတ်များကိုလည်းထုတ်ပေးပြီးဖြစ် သည်။

KST Sat Mu

 

""လုပ်ငန်းစဉ်အဆင့်အတိုင်း စီမံကိန်းကို နိုင်ငံတကာအဆင့်မီ ဖြစ်အောင် ဆက်လက်အကောင် အထည်ဖော်သွားမှာပါ။ လာမယ့် နိုဝင်ဘာလအတွင်းမှာ နိုင်ငံတကာ အဆင့်မီဂေါက်ကွင်းစတင်ဖွင့် လှစ်ဖို့ပြင်ဆင်နေပြီး လာရောက် ကစားတဲ့ပြည် တွင်းပြည်ပ ခရီး သည်တွေအနားယူနိုင်မယ့်အိမ်ရာ တွေကိုပါ ဆက်လက်တည်ဆောက် သွားမှာဖြစ်ပါတယ်။ ဆီမီးခုံဆိပ် ကမ်းကိုလည်း ဒီထက်ပိုမိုအဆင့် မြှင့်တင်နိုင်ဖို့အတွက် ကမ္ဘာ့ဘဏ် နဲ့ချိတ်ဆက်လုပ်ဆောင်သွားဖို့ရှိ ပါတယ်""ဟု မန္တလေး-မြို့သာစက် မှုဖွံ့ဖြိုးတိုး တက်ရေး အများပိုင် ကုမ္ပဏီလီမိတက်မှဥက္ကဋ္ဌဦးအောင် ဝင်းခိုင်ကပြောသည်။စီမံကိန်းကို ၂၀၁၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး လာမည်သုံးနှစ် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များပါဝင်သည့် စက်ရုံ ၂၀ ဝန်းကျင် အထိလည်ပတ်နိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။

KSA
#Democracytoday

Read 492 times
Login to post comments