HOT NEWS
Main menu
adv
မန္တလေးမြို့ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ပလ္လင်ပေါ်တွင် ဘုရားဖူးများ ဓာတ်ပုံရိုက်ခြင်း တားမြစ်၊ လုံခြုံရေးနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရန် အတွက် ဟုဆို

မန္တလေးမြို့ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ပလ္လင်ပေါ်တွင် ဘုရားဖူးများ ဓာတ်ပုံရိုက်ခြင်း တားမြစ်၊ လုံခြုံရေးနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရန် အတွက် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

မန္တလေး မြို့မဟာမုနိရုပ်ပွားတော်မြတ်ကြီးတွင် လုံခြုံရေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရန်အတွက် ဘုရားဖူးများအားပလ္လင်ပေါ်တွင် ဓာတ်ပုံရိုက်ခြင်းနှင့် Selfie ရိုက်ခြင်းများကို စတင်တားမြစ်လိုက်ပြီဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါတားမြစ်ချက်ကို ယခုလအတွင်းစတင်ခဲ့ခြင်းဖြစ်ပြီး အများ ပြည်သူသိရှိရန်အတွက် တားမြစ်ချက်များကို ဗီနိုင်းပိုစတာများဖြင့် ချိတ်ဆွဲအသိပေးသွားမည်ဖြစ်ကြောင်း ဘုရား ကြီးဂေါပကအဖွဲ့မှ  ဥက္ကဋ္ဌဦးစိုးလွင်က ဒီဇင်ဘာ ၅ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။


''ဒါက ပထမဆုံး ကန့်သတ်လိုက်တာဖြစ်ပါတယ်။ အခုအချိန်မှာက လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့လည်း အထူးဂရုစိုက်စောင့်ကြည့် နေရတဲ့အနေအထားဆိုတော့ ဒီလို ကန့်သတ်လိုက်တာကြောင့် ဟန်းဆက်အသုံးပြုပြီး အဖျက်အမှောင့်  ဖောက်ခွဲရေးကိုမလုပ်နိုင်အောင် ကြိုတင်ကာကွယ်တဲ့သဘောလည်းဖြစ်သွားစေပါတယ်''ဟုဦးစိုးလွင်က ဆက်လက်ပြောသည်။ ဘုရားဖူးအမျိုးသားများမှာ ရွှေသင်္ကန်းကပ်လှူခြင်းပြုလုပ်ပြီးပါက ရုပ် ရှင်တော်မြတ်ကြီးအားနောက်ခံထား၍ Selfie ဓာတ်ပုံရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာများပေါ် တင်ခြင်းမှာလည်း ပြည်ပဧည့်သည်များအကြားတွင် အထင်အမြင်သေး စရာဖြစ်နိုင်သည့်အတွက် ဂေါပက အစည်း အဝေး တွင် အဖွဲ့ဝင်များ၏သဘောတူညီမှုနှင့်အညီ အဆိုပါ နေရာများတွင် ဓာတ်ပုံရိုက်ခြင်းကို ကန့်သတ်တားမြစ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။


ယင်းအပြင် လုံခြုံရေးအတွက် ဂန္ဓကုဋိတိုက်၏ အတွင်းတော်နှင့် ပလ္လင်တော်ပေါ်တွင် လုံခြုံရေးဝန်ထမ်းများ အလှည့်ကျချထားမည်ဖြစ်ပြီး လုံခြုံရေးကင်မရာတပ်ဆင်၍ ဂေါပက ရုံးခန်းမှတစ်ဆင့်တိုက်ရိုက်စောင့် ကြည့်ခြင်းအပြင် လက်ကိုင်ဖုန်းများကို အတွင်းတော်သို့ယူဆောင်ခွင့်ကိုလည်း တားမြစ်ကာ ဓာတ်ပုံရိုက်ကူး ခြင်းကိုလည်း အပြင်ဘက်မှသာခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။ ယခုအခါ ရုပ်ရှင်တော်မြတ်ကြီးကို ရွှေသင်္ကန်းကပ်လှူမည့်အမျိုးသားများ ယူဆောင်လာသည့်ပစ္စည်းများကို လုံခြုံရေးဝန်ထမ်းများမှ ဂန္ဓကုဋိတိုက်အပြင်ဘက်ရှိ သေတ္တာများ အတွင်းနံပါတ်များဖြင့် မှတ်တမ်းတင် ကာစနစ်တကျ သိမ်းဆည်းပေးလျက် ရှိကာ မိုင်းရှာစက်ဖြင့်စစ်ဆေးခံပြီးမှသာ အတွင်းတော်သို့ဝင်ရောက် ခွင့်ပြုသလို ဘုရားကြီးပရိဝုဏ်အတွင်းရှိ လိုအပ်သည့်နေရာတိုင်းတွင် လုံခြုံရေးကင်မရာများကို တိုးချဲ့တပ် ဆင်နိုင်ရန်အတွက် လည်း နည်းပညာ ကုမ္ပဏီများဖြင့် ညှိနှိုင်းဆွေးနွေး လျက်ရှိကြောင်း သိရသည်။


မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၄ ရက်မှ တပို့တွဲလပြည့် ကျော် ၈ ရက်အထိ ၁ဝ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတော် မတိုင်ခင် လုံခြုံရေးကင်မရာများကို တပ်ဆင်သွား မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်များအားလုံးအ လေးအမြတ်ထား၍ ပူဇော်ကိုးကွယ် နေသော ရှေးဟောင်းရုပ်ပွားတော် တစ်ဆူဖြစ်ပြီး ပြည်တွင်းပြည်ပ ဧည့်သည်များ အများဆုံးလာရောက်ကြ သော အထင်ကရနေရာတစ်ခုဖြစ် သည်။

KSA

#democrachtoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS