HOT NEWS
Main menu
adv
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းတွင် ထိုင်းလယ်သမားများ ခွင့်ပြုချက်မဲ့ ရေတားမှု ထပ်မံပြုလုပ်၊ နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းနေ

မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းတွင် ထိုင်းလယ်သမားများ ခွင့်ပြုချက်မဲ့ ရေတားမှု ထပ်မံပြုလုပ်၊ နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းနေ

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၇

ထိုင်း- မြန်မာနှစ်နိုင်ငံနယ်စပ် ရှမ်းပြည် နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရန်အောင်မြင်ရပ်ကွက် ငှက်ပျောဆိပ်ရှိ မယ်ဆိုင်ချောင်းတွင် ထိုင်းလယ်သမားများက စိုက်ပျိုး ရေအတွက် ချောင်းကိုပိတ်ကာ ရေသွယ်ယူရန် ဖေဖော်ဝါရီ ၁၆ ရက် နံနက်က ထပ်မံလုပ်ဆောင်လာသည့်အတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးနေရကြောင်း သိရသည်။

 

''အခုတော့ မြန်မာနိုင်ငံဘက်မှ ကန့်ကွက်စာတင်ထားပါတယ်။ ငုတ်တိုင်တွေပြန်နုတ်ပေးဖို့ဆိုပြီးတော့မှ နှစ်နိုင်ငံညှိနှိုင်း နေပါပြီ။ စာလည်းပို့ထားတယ်။ နှစ်နိုင်ငံ TBC တွေလည်းညှိနှိုင်း နေပါပြီ''ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးထွန်းဝင်းအောင်က ဖေဖော်ဝါရီ ၁၆ ရက် နံနက်က ပြောကြားသည်။ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လယ်သမား ၃ဝဝ ကျော်သည် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီက မယ်ဆိုင်ချောင်းတွင် ရေတားခြင်းကို ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ထပ်မံလုပ် ဆောင်လာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်ကလည်း ရေတားလုပ် ဆောင်သဖြင့် နှစ်နိုင်ငံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရသည်။ ''ဒါဆိုရင် နှစ်ကြိမ်မြောက် ဖြစ်ပြီပေါ့။ နှစ်နိုင်ငံ TBC ဆွေးနွေးပွဲမှာတော့ နောင်နှစ်တွေမှာလည်း ဒီလိုမဖြစ်အောင် ထိုင်းနိုင်ငံဘက်ကနေ မြစ်ရေတင်စနစ်နဲ့လုပ်မယ်လို့ ညှိနှိုင်းသဘောတူခဲ့တာရှိပါတယ်။ ပထမတစ်ကြိမ်ကတော့ စာပဲပို့တာ။ အခုတော့ ညှိနှိုင်းနေပြီဆိုတော့ နောက်ထပ်တော့ဖြစ် မှာမဟုတ်ပါဘူး''ဟု ၎င်းကဆက်လက်ပြောကြားသည်။


ပထမအကြိမ်ကရေတားများ ပြုလုပ်မှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁ဝ ရက် ညနေ ၃ နာရီဝန်းကျင်က မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားရှိ ရွှေနန်းတော်ကုန်တိုက်၌ မြန်မာ-ထိုင်း မြို့နယ် အဆင့်နယ်ခြားကော်မတီ(TBC) တို့ အလွတ်သဘောတွေ့ဆုံဆွေး နွေးမှု ပြုလုပ်ခဲ့ကြသည်။ ထိုင်းလယ်သမားများသည် ဇန်နဝါရီ ၉ ရက်နှင့်ဇန်နဝါရီ ၁၃ ရက်များကလည်း ချောင်းအတွင်း ရေတားများလုပ်ဆောင်ရန် စုရုံးခဲ့ ကြသဖြင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သွားရောက်ကန့်ကွက်ခဲ့သဖြင့် လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၈ ရက်တွင် ဝါးလုံးများဖြင့် ရေတားများစတင်ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS