Main menu
HOT NEWS
adv
တောင်တွင်းကြီး-အောင်လံ ကားလမ်းတွင် တရားမဝင် သစ်များ သယ်ဆောင်သူ လေးဦးကို ဖမ်းဆီး အရေးယူ

တောင်တွင်းကြီး-အောင်လံ ကားလမ်းတွင် တရားမဝင် သစ်များ သယ်ဆောင်သူ လေးဦးကို ဖမ်းဆီး အရေးယူ

တောင်တွင်းကြီး၊ ဖေဖော်ဝါရီ ၁၇

တာင်တွင်းကြီးမြို့နယ် တောင်တွင်းကြီး-အောင်လံကားလမ်းတွင် တရားမဝင်သစ်များ သယ်ဆောင်လာသော ယာဉ်တစ်စီးကို ဖေဖော်ဝါရီ ၁၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ဆတ်သွားနယ်မြေရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင် ခိုင်စိုးနှင့်အဖွဲ့၊ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးဇော်နိုင်နှင့်အဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၆ နာရီခွဲက တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေး ရွာအဝင် တောင်တွင်း-အောင်လံကားလမ်း၌ စောင့်ဆိုင်းစဉ် အောင် လံဘက်မှ တောင်တွင်းကြီးဘက်သို့ ယာဉ်မောင်း ကိုစိုင်း(၁၉)နှစ် ငခုံးမ ကျေးရွာ တောင်တွင်းကြီးမြို့နယ်နေသူ မောင်းနှင်ပြီး တစ်ရွာတည်းနေဝင်းလှိုင်(၃၈)နှစ်၊ သစ်ပိုင်ရှင် စန်းဝင်းမောင်(၄၅)နှစ် မောင်းတိုင်ရပ်ကွက် တောင်တွင်းကြီးမြို့နေသူ၊ သန်းထိုက်အောင်(၂၄)နှစ် တောင်တွင်းကြီးမြို့နေသူတို့လိုက်ပါသည့် 2M/---- Forland အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာတွင် ယာဉ် ပေါ်တွင် အင်ခွဲသားဆိုဒ်စုံ ၈၅ ချောင်း၊ ချုဉ်ယုတ်တစ်ချောင်း၊ ၃ ဒသမ ၆၇၂၄ တန် ကာလတန်ဖိုး ၅၄၇၁၁ဝ ခန့်ကို တွေ့ရှိဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်သစ်များ သယ်ဆောင်သူ ကိုစိုင်းပါ လေးဦးကို အရေးယူပေးရန် ရဲအုပ်အောင်ခိုင်စိုးက တရားလိုပြုတိုင်ကြားခဲ့၍ တောင်တွင်းကြီးမြို့နယ် ဆတ်သွားနယ်မြေရဲစခန်းမှ (ပ)၂၂/၂ဝ၁၇၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားသည်။

TN

#democracytdoay

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191