Friday, 13 October 2017 11:23

မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တွင်းလမ်း များနှင့် အနိမ့်ပိုင်းရပ်ကွက် များရေဝင်နစ်မြုပ်

Written by
Rate this item
(0 votes)

မန္တလေး၊ အောက်တိုဘာ ၁၂- မန္တလေးမြို့တွင် အောက်တိုဘာ ၁၁ ရက် ညပိုင်းနှင့် ၁၂ ရက် နံနက်ပိုင်းအထိ မိုးရေချိန်လက်မ ၅ ဒသမ ၁၆ ဖြင့် စံချိန်ချိုးရွာသွန်း ခဲ့သောကြောင့်မြို့တွင်းလမ်းများ နှင့်အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နစ်မြုပ်မှု များကြုံတွေ့ခဲ့ ကြောင်း သိရသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ခန့်မှန်းချက်များအ ရ အောက်တိုဘာ ၁၂ ရက်တွင် ရာနှုန်းပြည့်မိုးတစ်ကြိမ်/နှစ်ကြိမ် ရွာသွန်းရန်ရှိကြောင်း ကြေညာ ထားပြီး နိုင်ငံတကာမိုးလေဝသ သတင်းများ အရ လည်း အောက် တိုဘာ ၁၁ ရက် နံနက်ပိုင်းမှစတင် ပြီး မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းတစ်ခု TD Twnty three ဖြတ်သန်းမည် ဟုဖော်ပြထားသည်။

 

""ဒီနေ့ရွာသွားတဲ့ မိုးက အောက်တိုဘာတစ်လ လုံးနီးပါး ရွာရမယ့် မိုးရေချိန်ရောက်တဲ့အထိ ကို တစ်ကြိမ်ထဲရွာသွားတယ်။ ဇွန် လမှာမိုးနည်းခဲ့တဲ့အတွက် နောက် ပိုင်းမှာ မိုးပိုလာတဲ့သဘောပဲ။ မိုး တိမ်တောင်တွေ မငြိမ်သက်လို့ အောက်တိုဘာလထဲမှာ မိုးတွေက ကျန်သေးတယ်""ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မန္တ လေးတိုင်းဒေသကြီး)လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်က ပြောသည်။

MTK Raining

 

ယခုရွာသွန်းခဲ့သော မိုးရေ ချိန်မှာ ၅ ဒသမ ၁၆ လက်မရှိပြီး ဇန်နဝါရီလမှ အောက်တိုဘာ ၁၁ ရက်အထိ ရွာသွန်းခဲ့သော မိုးရေ ချိန်မှာ ပျမ်းမျှ ၃၂ ဒသမ ၆၄ ရှိ ကာ ၂၀၁၀ ခုနှစ်၊ အောက်တို ဘာလကလည်း မိုးရေချိန် ၅ ဒသမ ၁၂ အထိ ရွာသွန်း မှုဖြစ်ပေါ်ခဲ့ သည်။"လမ်းပေါ်က ရေတွေတဖြည်း ဖြည်းကျဆင်းနေတယ်။ အနိမ့်ပိုင်းရပ်ကွက်က ရေဝင်တာတွေကို တော့စည်ပင်သာယာအနေနဲ့ တတ်နိုင်သလောက် ကူညီပေးနေ တယ်။ ရေတွေအမြန်ကျဆင်းဖို့ လည်း လုပ်ဆောင်နေတယ်""ဟု မြို့တော်စည်ပင်သာ ယာရေးကော် မတီဝင် ဦးကျော်ဇောအောင်ကပြော သည်။

မန္တလေးမြို့တွင်းလမ်းများ နှင့် မြေနိမ့်ပိုင်းရပ်ကွက်နေအိမ် အချို့တွင် ရေကြီးရေလျှံနေမှုနှင့် အတူ သက်တမ်းရင့်သစ်ပင်များ ပြိုလဲခဲ့ရာ မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိသူ များ၊ လူမှုကူညီရေးအသင်းအဖွဲ့ များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်များ၊ ပြည်သူ များစုပေါင်း၍ ယာဉ်များသွားလာ နိုင်ရေး ရှင်းလင်းပေးလျက်ရှိပြီး ရပ်ကွက်နေအိမ်များအား ရေစုပ် ထုတ်ခြင်းတို့ဆောင်ရွက်ပေးနေ ကြောင်း သိရသည်။

MTK
#Democracytoday

Read 1356 times
Login to post comments