HOT NEWS
Main menu
adv
သဘာဝဘေးကြောင့်  ပြောင်းရွှေ့ခဲ့ရသည့်  ဟားခါးမြို့နေ  ပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရ

သဘာဝဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဟားခါးမြို့နေ ပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရ

ဟားခါး၊ ဖေဖော်ဝါရီ ၁၇

၂ဝ၁၅ ခုနှစ် မိုးရာသီကာလကသဘာဝဘေး ကြုံတွေ့ခဲ့ရပြီး ပြောင်းရွှေ့နေထိုင်ကြရသော ဟားခါးမြို့ကွက်သစ်တွင် ယခု နွေဦးရာသီရောက်လာချိန်၌ သောက်သုံးရေအခက်အခဲများဖြင့် စတင် ကြုံတွေ့နေရပြီဖြစ်ကြောင်း ပြောင်း ရွှေ့နေထိုင်သည့် ဒေသခံဦးဗန်တိုင်က ပြောကြားသည်။ သဘာဝဘေးသင့်ခဲ့သော ဟားခါးမြို့၊ မြို့သူမြို့သားလူဦးရေ ထောင်ကျော်ကို မြို့နှင့်အနည်းငယ် ဝေးသည့် မြို့ကွက်သစ်နေရာတွင် နေအိမ် ၇ဝဝ တည်ဆောက်ကာ နေရာချထားပေးခဲ့ခြင်းဖြစ်ပြီး ယခု နွေဦးရာသီတွင် သောက်သုံးရေ အခက်အခဲဖြစ်နေခြင်းဖြစ်သည်။


''ပြည်နယ်အစိုးရတာဝန်ရှိသူ တွေစီစဉ်ပေးတဲ့ ရေဘောက်ဆာ ကားကြီးတွေကတော့ နေ့စဉ်ရေလာဝေတာရှိပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့ ရေအလုံအလောက်မရပါဘူး။ လာမယ့်နွေရာသီမှာဆိုရင် သောက်သုံးရေအတွက် အခက်အခဲဖြစ်နိုင်ပါတယ်''ဟု ယင်းဒေသခံက ပြောကြားသည်။ ဟားခါးမြို့သည်နှစ်စဉ်သောက် သုံးရေအခက်အခဲဖြစ်နေသော မြို့တစ်မြို့ဖြစ်ပြီး ယခုနှစ်တွင် ချင်းပြည် နယ်အစိုးရအနေဖြင့် ဟားခါးမြို့ရေ ရရှိရေးကို အထူးဦးစားပေးဆောင် ရွက်လျက်ရှိကာ လာမည့်နွေရာသီ မရောက်မီ မြို့တွင်းရေပေးဝေရေး လုပ်ငန်းကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဟု သိရသည်။ ''အခုအစိုးရသစ်လက်ထက် လာမယ့်နွေရာသီမတိုင်မီ မြို့အတွင်း ရေပေးဝေရေးလုပ်ငန်းတွေ ပြီးစီး အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဟားခါး-ထန်တလန်အကြားက တီးမစ်ချောင်းကနေ ရေပေးဝေ ရေးဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုလုပ်ငန်းတွေ ပြီးစီးသွားရင် ဟားခါးမြို့တစ်မြို့လုံး ရေအလုံအ လောက်ရနိုင်မှာဖြစ်ပါတယ်''ဟု ချင်း ပြည်နယ် အစိုးရအဖွဲ့ရုံးမှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


MOS

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS