HOT NEWS
Main menu
adv

ကျောက်တော် မဟာမြတ်မုနိ ဘုရားမှ စလွယ်တော်၊ မကိုဋ်တော်နှင့် နားတောင်းတော် တို့အား ဖယ်ရှား

မင်းပြား

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားအား မူလလက်ရာအတိုင်း အပူဇော်ခံနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက်က လှူဒါန်းထားခဲ့သော မဟာမုနိစလွယ်တော်၊ မကိုဋ်တော်နှင့် နား တောင်းတော်တို့အား ပြည်သူများ၏ ဆန္ဒအတိုင်း ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီခွဲက ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။ မဟာမြတ်မုနိဘုရားတွင် မူလကမပါရှိခဲ့သော စလွယ်တော်နှင့် ဆက်စပ်ပစ္စည်းများ ဖယ်ရှားပေးရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များ မှ ဒေသခံထောင်ချီ၍ ကျောက်တော်မြို့နယ်တွင် ဖေဖော်ဝါရီ ၅ ရက်က ဆန္ဒထုတ်ဖော်ခဲ့ရာ ဆရာတော်ကြီးများ၊ ဒေသအာဏာပိုင်နှင့် ပြည်သူများ ဆွေးနွေးညှိနှိုင်းကာ တစ်ဆက်တည်းဖယ်ရှားခဲ့ခြင်းဖြစ်သည်။

Read more...

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား အလင်းပေးခြင်း လုပ်ငန်းကို အမေရိကန်ဒေါ်လာ နှစ်သိန်းခန့် အကုန်အကျခံ ဆောင်ရွက်မည်

မန္တလေး၊ ဇန်နဝါရီ ၁၁

မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်အတွင်း အလင်းပေးခြင်းစနစ် နှင့် လျှပ်စစ်မီးကြိုးများကို နောက်ဆုံးပေါ်နည်းပညာ Fiber Cable စနစ်သို့ ပြောင်းလဲတပ်ဆင်ခြင်း လုပ်ငန်းကို ၂ဝ၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်သိန်းခန့် အကုန်အကျခံ၍ ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့မှ သိရသည်။

Read more...

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး နဖူးတော် ပုံစံ ပျက်ယွင်းနေမှုကို နဂိုမူလပုံစံ ပြန်လည် ရရှိရန် သြဝါဒ ဆရာတော်ကြီးများ ခွင့်ပြုချက်နှင့် အညီ ဆောင်ရွက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၉

မန္တလေးမြို့ မဟာ မုနိရုပ်ရှင်တော်မြတ်ကြီး နဖူးတော်ကို နဂိုမူလပုံစံသို့ပြန်လည်ရရှိစေရန် သြဝါဒဆရာတော်ကြီးများ ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီ ၈ ရက်တွင် ဘုရားကြီးပရိဝုဏ်အတွင်းရှိ မိုး ကောင်းဓမ္မာရုံ၌ စာနယ်ဇင်းအသိပေးပွဲတစ်ခု ကျင်းပခဲ့ပြီး ၁၉၈၆ခုနှစ် နောက်ပိုင်းကာလများတွင် ရုပ်ရှင်တော်မြတ်ကြီး၏ နဖူးတော် အထက်ပိုင်းကို ရွှေသင်္ကန်းကပ်လှူမှုများရှိခဲ့ပြီး နဂိုမူလနဖူးတော်ပုံစံ ပျက်ယွင်းသွားခဲ့ရပြီး နဖူးတော်မှာ မညီမညာဖြစ်နေ၍ ရေတော်ဆရာတော်မှ နဂိုနဖူးတော်ပုံစံအ တိုင်း ပြန်လည်ပြုလုပ်ရန်အတွက် ဂေါပက အဖွဲ့ကို မိန့်ကြားခြင်းကြောင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဘုရားကြီးဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းက စာနယ်ဇင်းအသိပေးပွဲတွင် ပြောသည်။

Read more...

မန္တလေးမြို့ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ပလ္လင်ပေါ်တွင် ဘုရားဖူးများ ဓာတ်ပုံရိုက်ခြင်း တားမြစ်၊ လုံခြုံရေးနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရန် အတွက် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

မန္တလေး မြို့မဟာမုနိရုပ်ပွားတော်မြတ်ကြီးတွင် လုံခြုံရေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရန်အတွက် ဘုရားဖူးများအားပလ္လင်ပေါ်တွင် ဓာတ်ပုံရိုက်ခြင်းနှင့် Selfie ရိုက်ခြင်းများကို စတင်တားမြစ်လိုက်ပြီဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါတားမြစ်ချက်ကို ယခုလအတွင်းစတင်ခဲ့ခြင်းဖြစ်ပြီး အများ ပြည်သူသိရှိရန်အတွက် တားမြစ်ချက်များကို ဗီနိုင်းပိုစတာများဖြင့် ချိတ်ဆွဲအသိပေးသွားမည်ဖြစ်ကြောင်း ဘုရား ကြီးဂေါပကအဖွဲ့မှ  ဥက္ကဋ္ဌဦးစိုးလွင်က ဒီဇင်ဘာ ၅ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS