HOT NEWS
Main menu
adv
လာမည့် မတ်လကုန်တွင် ချင်းပြည်နယ် မြို့နှစ်မြို့ ၌ လျှပ်စစ်မီး ထပ်မံ ရရှိမည်

လာမည့် မတ်လကုန်တွင် ချင်းပြည်နယ် မြို့နှစ်မြို့ ၌ လျှပ်စစ်မီး ထပ်မံ ရရှိမည်

ဟားခါး၊ ဖေဖော်ဝါရီ ၁၇

မတ် လကုန်ရက်တွင် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နှင့်တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိတော့မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရရုံးမှတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားသည်။ ချင်းပြည်နယ်လျှပ်စစ်မီးရရှိ ရေးအတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့မှတစ်ဆင့် သွယ်တန်းရယူခဲ့ရာ ချင်းပြည်နယ် ဟားခါးမြို့သို့ မဟာဓာတ်လိုင်းရောက်ရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင်တီးတိန်မြို့သို့ မဟာဓာတ် အားလိုင်းရောက်ရှိမည်ဖြစ်သည်။


''၂ဝ၂ဝ ပြည့်နှစ်မှာ ချင်းပြည်နယ်ရဲ့ ၅ဝ ရာခိုင်နှုန်း၊ လျှပ်စစ်မီးရရှိနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ၂၄ နာရီလျှပ်စစ်မီးရလာရင် သစ်တောပြုန်းတီးမှုလည်း လျော့ပါး လာမှာဖြစ်ပြီး ဒေသတွင်းလူနေမှု အဆင့်အတန်းလည်း အခုထက်ပိုမို မြင့်မားလာမှာဖြစ်ပါတယ်။ လျှပ်စစ်မီးရရင် ထင်းသုံးစွဲမှုလည်း လျှော့ချ နိုင်မှာပါ''ဟု ၎င်းကပြောသည်။ ချင်းပြည်နယ်တောင်ပိုင်းတွင် ယခုအခါ မင်းတပ်မြို့တစ်မြို့တည်းသာလျှင် လျှပ်စစ်မီးရရှိနေပြီး နတ်မတောင်ခြေရင်းရှိ ပြည်တွင်း၊ပြည်ပ ဧည့်သည်အများစုဝင်ထွက်သွားလာ နေသည့် ကန်ပက်လက်မြို့မှာ ယနေ့အထိ လျှပ်စစ်မီးမရသေးသည့်အ ပြင် ယင်းမီးဖိုကိုသာအများဆုံးအသုံး ပြုနေကြရသည်။  ''မဟာဓာတ်အားလိုင်းကနေ ပြီး ၂ဝ၃ဝ ပြည့်နှစ်မှာ ချင်းပြည်နယ် တစ်ခုလုံးလျှပ်စစ်မီး ၂၄ နာရီရရှိပါမယ်။ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ရာမှာ ချင်းပြည်နယ် မြို့ကြီးတွေသာမက ကျေးလက်ဒေသတွေအထိပါ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဦးအိုက်ဇက်ခင်က ပြောသည်။


MOS

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS