HOT NEWS
Main menu
ဆောင်းသီးနှံ စိုက်ပျိုးမည့်သူများ မိုးရွာသွန်းမှု များပြားခြင်းနှင့် လုပ်သားရှားပါးခြင်းတို့ကြောင့် စိုက်ပျိုးချိန် နောက်ကျနေကြရ

ဆောင်းသီးနှံ စိုက်ပျိုးမည့်သူများ မိုးရွာသွန်းမှု များပြားခြင်းနှင့် လုပ်သားရှားပါးခြင်းတို့ကြောင့် စိုက်ပျိုးချိန် နောက်ကျနေကြရ

မကွေး၊ နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယခု နှစ်မိုးရွာသွန်းမှုမြင့်မားခဲ့ခြင်းကြောင့် စိုက်ပျိုးမြေများ ပေါင်းမြက်များ ထူထပ်စွာပေါက်ခြင်းနှင့် ရေ၀ပ်ခြင်း၊ အစိုဓာတ်များပြားခြင်းတို့ကြောင့် မြေပြင်ရန် အခက်အခဲဖြစ်နေ သည့်အပြင် လုပ်သားရှား ပါးမှုအခက်အခဲလည်း ကြုံတွေ့နေရသည့်အတွက် စိုက်ပျိုးချိန် နောက်ကျနေကြသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ယခု နှစ် မိုးရွာသွန်းရက် ၅၄ ရက်အထိ ရှိခဲ့ပြီး မိုးရေချိန်လက်မ ၃၆ ဒသမ ၂၇ လက်မရှိခဲ့ကာ မိုးလွန်ကာလ အောက်တို ဘာနှင့်နိုဝင်ဘာလများတွင် မိုးရွာသွန်းရက် ၁၆ ရက် ရွာသွန်းခဲ့မှုကြောင်း မင်းဘူးခရိုင် မိုး လေ၀သဌာနမှ သိရသည်။ " ကျွန်တော်တို့ဒေသမှာ မိုးလွန် ကာလမိုးရွာသွန်းမှုမြင့်မားခဲ့တဲ့အတွက် မိုးကာလစိုက်ပျိုးထားတဲ့ သီး နှံတွေအထွက်နှုန်းကျဆင်းပြီး သီးနှံ ပေါ်ချိန်မှာ အရှုံးတွေနဲ့ရင်ဆိုင်ရတယ်။ ဆောင်းသီးနှံစိုက်ပျိုးဖို့ မြေထွန်ယက်နောက်ကျခဲ့လို့ စိုက်ပျိုးချိန်နောက်ကျရတယ်။ စိုက်ပျိုးစရိတ် မြင့်တက်လာမှုနဲ့လုပ်သား ရှားပါး တဲ့ ပြဿနာတွေ ကြုံတွေ့နေရတယ် " ဟု ပွင့်ဖြူမြို့ နယ် ရှောက်တောကျေးရွာမှ ကိုထွန်းမင်းက နိုဝင်ဘာ ၁၉ ရက်တွင်ပြောသည်။

အဆိုပါဒေသမှ တောင်သူများသည် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန် အောက်တိုဘာလဆန်းပိုင်းမှစတင်၍ မြေပြင်ထွန်ယက်နေကြပြီး မိုး နှောင်းကာလတွင် မိုးပိုမိုရွာသွန်းခဲ့မှုကြောင့် စိုက်ပျိုးမြေများ ရေ၀ပ် ခြင်း၊ အစို ဓာတ်များခြင်းတို့ကြောင့် မြေပြင်ရန် အခက်အခဲများကြုံတွေ့ နေရသည်။ "အရင်နှစ်က ထွန်ယက်ခ နွားတစ်ရှဉ်းကို ငှားရမ်းခတစ်မနက် ကျပ် ၅၀၀၀ ရှိရာကနေ အခုနှစ်မှာ ကျပ် ၇၅၀၀ ထိပေးနေရတယ်။ ထွန်စက် ထွန် ယက်မယ်ဆိုရင် တစ်နာရီကျပ် ၁၅၀၀၀ ကနေကျပ် ၂၀၀၀၀ ထိပေးနေရတယ်။ အမျိုးသမီးအလုပ်သမား တစ်ဦးကို အရင် နှစ်ကတစ်နေ ကုန်ကျပ် ၃၅၀၀ က နေ အခုနှစ်မှာ ကျပ် ၅၀၀၀ ထိ ပေးနေရတယ်။ လုပ်သားရှားပါးနေလို့ လုပ်သားကိုလိုသလောက်ကြိုတင်မှာပြီး နေရတယ်။ ဒါကြောင့် အခက်အခဲတွေဖြစ်နေရတယ် " ဟု ကုလားကုန်းကျေးရွာနေ တောင်သူ ကိုဖိုးကျော်က ပြောကြားသည်။ ယခုနှစ်တွင် သီးနှံ အထွက်နှုန်း လျော့နည်းခြင်း၊ သီးနှံဈေးနှုန်းလျော့ နည်းကျဆင်းခြင်း၊ မိုးရွာသွန်းမှုများ ပြားခြင်းနှင့်လုပ်သား ရှားပါးခြင်း တို့ ကြောင့် တောင်သူများအဖို့အရှုံး နှင့်ရင်ဆိုင်နေသည်။

KK
#Democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS