Main menu
HOT NEWS
adv
မကွေးမြို့နယ် အတွင်းရှိ ကျေးရွာများတွင် နွေရာသီ ရေရှားပါးမှု မရှိစေရေး ပြင်ဆင်ထားရှိမှု ရှင်းလင်း

မကွေးမြို့နယ် အတွင်းရှိ ကျေးရွာများတွင် နွေရာသီ ရေရှားပါးမှု မရှိစေရေး ပြင်ဆင်ထားရှိမှု ရှင်းလင်း

မကွေး

မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီ ရေရှား ပါးပြတ်လပ်မှု မရှိစေရေးအတွက် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြင်ဆင်ထားရှိမှုကို မီဒီယာများအား ချပြရှင်းလင်းခြင်းကို မကွေးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မတ် ၁၅ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ ကြောင်း သိရသည်။ 

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်လွင်တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က မကွေးမြို့နယ်တွင် နွေရာသီ ရေရှားပါးနိုင်သည့် ရေငံ၊ စိုင်ကျ၊ အလယ်ကျွန်း(မ)၊ ငါး ဆောင်၊ ကန်တော်၊ ရေခါးစသည့် ကျေးရွာများနှင့် အင်ကြင်းကိုင်း၊ ကိုးရွာ၊ ရေကျန်ကုန်း၊ အောင်သာကုန်း စသည့်တဲတိုက်များအား သက်ဆိုင်ရာဌာနများဖြစ်ကြသော စည်ပင်၊ မီးသတ်နှင့် NGO အဖွဲ့အစည်း ဖြစ်သည့် BAJ တို့နှင့် ပူးပေါင်းကာ ရေဖြန့်ဝေပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ မကွေးမြို့နယ်မှ ရေပြတ်လပ် ၍ အကူအညီတောင်းခံလာသော ကျေးရွာများ မရှိသေးကြောင်း ချပြရှင်းလင်းပြောကြားခဲ့သည်။


တက်ရောက်လာကြသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ တောင်းဆိုချက်များကိုလည်းကောင်း၊ သတင်းမီဒီယာသမားများ၏ မေး မြန်းချက်များကိုလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူတို့က ရှင်းလင်း ဖြေကြားသွားသည်။  မကွေးမြို့နယ်ရှိ ကျေးရွာ များတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က ကျေးလက်ရန်ပုံငွေဖြင့် စက်ရေတွင်း ၁၇ တွင်းကိုလည်းကောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စက်ရေတွင်း ခြောက်တွင်းကိုလည်းကောင်း တူးဖော်ဆောင်ရွက်ပေးခဲ့ပြီး မကွေး မြို့နယ်တွင် ကျေးရွာအုပ်စု ၆၁ စု၊ ကျေးရွာပေါင်း ၂၁၆ ရွာရှိသည့်အနက် လက်ရှိစက်ရေတွင်းရှိသော ကျေးရွာ ၁၄ဝ ခန့်ရှိကြောင်း ကျေးလက်ဦးစီးဌာနမှ သိရသည်။

 

စောလှနွယ်

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191