Main menu
HOT NEWS
adv
ကျိုက္ကသာမြို့ဟောင်းတွင် မြေတူးရင်း ရွှေပြားများတူးဖော်တွေ့ရှိ

ကျိုက္ကသာမြို့ဟောင်းတွင် မြေတူးရင်း ရွှေပြားများတူးဖော်တွေ့ရှိ

ကျိုက်ထို၊ မတ် ၁၈-မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ ကျိုက္ကသာမြို့ဟောင်းအတွင်းတွင် မတ် ၁၇ ရက်ညနေပိုင်း ကကားလမ်း ဖောက်လုပ်ရန်ဘက်ဟိုးယာဉ်ဖြင့် မြေ တူးရာမှ ရှေးဟောင်းရွှေပြားတစ်ပိ ဿာ ၂၀ ကျပ်သားခန့်ကို တူးဖော် တွေ့ရှိ ခဲ့ကြောင်း ဒေသခံဆရာတော် များထံမှ သိရသည်၊၊

တူးဖော်တွေ့ရှိတာတော့ မနေ့ ကညနေ ၃ နာရီလောက်ကတွေ့တာ ပါ တွေ့တဲ့နေရာက ကျိုက္ကသာမြို့ ဟောင်းဗိုလ်ခြေ တထောင်ရန်မျိုး အောင်စေတီအနီးက ရွှေပေါ်ထွန်း ရေလယ်ကျွန်းမှာ ကားလမ်း ဖောက်ဖို့ ဘက်ဟိုးယာဉ်နဲ့ မြေတူးရင်းအလုပ် သမားတွေကတွေ့တာဖြစ်တယ်။ မြေ တူးနေတဲ့မြေကုန်းက ကျိုက္ကသာရွာခံ ကိုဇာနည်နဲ့မသန္တာတို့ပိုင်ဆိုင်တဲ့ မြေ ကုန်းဖြစ်တယ်။ သူတို့က ကားလမ်း ဖောက်ဖို့အတွက် အဲဒီမြေကုန်းကို လှူထားတာပါ။ ရွှေပြားတွေကမြေအိုး နဲ့တစ်အိုး အပြည့်ပဲ မြေအိုး ကတော့ ကွဲသွားတယ်။ မြေအိုးထဲကရွှေပြား တွေကိုတွေ့တဲ. အလုပ်သမား တွေက မြေပိုင်ရှင်ကိုအပ်နှံခဲ့ပါတယ်"  ဟု ကျိုက် ထိုမြို့ဓမ္မ စကူးလ်ဖောင်ဒေးရှင်း မှဆရာတော် အရှင်ပညာစက္ကက မတ် ၁၈ ရက် နေ့လယ်ပိုင်းက မိန့်ကြားခဲ့ သည်၊၊

Gold Found

 

အဆိုပါ ရွှေပြားများကိုမြေပိုင် ရှင်ကိုဇာနည်နှင့်မသန္တာတို့က ဗိုလ် ခြေတထောင်ရန်မျိုးအောင်စေတီရှိ ပဋ္ဌာန်းပွဲမဏ္ဍပ်တွင် သေတ္တာဖြင့်သော့ ခတ်သိမ်းဆည်းထားပြီး မွန်ပြည်နယ် ရှေးဟောင်း သုတေသနဦးစီးဌာနမှ တာဝန်ရှိသူများကမတ် ၁၉ ရက်တွင် လာရောက်ကြည့်ရှုစစ်ဆေးကြမည် ဖြစ်ကြောင်း၊ မြေပိုင်ရှင်ကိုဇာနည် မိသားစုက ယင်းရွှေပြားများကို နိုင်ငံ တော်သို့ အပ်နှံ သွားမည်ဖြစ်ကြောင်း သိရသည်၊၊

"ရွှေပြားတွေပေါ်မှာတော့ ဘာ အမှတ်အသားမှ မရေးထိုးထားဘူး။ ရွှေပြားပတ်ပတ်လည်မှာ အပေါက် လေးတွေပါတယ်။ ဘယ်ခေတ်လက် ရာလဲ နှစ်ပေါင်းဘယ်လောက်ကလဲ ဆိုတာကတော့ ရှေးဟောင်း သုတေ သန ပညာရှင်တွေလာကြည်ပြီးတော့ မှပဲသိနိုင်မယ်ထင်တယ်။ ကျိုက္ကသာ မြို့ဟောင်းမှာဒီလိုပဲ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး တွေခဏခဏတွေ့တတ်ကြတယ် " ဟု ရွှေပြား များ အား သွားရောက်ကြည့် ရှုခဲ့သူ ဒေသခံဦးမြသိန်းကပြောသည်၊၊

ယခုရွှေပြားများအားတွေ့ရှိ သောနေရာတွင် ကျောက်သားမရှိဘဲ မြေသားသက်သက်သာရှိနေကာ တစ် စုံတစ်ဦးက ရွှေပြားများ ကိုမြေအိုးထဲ ထည့်ကာမြှုပ်နှံခဲ့သည့် ပုံစံမျိုးဖြစ်နေ ကြောင်း၊ ထူးခြားချက် အနေဖြင့် ယင်း နေရာအားမြေတူး စဉ် မြေကြီးထဲ မှ မြေပွေးတစ်ကောင်ထွက်လာခဲ့ပြီး မကြာမီရွှေပြားများကိုတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ခြေတထောင်ရန် မျိုး အောင်ကျောင်းတိုက် ဆရာတော်ဦး ဇာဂရက မတ် ၁၈ ရက် မွန်းလွဲပိုင်း တွင် မိန့်ကြားခဲ့သည်၊၊

ZMT/Democracytoday

Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com

Latest from System

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191